Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 1:18

Judson Bible

အာ​ဏာ​တော်​ကို​ဆန်၍၊ မှာ​ထား​တော်​မူ​သ​မျှ​သော​စ​ကား​ကို နား​မ​ထောင်​သော​သူ မည်​သည်​ကား၊ အ​သေ​သတ်​ခြင်း​ကို ခံ​စေ​ရ​မည်။ သို့​ဖြစ်၍ အား​ယူ​တော်​မူ​ပါ။ ရဲ​ရင့်​ခြင်း​ရှိ​တော်​မူ​ပါ​ဟု ယော​ရှု​အား​ပြန်​လျှောက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ထ​တော်​မူ​ပါ။ ဤ​အ​မှု​ကို ကိုယ်​တော်​ဆိုင်​ပါ၏။ အ​ကျွန်ုပ်​တို့​သည်​လည်း ဝိုင်း၍ မ​စ​ကြ​ပါ​မည်။ ရဲ​ရင့်​သော စိတ်​ရှိ၍ ပြု​တော်​မူ​ပါ​ဟု ဧ​ဇ​ရ​အား ပြန်​ပြော​ကြ​လျှင်၊

ထို​မှ​တစ်​ပါး ငါ၏​အ​အုပ်​အ​ချုပ်​ကို မ​ခံ​လို​သော ငါ့​ရန်​သူ​တို့​ကို ခေါ်​ခဲ့​ကြ။ ငါ့​ရှေ့​မှာ​သတ်​ကြ​ဟု စီ​ရင်​တော်​မူ​သည်​ဟု မိန့်​တော်​မူ၏။

သင်​တို့​သည် သ​တိ​နှင့် စောင့်​နေ​ကြ​လော့။ ယုံ​ကြည်​ခြင်း၌ တည်​ကြ​လော့။ ယောက်ျား အ​စွမ်း​သ​တ္တိ​နှင့်​တ​ကွ ခွန်​အား​စုံ​လင်​လျက် နေ​ကြ​လော့။-

ကြွင်း​သေး​သော စ​ကား​ဟူ​မူ​ကား၊ ညီ​အစ်​ကို​တို့၊ သ​ခင်​ဘု​ရား​အား​ဖြင့်​လည်း​ကောင်း၊ တန်​ခိုး​တော်​အ​ရှိန် အား​ဖြင့်​လည်း​ကောင်း၊ ခိုင်​ခံ့​ခြင်း​ရှိ​ကြ​လော့။-

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အ​မှု​တော်​ကို​စောင့်​သော ယဇ်​ပု​ရော​ဟိတ်၊ တ​ရား​သူ​ကြီး​စ​ကား​ကို နား​မ​ထောင်​ဘဲ ရဲ​ရင့်​စွာ​ပြု​သော​သူ​ကို အ​သေ​သတ်​သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​မှ ဒု​စ​ရိုက်​ကို​ပယ်​ရ​မည်။

သင်​တို့​သည် မိန့်​တော်​မူ​သော​သူ၏ စ​ကား​တော်​ကို မ​ငြင်း​မ​ပယ်​မည်​အ​ကြောင်း သ​တိ​ပြု​ကြ​လော့။ မြေ​ကြီး​ပေါ်​မှာ ဗျာ​ဒိတ်​တော်​ကို ဆင့်​ဆို​သော​သူ၏​စ​ကား​ကို ငြင်း​ပယ်​သော​သူ​တို့​သည် အ​ပြစ်​မ​လွတ်​ရ​သည်​မှန်​လျှင်၊ ထို​မျှ​မ​က၊ ကောင်း​ကင်​ဘုံ​က မိန့်​တော်​မူ​သော​သူ၏ စ​ကား​ကို ငါ​တို့​သည် နား​မ​ထောင်​ဘဲ​နေ​လျှင်၊ သာ၍​ကြီး​စွာ​သော​အ​ပြစ်​နှင့် အ​ဘယ်​သို့ ကင်း​လွတ်​နိုင်​မည်​နည်း။-

အ​ရာ​ရာ​တို့၌ မော​ရှေ၏​စ​ကား​ကို​နား​ထောင်​သည်​နည်း​တူ ကိုယ်​တော်​စ​ကား​ကို​လည်း နား​ထောင်​ပါ​မည်။ သို့​ဖြစ်၍ ကိုယ်​တော်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့်​အ​တူ​ရှိ​သ​ကဲ့​သို့ ကိုယ်​တော်​နှင့်​အ​တူ ရှိ​တော်​မူ​ပါ​စေ​သော။

သင့်​ကို ငါ​မှာ​ထား​သည်​မ​ဟုတ်​လော။ အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​လော့။ မ​ကြောက်​နှင့်၊ စိတ်​မ​ပျက်​နှင့်။ သွား​လေ​ရာ​ရာ၌ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှိ​သည်​ဟု မိန့်​တော်​မူ၏။

နုန်၏​သား​ယော​ရှု​သည် သူ​လျှို​နှစ်​ယောက်​ကို ရှိ​တ္တိမ်​မြို့​မှ တိတ်​ဆိတ်​စွာ​စေ​လွှတ်​လျက်၊ ခါ​နာန်​ပြည် ယေ​ရိ​ခေါ​မြို့​ကို​သွား၍ ကြည့်​ရှု​ကြ​လော့​ဟု မှာ​ထား​လိုက်​သည်​အ​တိုင်း၊ သူ​တို့​သည်​သွား​ပြီး​လျှင် ရာ​ခပ်​အ​မည်​ရှိ​သော ပြည့်​တန်​ဆာ​မိန်း​မ​အိမ်​သို့ ဝင်၍​နေ​လေ၏။

ဣ​သ​ရေ​လ​လူ​တို့​က​လည်း၊ ရှော​လု​သည် ငါ​တို့​ကို အုပ်​စိုး​ရ​မည်​လော​ဟု ဆို​မိ​သော​သူ​ကား အ​ဘယ်​သူ​နည်း။ ထို​သို့​ဆို​မိ​သော​သူ​တို့​ကို​ခေါ်၍ သတ်​ကြ​ကုန်​အံ့​ဟု ရှ​မွေ​လ​အား​ဆို​ကြ​သော်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ