Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 10:13

Judson Bible

ဣ​သ​ရေ​လ​လူ​တို့​သည် ရန်​သူ​တို့​အား အ​ပြစ်​ဒဏ်​မ​ပေး​မီ​တိုင်​အောင် နေ​သည် ငြိမ်​ဝပ်​စွာ​နေ၍ လ​သည်​ရပ်​လေ၏။ ယာ​ရှာ၏​စာ၌​ပါ​သည်​ကား၊ မိုး​ကောင်း​ကင်​အ​လယ်၌ နေ​သည်​ရပ်​နေ၏။ ဝင်​မြဲ​ဝင်​အံ့​သော​ငှာ တစ်​နေ့​လုံး​အ​လျှင်း​မ​ပြု​ဟု ပါ​သည်​မ​ဟုတ်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

29 ပူးပေါင်းရင်းမြစ်များ  

ယု​ဒ​အ​မျိုး​သား​တို့​အား သင်​စေ​သော လေး​သီ​ချင်း​တည်း​ဟူ​သော ယာ​ရှာ​စာ၌​ပါ​သော သီ​ချင်း​စ​ကား ဟူ​မူ​ကား၊

ဟေ​ဇ​ကိ​က၊ အ​ရိပ်​သည် ဆယ်​ချက်​တိုး​လွယ်၏။ ထို​သို့​အ​လို မ​ရှိ။ ဆယ်​ချက်​ဆုတ်​ပါ​စေ​ဟု ပြန်​ပြော၏။

ဤ​ရွေ့​ကား၊ ယု​ဒ​လူ​တို့​သည် ထို​နေ့​ရက်​တွင် ရန်​သူ​တို့​ကို ရန်​တုံ့​ပြု​စေ​ခြင်း​ငှာ၊ အ​တိုင်း​တိုင်း အ​ပြည်​ပြည်၌​နေ​သော လူ​မျိုး​အ​ပေါင်း​တို့​အား ကြော်​ငြာ​ရ​သော အ​မိန့်​တော်​စာ​ချက် ဖြစ်​သ​တည်း။

နေ​ကို​မှာ​ထား​တော်​မူ၍ သူ​သည်​မ​ထွက်​ရ။ ကြယ်​တို့​ကို​လည်း ကွယ်​ထား​တော်​မူ၏။

နေ​လ​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​လော့။ ထွန်း​လင်း​သော ကြယ်​အ​ပေါင်း​တို့၊ ချီး​မွမ်း​ကြ​လော့။

သူ​တို့၏​အ​သံ​သည် မြေ​တစ်​ပြင်​လုံး၌​နှံ့​ပြား၍၊ သူ​တို့၏​စ​ကား​သည် မြေ​ကြီး​စွန်း​တိုင်​အောင် ရောက်​လေ၏။

လ​သည်​လည်း မျက်​နှာ​ပျက်​လိမ့်​မည်။ နေ​သည်​လည်း အ​ရှက်​ကွဲ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ဇိ​အုန်​တောင်​ပေါ်​မှာ ယေ​ရု​ရှ​လင်​မြို့၌ မင်း​ပြု၍၊ အ​သက်​ကြီး​သူ​တို့​ရှေ့​တွင် ဘုန်း​ကြီး​တော်​မူ​လ​တ္တံ့။

ကြည့်​ရှု​လော့။ အာ​ခတ်၏ နေ​တိုင်း​နာ​ရီ​ပေါ်​မှာ ရွေ့​သော​အ​ရိပ်​ကို ဆယ်​ချက်​ပြန်​စေ​မည်​ဟု ဆို၏။ ဆို​သည်​အ​တိုင်း ဆယ်​ချက်​ရွေ့​ပြီး​သော​အ​ရိပ်​သည် ဆယ်​ချက်​ပြန်​လေ၏။

သူ​တို့​ရှေ့​မှာ မြေ​ကြီး​လှုပ်​လိမ့်​မည်။ မိုး​ကောင်း​ကင်​လည်း တုန်​ခိုက်​လိမ့်​မည်။ နေ​နှင့် လ​သည် မိုက်၍၊ ကြယ်​တို့​သည် မ​ထွန်း​လင်း​ဘဲ နေ​ကြ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား၏ ကြောက်​မက်​ဖွယ်​သော နေ့​ကြီး​မ​တိုင်​မီ၊ နေ​သည် မှောင်​မိုက်​အ​တိ ဖြစ်​လိမ့်​မည်။ လ​သည်​လည်း သွေး​ဖြစ်​လိမ့်​မည်။

နေ​နှင့် လ​သည် မိုက်​လိမ့်​မည်။ ကြယ်​တို့​သည်​လည်း မ​ထွန်း​လင်း​ဘဲ နေ​ကြ​လိမ့်​မည်။

နေ​နှင့် လ​သည် မိ​မိ​တို့​နေ​ရာ၌ ရပ်၍ နေ​ပါ၏။ သူ​တို့ အ​လင်း၌ မြား​တော်​တို့​သည် သွား၍၊ သူ​တို့​ရောင်​ခြည်၌ လှံ​တော်​သည်​လည်း လျှပ်​စစ်​ပြက်​ပါ၏။

ထို​သို့​နှင့်​အ​ညီ၊ ထာ​ဝ​ရ​ဘု​ရား​စစ်​တိုက်​စာ၌​ကား၊ ဇာ​ရက်​အ​ရပ်၊ သု​ပ​အ​ရပ်၊ အာ​နုန်​ချောင်း​တို့၊

ထို​ကာ​လ၏ ဒု​က္ခ​ဆင်း​ရဲ​ခြင်း​နောက် ရုတ်​ခ​နဲ နေ​သည်​မိုက်​လိမ့်​မည်။ လ​သည် အ​ရောင်​ကို​မ​ပေး။ ကြယ်​တို့​သည် ကောင်း​ကင်​မှ ကျ​ကြ​လိမ့်​မည်။ ကောင်း​ကင်​တန်​ခိုး​တို့​သည် တုန်​လှုပ်​ကြ​လိမ့်​မည်။-

အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည်၊ ကောင်း​သော​သူ မ​ကောင်း​သော​သူ​တို့​အ​ပေါ်၌ ကိုယ်​တော်၏​နေ​ကို ထွက်​စေ​တော်​မူ၏။ ဖြောင့်​မတ်​သော​သူ မ​ဖြောင့်​မတ်​သော​သူ​တို့ အ​ပေါ်၌ မိုး​ကို ရွာ​စေ​တော်​မူ၏။-

ဘု​ရား​သ​ခင် ရွေး​ကောက်​တော်​မူ​သော သူ​တို့​သည် ည​နေ့​မ​ပြတ် အော်​ဟစ်၍ တောင်း​လျှောက်​လျှင်၊ ဘု​ရား​သ​ခင်​သည် သူ​တို့​ဘက်၌ တ​ရား​မ​စီ​ရင်​ဘဲ နေ​တော်​မူ​မည်​လော။ ကြာ​မြင့်​စွာ သည်း​ခံ​တော်​မူ​မည်​လော။-

ထာ​ဝ​ရ​ဘု​ရား၏ ထူး​မြတ်​သော​နေ့​ကြီး​မ​တိုင်​မီ၊ နေ​သည် မှောင်​မိုက်​အ​တိ​ဖြစ်​လိမ့်​မည်။ လ​သည်​လည်း သွေး​ဖြစ်​လိမ့်​မည်။-

ထို​သူ​တို့​သည် ဣ​သ​ရေ​လ​လူ​တို့​ရှေ့​မှာ​ပြေး၍ ဗေ​သော​ရုန်​မြို့​သို့ ဆင်း​သွား​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ကောင်း​ကင်​မှ ကြီး​စွာ​သော မိုး​သီး​ကို အ​ဇေ​ကာ​မြို့​တိုင်​အောင် သူ​တို့​အ​ပေါ်၌ ချ​တော်​မူ၍၊ သူ​တို့​သည် ဣ​သ​ရေ​လ​လူ​တို့၏ ဓား​ကြောင့်​သေ​သည်​ထက် မိုး​သီး​ကြောင့် သာ၍​သေ​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​သည် လူ​စ​ကား​ကို နား​ထောင်၍၊ ထို​သို့​သော​နေ့​တစ်​နေ့​မျှ မ​ဖြစ်​စ​ဖူး။ နောက်​တစ်​ဖန်​လည်း​မ​ဖြစ်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ဘက်​မှာ စစ်​တိုက်​တော်​မူ၏။

ထို​မြို့​သည် နေ၏​အ​ရောင်၊ လ၏​အ​ရောင်​ကို အ​လို​မ​ရှိ။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်၏ ဘုန်း​တော်​သည် ထို​မြို့​ကို လင်း​စေ၏။ သိုး​သ​ငယ်​သည်​လည်း ထို​မြို့၏ ဆီ​မီး​ဖြစ်၏။-

သူ​တို့​က​လည်း၊ သန့်​ရှင်း​ဟုတ်​မှန်၍ အ​စိုး​ပိုင်​တော်​မူ​သော​အ​ရှင်၊ မြေ​ပေါ်​မှာ​နေ​သော သူ​တို့​သည် ငါ​တို့​အ​သွေး​ကို သွန်း​ကြ​သော အ​ပြစ်​နှင့်​အ​လျောက် ဒဏ်​မ​ပေး​ဘဲ အ​ဘယ်​မျှ​လောက်​ကာ​လ​ပတ်​လုံး နေ​တော်​မူ​မည်​နည်း​ဟု ကြီး​မား​သော​အ​သံ​နှင့် ကြွေး​ကြော်​ကြ၏။-

ဆ​ဋ္ဌ​မ​တံ​ဆိပ်​ကို ဖွင့်​သော​အ​ခါ ငါ​ကြည့်​လျှင် ကြီး​စွာ​သော မြေ​လှုပ်​ခြင်း​ဖြစ်၏။ နေ​သည် အ​မွေး​ဖြင့်​ရက်​သော အ​ဝတ်​ကြမ်း​ကဲ့​သို့ မည်း၏။ လ​အ​လုံး​သည် အ​သွေး​ကဲ့​သို့ ဖြစ်၏။-

စ​တု​တ္ထ​ကောင်း​ကင်​တ​မန်​သည် တံ​ပိုး​မှုတ်​သော​အ​ခါ၊ နေ​သုံး​စု​တစ်​စု၊ လ​သုံး​စု​တစ်​စု၊ ကြယ်​သုံး​စု​တစ်​စု​ကြတ်၍ သုံး​စု​တစ်​စု မိုက်​လေ၏။ နေ့​သုံး​စု​တစ်​စု၊ ည​သုံး​စု​တစ်​စု​သည် အ​လင်း​မ​ရှိ၊-

ရှံ​ဆုန်​က​လည်း၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို အောက်​မေ့​တော်​မူ​ပါ။ အ​ကျွန်ုပ်​မျက်​စိ​နှစ်​ဖက်​ကို ဖောက်​သော ဖိ​လိ​တ္တိ​လူ​တို့၌ တစ်​ပြိုင်​နက်​အ​ပြစ်​ဒဏ် ပေး​နိုင်​မည်​အ​ကြောင်း၊ ယ​ခု​တစ်​ကြိမ်​မျှ​သာ ခွန်​အား​ကို ပြန်​ပေး​တော်​မူ​ပါ​ဘု​ရား​ဟု ထာ​ဝ​ရ​ဘု​ရား​အား ဆု​တောင်း​ပြီး​မှ၊

ဣ​သ​ရေ​လ​အ​မျိုး၌ မင်း​တို့​သည် အ​ဦး​ပြု​သော​ကြောင့်​လည်း​ကောင်း၊ ဆင်း​ရဲ​သား​တို့​သည် စေ​တ​နာ​စိတ်​နှင့် မိ​မိ​ကိုယ်​ကို လှူ​သော​ကြောင့်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ