Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 1:17

Judson Bible

အ​ရာ​ရာ​တို့၌ မော​ရှေ၏​စ​ကား​ကို​နား​ထောင်​သည်​နည်း​တူ ကိုယ်​တော်​စ​ကား​ကို​လည်း နား​ထောင်​ပါ​မည်။ သို့​ဖြစ်၍ ကိုယ်​တော်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့်​အ​တူ​ရှိ​သ​ကဲ့​သို့ ကိုယ်​တော်​နှင့်​အ​တူ ရှိ​တော်​မူ​ပါ​စေ​သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော် ကျွန်​မ​က​လည်း၊ ငါ့​သ​ခင်​အ​ရှင်​မင်း​ကြီး၏ အ​မိန့်​တော်​ကြောင့် ချမ်း​သာ​ရ​မည်။ ဘု​ရား​သ​ခင်၏​ကောင်း​ကင်​တ​မန်​ကဲ့​သို့ ငါ့​သ​ခင်​အ​ရှင်​မင်း​ကြီး​သည် ကောင်း​မ​ကောင်း​ကို ပိုင်း​ခြား၍ သိ​တော်​မူ၏​ဟု အောက်​မေ့​ပါ၏။ ကိုယ်​တော်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​နှင့်​အ​တူ ရှိ​တော်​မူ​လိမ့်​မည်​ဟု လျှောက်​လေ၏။

ထာ​ဝ​ရ​ဘု​ရား​သည် အ​ရှင်​မင်း​ကြီး​ဘက်​မှာ ရှိ​တော်​မူ​သည်​နည်း​တူ ရှော​လ​မုန်​ဘက်​မှာ ရှိ​တော်​မူ​ပါ​စေ​သော။ အ​ရှင်​မင်း​ကြီး​ဒါ​ဝိဒ်၏ ရာ​ဇ​ပ​လ္လင်​ထက် သား​တော်၏​ရာ​ဇ​ပ​လ္လင်​သည် သာ၍​ဘုန်း​ကြီး​မည်​အ​ကြောင်း စီ​ရင်​တော်​မူ​ပါ​စေ​သော​ဟု ရှင်​ဘု​ရင်​ကို ပြန်​လျှောက်​လေ၏။

သား​တော်​ရှော​လ​မုန်​အား​လည်း၊ သင်​သည် အား​ယူ၍ ရဲ​ရင့်​သော​စိတ်​နှင့် လုပ်​ဆောင်​လော့။ မ​စိုး​ရိမ်​နှင့်။ စိတ်​မ​ပျက်​နှင့်။ ငါ၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် သင်​နှင့်​အ​တူ ရှိ​တော်​မူ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​မှု​ကို ဆောင်​ရွက်​ရာ​ဖို့ လုပ်​ဆောင်၍ လက်​စ​မ​သတ်​မီ​တိုင်​အောင် သင့်​ကို စွန့်​တော်​မ​မူ။ ပစ်​ထား​တော်​မ​မူ။

ဘေး​အ​န္တ​ရာယ်​ရောက်​သော​ကာ​လ၌၊ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​စ​ကား​ကို​နား​ထောင်၍၊ ယာ​ကုပ်၏ ဘု​ရား​သ​ခင်​နာ​မ​တော်​သည် ချီး​မြှောက်​တော်​မူ​ပါ​စေ​သော။

ကိုယ်​တော်၏​စိတ်​အ​လို​ရှိ​သည်​အ​တိုင်း ပေး​သ​နား၍၊ အ​ကြံ​အ​စည်​တော်​ရှိ​သ​မျှ​တို့​ကို ပြည့်​စုံ​စေ​ခြင်း​ငှာ ပြု​တော်​မူ​ပါ​စေ​သော။

အ​ကျွန်ုပ်​တို့​ခေါ်​သော​အ​ခါ နား​ထောင်​တော်​မူ​ပါ။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဝိ​ညာဉ်​တော်​ကို​ရ​သော နုန်၏​သား​ယော​ရှု​ကို​ခေါ်၍၊ သင်၏​လက်​ကို သူ့​အ​ပေါ်​မှာ​တင်​လော့။

ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည်၊ သူ၏​စ​ကား​ကို နား​ထောင်​မည်​အ​ကြောင်း၊ သင်၏​ဘုန်း​အ​သ​ရေ​အ​ချို့​ကို သူ့​အ​ပေါ်၌​တင်​ထား​လော့။

ရှေ့​နောက်​လိုက်​သွား​သော အ​ခြံ​အ​ရံ​များ​တို့​က ဒါ​ဝိဒ်၏​သား​တော်​အား ဟော​ရှ​ဏ္ဏ​ဖြစ်​စေ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား၏​အ​ခွင့်​နှင့် ကြွ​လာ​တော်​မူ​သော​သူ​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း။ ကောင်း​ကင်​ဘ​ဝဂ်​ဝယ် ဟော​ရှ​ဏ္ဏ ဖြစ်​စေ​သ​တည်း​ဟု ကြွေး​ကြော်​ကြ၏။-

မော​ရှေ​အ​တွက် ငို​ကြွေး​မြည်​တမ်း​သော နေ့​ရက်​ကာ​လ​လွန်​ပြီး​မှ၊ နုန်၏​သား​ယော​ရှု​သည် အ​ထက်​က မော​ရှေ၏​လက်​တင်​မင်္ဂ​လာ​ကို ခံ​ရ​သ​ဖြင့်၊ ပ​ညာ​သ​ဘော​နှင့် ပြည့်​စုံ​သော​သူ​ဖြစ်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ယော​ရှု၏​စ​ကား​ကို​နား​ထောင်​လျက်၊ မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း ပြု​ကြ၏။

ထို​သူ​တို့​က​လည်း၊ ကိုယ်​တော်​မှာ​ထား​တော်​မူ​သ​မျှ​ကို ကျွန်​တော်​တို့​ပြု​ပါ​မည်။ စေ​လွှတ်​တော်​မူ​သ​မျှ​သော အ​ရပ်​သို့ သွား​ပါ​မည်။

အာ​ဏာ​တော်​ကို​ဆန်၍၊ မှာ​ထား​တော်​မူ​သ​မျှ​သော​စ​ကား​ကို နား​မ​ထောင်​သော​သူ မည်​သည်​ကား၊ အ​သေ​သတ်​ခြင်း​ကို ခံ​စေ​ရ​မည်။ သို့​ဖြစ်၍ အား​ယူ​တော်​မူ​ပါ။ ရဲ​ရင့်​ခြင်း​ရှိ​တော်​မူ​ပါ​ဟု ယော​ရှု​အား​ပြန်​လျှောက်​ကြ၏။

သင့်​အ​သက်​တည်​သည်​ကာ​လ​ပတ်​လုံး သင့်​ရှေ့​မှာ အ​ဘယ်​သူ​မျှ​မ​ခံ​မ​ရပ်​နိုင်​ရာ။ မော​ရှေ​နှင့်​အ​တူ ငါ​ရှိ​သ​ကဲ့​သို့ သင်​နှင့် အ​တူ​ငါ​ရှိ​လိမ့်​မည်။ ငါ​သည် သင့်​ကို​မ​စွန့်၊ သင့်​ကို​ပစ်၍​မ​ထား။

သင့်​ကို ငါ​မှာ​ထား​သည်​မ​ဟုတ်​လော။ အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​လော့။ မ​ကြောက်​နှင့်၊ စိတ်​မ​ပျက်​နှင့်။ သွား​လေ​ရာ​ရာ၌ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှိ​သည်​ဟု မိန့်​တော်​မူ၏။

ထို​နေ့၌ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ရှေ့​မှာ ယော​ရှု​ကို​ချီး​မြှင့်​တော်​မူ၍၊ သူ​တို့​သည် မော​ရှေ​ကို​ကြောက်​ရွံ့​သ​ကဲ့​သို့ ယော​ရှု​ကို​လည်း သူ၏​အ​သက်​တည်​သည်​ကာ​လ​ပတ်​လုံး ကြောက်​ရွံ့​ကြ၏။

ခြင်္သေ့​လက်၊ ဝံ​လက်​မှ ကျွန်​တော်​ကို ကယ်​နုတ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည်၊ ထို​ဖိ​လိ​တ္တိ​လူ​လက်​မှ ကယ်​နုတ်​တော်​မူ​လိမ့်​မည်​ဟု ရှော​လု​အား​လျှောက်​လေ​သော်၊ ရှော​လု​က သွား​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​အ​တူ ရှိ​တော်​မူ​ပါ​စေ​သော​ဟု ဒါ​ဝိဒ်​အား​ဆို​လေ၏။

သို့​မ​ဟုတ် ကျွန်ုပ်​အ​ဘ​သည် ဘေး​ပြု​ခြင်း​ငှာ အ​လို​ရှိ၍ သင်​သည် ငြိမ်​ဝပ်​စွာ​သွား​ရ​မည်​အ​ကြောင်း၊ ကျွန်ုပ် သ​တိ​မ​ပေး မ​လွှတ်​လိုက်​ဘဲ နေ​သော်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ထို​မျှ​မ​က ယော​န​သန်​ကို ပြု​တော်​မူ​စေ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​သည် ကျွန်ုပ်​အ​ဘ​နှင့် အ​တူ​ရှိ​ခဲ့​ပြီး​သ​ကဲ့​သို့ သင်​နှင့်​အ​တူ ရှိ​ပါ​စေ​သော။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ