Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​န 2:2

Judson Bible

ငါ​သည် ဒု​က္ခ​ဆင်း​ရဲ​ကို ခံ​ရ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​ကို​ဟစ်​ခေါ်၍ ငါ့​စ​ကား​ကို ကြား​တော်​မူ၏။ မ​ရ​ဏ​နိုင်​ငံ၏​ဝမ်း​ထဲ​က ဟစ်​ခေါ်​သော စ​ကား​သံ​ကို နား​ထောင်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

26 ပူးပေါင်းရင်းမြစ်များ  

ထို​သို့​မ​နာ​ရှေ​သည် ဆင်း​ရဲ​ဒု​က္ခ​ကို ခံ​ရ​သော​အ​ခါ၊ မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​တောင်း​ပန်၍၊ ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင့်​ရှေ့​မှာ ကိုယ်​ကို အ​လွန်​နှိမ့်​ချ​လျက်၊

သေ​ခြင်း​ကြိုး​တို့​သည် ငါ့​ကို​ဝိုင်း၍ မ​ရ​ဏ​နိုင်​ငံ​ဘေး​တို့​သည် ငါ့​ကို​ဖမ်း​မိ​သ​ဖြင့်၊ ဆင်း​ရဲ​ဒု​က္ခ​ဝေ​ဒ​နာ​နှင့် ငါ​တွေ့​ကြုံ​ရ၏။

အ​ကျွန်ုပ်​သည် ဆင်း​ရဲ​ခံ​ရ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ကို​အော်​ဟစ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် နား​ထောင်​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ဝိ​ညာဉ်​ကို မ​ရ​ဏ​နိုင်​ငံ၌ ပစ်​ထား​တော်​မ​မူ။ ကိုယ်​တော်၏ သန့်​ရှင်း​သော​သူ​အား​လည်း ပုပ်​စပ်​ခြင်း​ကို​ရှိ​စေ​တော်​မ​မူ​ဘဲ​လျက်၊

အ​ကြောင်း​မူ​ကား၊ နှိမ့်​ချ​လျက်​ရှိ​သော​သူ၏ နှိမ့်​ချ​သော​အ​ဖြစ်​ကို မ​ထီ​မဲ့​မြင်​ပြု​တော်​မူ​သည် မ​ဟုတ်။ မျက်​နှာ​တော်​ကို​မ​လွှဲ၊ အော်​ဟစ်​သော​အ​ခါ နား​ထောင်​တော်​မူ​ပြီ။

ဤ​ဆင်း​ရဲ​သော​သူ၏ အော်​ဟစ်​ခြင်း​အ​သံ​ကို ထာ​ဝ​ရ​ဘု​ရား​သည် နား​ထောင်၍၊ ခပ်​သိမ်း​သော ဆင်း​ရဲ​ထဲ​က ကယ်​လွှတ်​တော်​မူ၏။

အ​ကျွန်ုပ်​ကို ဖြောင့်​မတ်​စေ​တော်​မူ​သော​ဘု​ရား၊ အ​ကျွန်ုပ်​ခေါ်​သော​အ​ခါ နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ဆင်း​ရဲ​စဉ်​တွင် ကိုယ်​တော်​သည် ချမ်း​သာ​ပေး​တော်​မူ​ပါ​ပြီ။ ယ​ခု​လည်း​သ​နား၍ အ​ကျွန်ုပ်၏​ပ​တ္ထ​နာ​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။

စိတ်​နှ​လုံး​ညှိုး​ငယ်​လျက် မြေ​ကြီး​စွန်း​မှ ကိုယ်​တော်​ကို အ​ကျွန်ုပ်​အော်​ဟစ်​ပါ၏။ အ​ကျွန်ုပ်​အ​ထက်၌ မြင့်​သော​ကျောက်​သို့ အ​ကျွန်ုပ်​ကို ပို့​ဆောင်​တော်​မူ​ပါ။

ပ​တ္ထ​နာ​စ​ကား​ကို နား​ထောင်​တော်​မူ​သော​ဘု​ရား၊ ကိုယ်​တော်​ထံ​သို့ လူ​သား​အ​ပေါင်း​တို့​သည် ချဉ်း​ကပ်​ရ​ကြ​လိမ့်​မည်။

အ​ကျွန်ုပ်​ခံ​ရ​သော က​ရု​ဏာ​တော်​ကြီး​လှ​ပါ၏။ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​ကို မ​ရ​ဏ​နိုင်​ငံ​အောက်​အ​ရပ်​ထဲ​က ကယ်​နုတ်​တော်​မူ​ပြီ။

သင်​သည် ရောက်​လာ​သော​အ​ခါ၊ အောက်​အ​ရပ် မ​ရ​ဏ​နိုင်​ငံ​သည် ကြို​ဆို​အံ့​သော​ငှာ လှုပ်​လေ၏။ သင်္ချိုင်း​သား​များ​နှင့် လော​ကီ​မင်း​များ​အ​ပေါင်း​တို့​ကို သင့်​အ​တွက်​ကြောင့် နှိုး​ဆော်​လေ၏။ အ​တိုင်း​တိုင်း အ​ပြည်​ပြည်​သော ရှင်​ဘု​ရင်​အ​ပေါင်း​တို့​ကို ရာ​ဇ​ပ​လ္လင်​တို့​မှ​ထ​စေ၏။

အို ထာ​ဝ​ရ​ဘု​ရား၊ နက်​သော​မြေ​တွင်း​ထဲ​က အ​ကျွန်ုပ်​သည် ကိုယ်​တော်၏​နာ​မ​ကို​ခေါ်​ပါ၏။

ရှေး​လူ​ဟောင်း​တို့​နေ​ရာ မြေ​တွင်း​ထဲ​သို့ ဆင်း​သော​သူ​တို့​နှင့်​အ​တူ သင့်​ကို​ငါ​နှိမ့်​ချ၍၊ သင်၌ လူ​မ​နေ​စေ​ခြင်း​ငှာ မြေ​တွင်း​ထဲ​သို့ ဆင်း​သော​သူ​တို့​နှင့်​အ​တူ၊ ရှေး​ကာ​လ​မှ​စ၍ ဆိတ်​ညံ​ရာ​အ​ရပ်၊ မြေ​အောက်​အ​ရပ်​တို့၌ ငါ​ချ​ထား​မည်။ ထို​အ​ခါ အ​သက်​ရှင်​သော​သူ​တို့၏ နေ​ရာ၌ ငါ့​ဘုန်း​ကို ငါ​ဖွင့်​မည်။

အ​ကြောင်း​မူ​ကား၊ ရေ​နား​မှာ​ရှိ​သ​မျှ​သော သစ်​ပင်​တို့​တွင် တစ်​ပင်​မျှ အ​ရပ်​မြင့်​သော​ကြောင့် မ​ဝါ​ကြွား။ ထူ​ထပ်​သော အ​ခက်​အ​လက်​တို့​တွင် မိ​မိ​ထိပ်​ဖျား​ကို မ​ချီး​မြှောက်​မည်​အ​ကြောင်း၊ ရေ​ကို​သောက်​သ​မျှ​သော အ​ပင်​တစ်​ပင်​မျှ အ​ရပ်​မြင့်​လျက် မ​ပြိုင်​ဝံ့​မည်​အ​ကြောင်း​တည်း။ ထို​အ​ပင်​အ​ပေါင်း​တို့​သည် မြေ​တွင်း​ထဲ​သို့​ဆင်း​တတ်​သော လူ​သား​တို့​နှင့်​အ​တူ သေ​ခြင်း​သို့​လည်း​ကောင်း၊ မြေ​အောက်​အ​ရပ်​သို့​လည်း​ကောင်း ရောက်​စေ​ခြင်း​ငှာ ငါ​အပ်​လေ​ပြီ။

ယော​န​သည် ငါး​ကြီး​ဝမ်း​ထဲ​မှာ သုံး​ရက်​နေ​ရ​သ​ကဲ့​သို့၊ လူ​သား​သည် မြေ​ကြီး​ထဲ​မှာ သုံး​ရက်​နေ​ရ​လ​တ္တံ့။-

တောင်း​သော​သူ​မည်​သည်​ကား ရ၏။ ရှာ​သော​သူ​လည်း တွေ့၏။ ခေါက်​သော​သူ​အား​လည်း တံ​ခါး​ကို ဖွင့်၏။-

ပြင်း​စွာ​သော​ဝေ​ဒ​နာ​ကို​ခံ​လျက် အ​ထူး​သ​ဖြင့်​ကြိုး​စား၍ ဆု​တောင်း​တော်​မူ၏။ ချွေး​ထွက်​တော်​မူ​သည်​ကား၊ မြေ​ပေါ်၌​ကျ​သော သွေး​စက်​ခဲ​ကဲ့​သို့ ဖြစ်​သ​တည်း။-

အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ဝိ​ညာဉ်​ကို မ​ရ​ဏ​နိုင်​ငံ၌​ပစ်​ထား​တော်​မ​မူ။ ကိုယ်​တော်၏ သန့်​ရှင်း​သော​သူ​အား​လည်း ပုပ်​စပ်​ခြင်း​ကို ရှိ​စေ​တော်​မ​မူ​ဘဲ​လျက်၊ အ​သက်​ရှင်​ခြင်း​လမ်း​ကို ပြ​ညွှန်​တော်​မူ​လိမ့်​မည်။-

ထို​ခ​ရစ်​တော်​သည် လူ​ဇာ​တိ​အ​ဖြစ်၌ နေ​စဉ်​ကာ​လ၊ သေ​ခြင်း​မှ ကယ်​လွှတ်​နိုင်​တော်​မူ​သော​သူ​ကို၊ ကြီး​စွာ​သော ကြွေး​ကြော်​ခြင်း၊ မျက်​ရည်​ကျ​ခြင်း​နှင့် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​သ​ဖြင့်၊ ကြောက်​ရွံ့​ရာ​အ​မှု၌ ချမ်း​သာ​ရ​သည်​ဖြစ်၍၊-

ကိုယ်​တော်၏​ကျွန်​မ​ကို အ​ဓ​မ္မ​မိန်း​မ ဟူ၍ မ​မှတ်​ပါ​နှင့်။ မြည်​တမ်း​စ​ရာ​အ​ကြောင်း၊ ဝမ်း​နည်း​စ​ရာ​အ​ကြောင်း များ​သည်​ဖြစ်၍၊ ယ​ခု​တိုင်​အောင် လျှောက်​နေ​ပါ​သည်​ဟု ပြန်​ပြော​သော်၊ ဧ​လိ​က၊ ငြိမ်​ဝပ်​စွာ​သွား​လော့။

ဒါ​ဝိဒ်​သည် အ​လွန်​စိတ်​ငြို​ငြင်​ဆင်း​ရဲ၏။ လူ​များ​တို့​သည် မိ​မိ​တို့ သား​သ​မီး​များ​ကြောင့် စိတ်​ညှိုး​ငယ်​သ​ဖြင့်၊ ဒါ​ဝိဒ်​ကို ကျောက်​ခဲ​နှင့် ပစ်​မည်​ဟု ဆို​ကြ၏။ ဒါ​ဝိဒ်​မူ​ကား မိ​မိ​ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​လျက်​နေ၍၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ