Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 1:11

Judson Bible

တပ်​တစ်​လျှောက်​လုံး​သို့ သွား​ကြ​လော့။ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အ​ပိုင်​ပေး​တော်​မူ​သော​ပြည်​ကို ဝင်​စား​ခြင်း​ငှာ၊ သုံး​ရက်​အ​တွင်း​တွင် ဤ​ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ ကူး​ရ​သော​ကြောင့် ရိ​က္ခာ​ကို ပြင်​ဆင်​ရ​ကြ​မည်​အ​ကြောင်း၊ လူ​များ​တို့​အား ဆင့်​ဆို​ကြ​လော့​ဟု မှာ​ထား​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

သင်​သည် ငါ့​လူ​တို့၏ ဗိုလ်​ချုပ်​ဟေ​ဇ​ကိ​မင်း​ထံ​သို့ တစ်​ဖန်​သွား​ပြီး​လျှင်၊ သင့်​အ​ဘ​ဒါ​ဝိဒ်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်၏​ပ​တ္ထ​နာ​စ​ကား​ကို ငါ​ကြား​ပြီ။ သင်၏​မျက်​ရည်​ကို​လည်း ငါ​မြင်​ပြီ။ သင်၏​အ​နာ​ကို ငါ​ပျောက်​စေ​သ​ဖြင့်၊ သင်​သည် သုံး​ရက်​လွန်​လျှင် ဗိ​မာန်​တော်​သို့​တက်​ရ​လိမ့်​မည်။

သုံး​ရက်​မြောက်​သော​နေ့​၌ အ​သင့်​ရှိ​နေ​စေ​လော့။ အ​ကြောင်း​မူ​ကား၊ သုံး​ရက်​မြောက်​သော​နေ့၌ ထာ​ဝ​ရ​ဘု​ရား​သည်​လူ​အ​ပေါင်း​တို့​ရှေ့၊ သိ​နာ​တောင်​ပေါ်​သို့ ဆင်း​သက်​တော်​မူ​မည်။

နှစ်​ရက်​လွန်​ပြီး​မှ ငါ​တို့​ကို အ​သက်​ရှင်​စေ၍၊ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​စေ​တော်​မူ​သ​ဖြင့်၊ အ​ထံ​တော်၌ ငါ​တို့​သည် အ​သက်​ရှင်​ကြ​လိမ့်​မည်။

သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ပြည်​ကို ဝင်​စား​ခြင်း​ငှာ၊ ယော်​ဒန်​မြစ်​တစ်​ဖက်​သို့​ကူး​သွား၍၊ ထို​ပြည်​ကို ဝင်​စား​လျက်​နေ​ရ​ကြ​မည်။

ထို​အ​ခါ ငါ​က၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဤ​မြေ​ကို သင်​တို့​အား​အ​ပိုင်​ပေး​တော်​မူ​ပြီ။ သို့​ရာ​တွင် စစ်​တိုက်​တတ်​သော​သူ​အ​ပေါင်း​တို့​သည် လက်​နက်​ကို​ကိုင်၍၊ သင်​တို့​ညီ​အစ်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​မှာ ကူး​သွား​ရ​ကြ​မည်။

အို ဣ​သ​ရေ​လ​အ​မျိုး၊ နား​ထောင်​လော့။ သင့်​ထက်​အား​ကြီး၍ များ​ပြား​သော​လူ​မျိုး​တို့​ကို​လည်း​ကောင်း၊ မိုး​ကောင်း​ကင်​ကို​ထိ​သော​မြို့​ရိုး​နှင့် ပြည့်​စုံ​သော မြို့​ကြီး​တို့​ကို​လည်း​ကောင်း၊

ထို​အ​ခါ ယော​ရှု​သည် ဗိုလ်​မင်း​များ​တို့​ကို​ခေါ်၍၊

ငါ၏​ကျွန်​မော​ရှေ​သည် အ​နိ​စ္စ​ရောက်​လေ​ပြီ။ သို့​ဖြစ်၍၊ သင်​နှင့် သင်၌​ပါ​သော ဤ​လူ​အ​ပေါင်း​တို့​သည် ယ​ခု​ထ၍ ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ ကူး​ကြ​လော့။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​ပေး​သော​ပြည်​ကို ဝင်​စား​ကြ​လော့။

သုံး​ရက်​စေ့​သော​အ​ခါ၊ တပ်​မှူး​တို့​သည် တပ်​တစ်​လျှောက်​လုံး​သို့​သွား၍၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ