Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 1:16

Judson Bible

ထို​သူ​တို့​က​လည်း၊ ကိုယ်​တော်​မှာ​ထား​တော်​မူ​သ​မျှ​ကို ကျွန်​တော်​တို့​ပြု​ပါ​မည်။ စေ​လွှတ်​တော်​မူ​သ​မျှ​သော အ​ရပ်​သို့ သွား​ပါ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထ​တော်​မူ​ပါ။ ဤ​အ​မှု​ကို ကိုယ်​တော်​ဆိုင်​ပါ၏။ အ​ကျွန်ုပ်​တို့​သည်​လည်း ဝိုင်း၍ မ​စ​ကြ​ပါ​မည်။ ရဲ​ရင့်​သော စိတ်​ရှိ၍ ပြု​တော်​မူ​ပါ​ဟု ဧ​ဇ​ရ​အား ပြန်​ပြော​ကြ​လျှင်၊

ဂဒ်​အ​မျိုး​သား​နှင့် ရု​ဗင်​အ​မျိုး​တို့​က၊ ကိုယ်​တော်​ကျွန်​တို့​သည် သ​ခင်​မိန့်​တော်​မူ​သည်​အ​တိုင်း ပြု​ပါ​မည်။

ဂဒ်​အ​မျိုး​သား​နှင့် ရု​ဗင်​အ​မျိုး​သား​တို့​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​ကျွန်​တို့​အား မိန့်​တော်​မူ​သည်​အ​တိုင်း၊ ကျွန်​တော်​တို့​သည် ပြု​ကြ​ပါ​မည်။

မော​ရှေ​အ​တွက် ငို​ကြွေး​မြည်​တမ်း​သော နေ့​ရက်​ကာ​လ​လွန်​ပြီး​မှ၊ နုန်၏​သား​ယော​ရှု​သည် အ​ထက်​က မော​ရှေ၏​လက်​တင်​မင်္ဂ​လာ​ကို ခံ​ရ​သ​ဖြင့်၊ ပ​ညာ​သ​ဘော​နှင့် ပြည့်​စုံ​သော​သူ​ဖြစ်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ယော​ရှု၏​စ​ကား​ကို​နား​ထောင်​လျက်၊ မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း ပြု​ကြ၏။

ကိုယ်​တော်​သည် အ​နီး​အ​ပါး​သို့ ချဉ်း​သွား၍၊ အ​ကျွန်ုပ်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သ​မျှ​ကို နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​အား​မိန့်​တော်​မူ​သ​မျှ​ကို ဆင့်​ဆို​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည်​နား​ထောင်၍ ပြု​ပါ​မည်​ဟု လျှောက်​ဆို​ကြ၏။

လူ​တို့​သည် အ​ထွတ်​အ​မြတ်​အာ​ဏာ​စက်၏ အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ မင်း၏​စ​ကား​ကို နား​ထောင်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကောင်း​သော​အ​မှု​အ​မျိုး​မျိုး​တို့​ကို ပြု၍ အ​သင့်​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊-

ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​နေ​ရာ​ချ​သည်​အ​တိုင်း၊ ညီ​အစ်​ကို​တို့​အား နေ​ရာ​ချ​တော်​မ​မူ​မီ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ပြည်​ကို သူ​တို့​သည် မ​သိမ်း​မ​ယူ​မီ​တိုင်​အောင်၊ သင်​တို့​တွင် ခွန်​အား​ကြီး​သော စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် လက်​နက်​ကိုင်​လျက်၊ သင်​တို့​ညီ​အစ်​ကို​များ​ရှေ့​မှာ ကူး၍​မ​စ​ရ​ကြ​မည်​ဟူ​သော စ​ကား​ကို အောက်​မေ့​ကြ​လော့။ ထို​နောက်​မှ ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​မော​ရှေ​သည် ယော်​ဒန်​မြစ် နေ​ထွက်​ရာ​ဘက်၌​ပေး၍၊ သင်​တို့​ပိုင်​သော​ပြည်​သို့ ပြန်၍​ဝင်​စား​ရ​ကြ​မည်​ဟု ပြော​ဆို၏။

အ​ရာ​ရာ​တို့၌ မော​ရှေ၏​စ​ကား​ကို​နား​ထောင်​သည်​နည်း​တူ ကိုယ်​တော်​စ​ကား​ကို​လည်း နား​ထောင်​ပါ​မည်။ သို့​ဖြစ်၍ ကိုယ်​တော်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့်​အ​တူ​ရှိ​သ​ကဲ့​သို့ ကိုယ်​တော်​နှင့်​အ​တူ ရှိ​တော်​မူ​ပါ​စေ​သော။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ