Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​န 3:4

Judson Bible

ယော​န​သည် မြို့​ထဲ​သို့​ဝင်၍ တစ်​နေ့​ခ​ရီး​သွား​လျက်၊ အ​ရက်​လေး​ဆယ်​လွန်​သော်၊ နိ​နေ​ဝေ​မြို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​လိမ့်​မည်​ဟု ကြွေး​ကြော်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထို​ကာ​လ​အ​ခါ ဟေ​ဇ​ကိ​မင်း​သည်​သေ​နာ​စွဲ​သ​ဖြင့်၊ အာ​မုတ်​သား ပ​ရော​ဖက်​ဟေ​ရှာ​ယ​သည် လာ၍ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ကိုယ်​အိမ်​အ​မှု​ကို​စီ​ရင်​လော့။ သင်​သည် အ​သက်​မ​ရှင်၊ သေ​ရ​မည်​ဟု အ​မိန့်​တော်​ကို ပြန်​လေ၏။

သင့်​အ​သက်၌ တစ်​ဆယ်​ငါး​နှစ်​ကို ငါ​ဆက်၍​ပေး​မည်။ သင်​နှင့်​ဤ​မြို့​ကို အာ​ရှု​ရိ​ရှင်​ဘု​ရင်​လက်​မှ ငါ​ကယ်​လွှတ်​မည်။ ငါ့​မျက်​နှာ​ကို​လည်း​ကောင်း၊ ငါ့​ကျွန်​ဒါ​ဝိဒ်၏​မျက်​နှာ​ကို​လည်း​ကောင်း​ထောက်၍ ဤ​မြို့​ကို ကွယ်​ကာ​စောင့်​မ​မည်​အ​ရာ​ကို ပြော​လော့​ဟု မိန့်​တော်​မူ၏။

သို့​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့၌ ကျေး​ဇူး​ပြု​လို​သော​ငှာ မျှော်​လင့်​တော်​မူ​မည်။ က​ရု​ဏာ​ပြု​လို​သော​ငှာ ချီး​မြှောက်​ခြင်း​ကို ခံ​တော်​မူ​မည်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​သော​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။ ကိုယ်​တော်​ကို မျှော်​လင့်​သော​သူ အ​ပေါင်း​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။

အ​ကယ်​စင်​စစ် သင်​တို့​သည် ဤ​ပြည်၌​နေ​လျှင်၊ ငါ​သည် သင်​တို့​ကို မ​ဖြို​မ​ဖျက်၊ တည်​ဆောက်​မည်။ သင်​တို့​ကို မ​နုတ်၊ စိုက်​ပျိုး​မည်။ ငါ​သည် သင်​တို့၌​ရောက်​စေ​သော ဘေး​ဒဏ်​ကြော​င့် နောင်​တ​ရ၏။

မြို့​သား​တို့​သည် မိ​မိ​တို့​လိုက်​သော အ​ဓ​မ္မ​လမ်း​ကို​လွှဲ​ရှောင်၍၊ ကျင့်​သော​အ​ကျင့်​များ​ကို ဘု​ရား​သ​ခင်​သည် မြင်​လျှင်၊ အ​ရင်​ခြိမ်း​သော ဘေး​ဒဏ်​ကို မ​ပေး​ဘဲ​နေ​တော်​မူ၏။

တ​ရား​ဆုံး​ဖြတ်​တော်​မူ​သော​အ​ခါ၊ နိ​နေ​ဝေ​မြို့​သား​တို့​သည် ဤ​လူ​မျိုး​တစ်​ဖက်၌​ထ၍ အ​ရှုံး​ခံ​စေ​လ​တ္တံ့။ အ​ကြောင်း​မူ​ကား၊ ထို​မြို့​သား​တို့​သည် ယော​န​ဟော​ပြော​သော စ​ကား​ကြောင့် နောင်​တ​ရ​ကြ၏။ ဤ​အ​ရပ်၌​ကား၊ ယော​န​ထက်​သာ၍ ကြီး​မြတ်​သော​သူ​ရှိ၏။-

ယော​န​သည် နိ​နေ​ဝေ​မြို့​သား​တို့​အား နိ​မိတ်​လ​က္ခ​ဏာ​ဖြစ်​သ​ကဲ့​သို့ လူ​သား​သည် ဤ​လူ​မျိုး​အား ဖြစ်​လိမ့်​မည်။-

တ​ရား​ဆုံး​ဖြတ်​တော်​မူ​သော​အ​ခါ နိ​နေ​ဝေ​မြို့​သား​တို့​သည် ဤ​လူ​မျိုး​တစ်​ဖက်၌​ထ၍ အ​ရှုံး​ခံ​စေ​လ​တ္တံ့။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ယော​န​ဟော​ပြော​သော စ​ကား​ကြောင့် နောင်​တ​ရ​ကြ၏။ ဤ​အ​ရပ်၌​ကား ယော​န​ထက်​သာ၍ ကြီး​မြတ်​သော​သူ​ရှိ၏။

ပ​ရော​ဖက်​သည် ထာ​ဝ​ရ​ဘု​ရား၏​အ​ခွင့်​ကို​ဆောင်၍ ဟော​ပြော​သည်​အ​တိုင်း အ​မှု​မ​ဖြစ်၊ ဟော​ပြော​သော​စ​ကား မ​ပြည့်​စုံ​လျှင်၊ ထို​စ​ကား​ကို ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မ​မူ၊ ပ​ရော​ဖက်​သည် ရဲ​ရင့်​စွာ​ဟော​ပြော​ပြီ။ သူ့​ကို မ​ကြောက်​ရ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ