Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 10:26

Judson Bible

ထို​မင်း​ကြီး​တို့​ကို ဓား​နှင့်​ကွပ်​မျက်၍ သစ်​ပင်​ငါး​ပင်​တို့၌ ဆွဲ​ထား​လေ၏။ ညဉ့်​ဦး​တိုင်​အောင် သစ်​ပင်၌​ဆွဲ​ထား​ပြီး​မှ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သား​ခု​နစ်​ယောက်​တို့​ကို ကျွန်​တော်​တို့​လက်​သို့​အပ်​တော်​မူ​ပါ။ ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​တော်​မူ​သော ရှော​လု​နေ​ရာ​ဂိ​ဗာ​မြို့၌ ထို​သူ​တို့​ကို ကျွန်​တော်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​ဆွဲ​ထား​ပါ​မည်​ဟု လျှောက်​သော်၊ ရှင်​ဘု​ရင်​က ငါ​အပ်​မည်​ဟု မိန့်​တော်​မူ၏။

ဂိ​ဗောင်​လူ​တို့​လက်​သို့​အပ်​သ​ဖြင့်၊ သူ​တို့​သည် တောင်​ပေါ်​တွင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ဆွဲ​ထား၍၊ ထို​သူ​ခု​နစ်​ယောက်​တို့​သည် မု​ယော​စ​ပါး​ရိတ်​စ​ကာ​လ၊ တစ်​နေ့​ချင်း​တွင် အ​သေ​သတ်​ခြင်း​ကို​ခံ​ရ၍ တစ်​ပြိုင်​နက်​သေ​ကြ၏။

ထို​အ​မှု​ကို စစ်​ကြော၍ အ​မှန်​သိ​သော​အ​ခါ၊ ထို​သူ​နှစ်​ယောက်​တို့​ကို သစ်​ပင်၌ လည်​ဆွဲ​ချ​ပြီး​မှ၊ ရှင်​ဘု​ရင်​ရှေ့၊ နန်း​တော်​မှတ်​စာ၌ ရေး​မှတ်​သ​တည်း။

သူ​တို့​သည် အော်​ဟစ်​ကြ​သော​အ​ခါ၊ ကယ်​တင်​သော​သူ မ​ရှိ။ ထာ​ဝ​ရ​ဘု​ရား​ကို အော်​ဟစ်​သော်​လည်း ထူး​တော်​မ​မူ။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ​သည်​ပြင်း​စွာ​သော အ​မျက်​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး​မှ​လွဲ​စေ​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​မင်း​အ​ပေါင်း​တို့​ကို​ခေါ်၍၊ ပြစ်​မှား​သော​သူ​တို့​ကို ဘု​ရား​ရှေ့​မှာ​ထင်​ရှား​စွာ ဆွဲ​ထား​လော့​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။

ထို​လူ​အ​ပေါင်း​တို့​က သူ၏​အ​သွေး​သည် ငါ​တို့၏ ခေါင်း​ပေါ်၌​လည်း​ကောင်း၊ သား​မြေး​တို့​ခေါင်း​ပေါ်၌​လည်း​ကောင်း တည်​ရှိ​ပါ​စေ​ဟု ပြန်​ပြော​ကြ၏။-

ထို​နေ့​သည် အ​ဖိတ်​နေ့​ဖြစ်၍၊ နက်​ဖြန်​နေ့​လည်း ကြီး​မြတ်​သော​ဥ​ပုသ်​နေ့​ဖြစ်​သည်​ကို ယု​ဒ​လူ​တို့​သည် ထောက်၍၊ အ​လောင်း​ကောင်​တို့​ကို ဥ​ပုသ်​နေ့၌ လက်​ဝါး​ကပ်​တိုင်​ပေါ်​မှာ မ​ရှိ​စေ​ခြင်း​ငှာ ပိ​လတ်​မင်း​ထံ​သို့​ဝင်​ပြီး​လျှင်၊ ခြေ​ကို​ချိုး၍ ထို​အ​လောင်း​ကောင်​တို့​ကို ယူ​သွား​ရ​မည်​အ​ကြောင်း အ​ခွင့်​တောင်း​ကြ၏။-

ထို​ကြောင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ပ​ညတ်​တ​ရား​အား​ဖြင့် အ​ဘယ်​သူ​မျှ ဖြောင့်​မတ်​ရာ​သို့ မ​ရောက်​နိုင်​ဟု ထင်​ရှား​လျက်​ရှိ၏။ သစ်​တိုင်၌ ဆွဲ​ထား​ခြင်း ခံ​ရ​သော​သူ​တိုင်း ကျိန်​ခြင်း​ကို ခံ​ရ​သော​သူ​ဖြစ်​သည်​ဟု ကျမ်း​စာ​လာ​သည်​နှင့် အ​ညီ၊ ခ​ရစ်​တော်​သည် ငါ​တို့​အ​တွက်​ကြောင့် ကျိန်​ခြင်း​ကို ခံ​ရ​သော​သူ​ဖြစ်၍၊ ငါ​တို့​ကို ပ​ညတ်​တ​ရား၏​ကျိန်​ခြင်း​မှ ရွေး​နုတ်​တော်​မူ​ပြီ။-

အာ​ဣ​မင်း​ကြီး​ကို ညဉ့်​ဦး​တိုင်​အောင် သစ်​ပင်​တွင်​ဆွဲ​ထား၍၊ မိုး​ချုပ်​သော​အ​ခါ၊ ယော​ရှု​စီ​ရင်​သည်​အ​တိုင်း၊ အ​သေ​ကောင်​ကို သစ်​ပင်​က​ချ​ပြီး​လျှင် မြို့​တံ​ခါး​ဝ၌​ပစ်​ထား၍၊ အ​သေ​ကောင်​အ​ပေါ်၌ များ​စွာ​သော ကျောက်​တို့​ကို စု​ပုံ​ကြ၏။ ထို​ကျောက်​ပုံ​သည် ယ​နေ့​တိုင်​အောင်​ရှိ၏။

ဇေ​ဘ​ဟ​နှင့် ဇာ​လ​မု​န္န​တို့​က​လည်း၊ ကိုယ်​တော်​တိုင်​ထ၍ ငါ​တို့​ကို လုပ်​ကြံ​လော့။ လူ​ဖြစ်​သ​ကဲ့​သို့ သူ့​အ​စွမ်း​သ​တ္တိ ဖြစ်​တတ်​သည်​ဟု​ဆို​လျှင်၊ ဂိ​ဒေါင်​သည်​ထ၍ ဇေ​ဘ​ဟ​နှင့် ဇာ​လ​မု​န္န​ကို သတ်​သ​ဖြင့်၊ သူ​တို့​ကု​လား​အုတ်၏ လည်​ပင်း၌​ဆင်​သော တန်​ဆာ​တို့​ကို ချွတ်​ယူ​လေ၏။

ရှ​မွေ​လ​က၊ မိန်း​မ​များ​တို့​သည် သင်၏​ဓား​ကြောင့် သား​ဆုံး​သ​ကဲ့​သို့၊ သင်၏​အ​မိ​သည် သား​ဆုံး​သော မိန်း​မ​ဖြစ်​ရ​မည်​ဟု​ဆို​လျက်၊ ဂိ​လ​ဂါ​လ​မြို့​မှာ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အာ​ဂတ်​ကို အ​ပိုင်း​ပိုင်း ဖြတ်​စေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ