ယောရှု 10:3Judson Bibleထိုအခါ ယေရုရှလင်မင်းကြီး အဒေါနိဇေဒက်သည်၊ ဟေဗြုန်မင်းကြီးဟောဟံ၊ ယာမုတ်မင်းကြီးပိရံ၊ လာခိရှမင်းကြီးယာဖျာ၊ ဧဂလုန်မင်းကြီးဒေပိရတို့ထံသို့ စေလွှတ်၍၊ အခန်းကိုကြည့်ပါ။ |
နောက်တစ်ဖန် အာရှုရိရှင်ဘုရင်သည် တာတန်၊ ရာဗသာရိတ်၊ ရာဗရှာခတို့ကို များစွာသော ဗိုလ်ခြေနှင့်တကွ၊ လာခိရှမြို့မှ ယေရုရှလင်မြို့၊ ဟေဇကိမင်းကြီးထံသို့ စေလွှတ်သဖြင့်၊ သူတို့သည် ရောက်သောအခါ၊ ခဝါသည်၏ လယ်နားမှာလျှောက်သောလမ်း၊ အထက်ရေကန်ပြွန်ဝ၌ ရပ်နေကြ၏။
ယောရှုသည် ယေရိခေါမြို့နှင့် မင်းကြီးကို ပြုသကဲ့သို့၊ အာဣမြို့နှင့် မင်းကြီးကို တိုက်ယူ၍ ရှင်းရှင်းဖျက်ဆီးကြောင်းကိုလည်းကောင်း၊ ဂိဗောင်မြို့သားတို့သည် ဣသရေလအမျိုးသားတို့နှင့် မိတ်သဟာယဖွဲ့၍ အတူနေကြောင်းကိုလည်းကောင်း၊ ယေရုရှလင်မင်းကြီး အဒေါနိဇေဒက်သည် ကြားသောအခါ၊