Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​န 1:4

Judson Bible

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း ပြင်း​စွာ​သော​လေ​ကို ပင်​လယ်​ပေါ်​သို့ စေ​လွှတ်​တော်​မူ​သ​ဖြင့်၊ ပင်​လယ်၌ ကြီး​စွာ​သော မိုး​သက်​မုန်​တိုင်း​ဖြစ်၍၊ သင်္ဘော​သည် ပျက်​လု​သော​လ​က္ခ​ဏာ​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​ကင်၊ မြေ​ကြီး၊ သ​မု​ဒ္ဒ​ရာ၊ နက်​နဲ​ရာ​အ​ရပ်​ရပ်​တို့၌ အ​လို​တော်​ရှိ​သ​မျှ​တို့​ကို ပြု​တော်​မူ၏။

မြေ​ကြီး​စွန်း​မှ မိုး​တိမ်​တို့​ကို တက်​စေ​တော်​မူ၏။ မိုး​နှင့်​တ​ကွ လျှပ်​စစ်​ကို​ဖန်​ဆင်း​တော်​မူ၏။ ဘ​ဏ္ဍာ​တော်​တိုက်​ထဲ​က လေ​ကို ထုတ်​တော်​မူ၏။

မီး​နှင့်​မိုး​သီး၊ မိုး​ပွင့်​နှင့်​အ​ခိုး​အ​ငွေ့၊ အ​မိန့်​တော်​ကို နား​ထောင်​သော လေ​ပြင်း​မုန်​တိုင်း၊

မော​ရှေ​သည် မိ​မိ​လှံ​တံ​ကို​အဲ​ဂု​တ္တု​ပြည်​အ​ပေါ်​မှာ ဆန့်​သ​ဖြင့်၊ ထို​နေ့​နှင့် ထို​ည​ပတ်​လုံး၊ အ​ရှေ့​လေ​ကို မြေ​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား​လာ​စေ​တော်​မူ၍၊ နံ​နက်​ရောက်​မှ အ​ရှေ့​လေ​သည် ကျိုင်း​တို့​ကို​ဆောင်​ခဲ့​လေ​၏။

ထာ​ဝ​ရ​ဘု​ရား​သည် အား​ကြီး​သော​အ​နောက်​လေ​ကို လွှတ်​တော်​မူ​သ​ဖြင့်၊ ထို​လေ​သည် ကျိုင်း​တို့​ကို​ဆောင်​သွား၍ ဧ​ဒုံ​ပင်​လယ်၌​ချ​ပစ်​လေ၏။ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး၌ ကျိုင်း​တစ်​ကောင်​မျှ​မ​ကျန်​ရစ်။

မော​ရှေ​သည် ပင်​လယ်​ပေါ်​မှာ​လက်​ကို​ဆန့်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် တစ်​ည​လုံး၌ အား​ကြီး​သော​အ​ရှေ့​လေ​အား​ဖြင့် ပင်​လယ်​ရေ​ကို​လှန်​ပြန်၍၊ မြေ​ကို ပေါ်​စေ​တော်​မူ​သည်​နှင့်၊ ရေ​သည်​ကွဲ​ပြတ်​လျက်​ရှိ​၏။

ကိုယ်​တော်​သည် လေ​ကို​မှုတ်​တော်​မူ​သ​ဖြင့်၊ ပင်​လယ်​သည် သူ​တို့​ကို လွှမ်း​မိုး၍ သူ​တို့​သည်​အား​ကြီး​သော​ရေ​ထဲ​မှာ ခဲ​ကဲ့​သို့​ဆင်း​ကြ​လေ​၏။

အ​သံ​တော်​ကို လွှတ်​တော်​မူ​သော​အ​ခါ၊ မိုး​ရေ အ​သံ​ဗ​လံ​ဖြစ်​တတ်၏။ မြေ​ကြီး​စွန်း​မှ မိုး​တိမ်​ကို တက်​စေ​တော်​မူ၏။ မိုး​ရွာ​သည်​နှင့် လျှပ်​စစ်​ပြက်​စေ​တော်​မူ၏။ လေ​ကို​လည်း ဘ​ဏ္ဍာ​တော်​တိုက်​ထဲ​က ထုတ်​တော်​မူ၏။

တောင်​တို့​ကို လုပ်၍ လေ​ကို​ဖန်​ဆင်း​ထ​သော၊ လူ​စိတ်​အ​ကြံ​အ​စည်​ကို လူ​အား​ဖော်​ပြ​ထ​သော၊ နံ​နက်​အ​လင်း​ကို အ​မိုက်​ဖြစ်​စေ​ထ​သော၊ မြင့်​သော​မြေ​အ​ရပ်​တို့​ကို နင်း​သော​သူ​သည် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော ဘွဲ့​နာ​မ​ရှိ​တော်​မူ၏။

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​လေ​ကို​စေ​လွှတ်၍၊ ငုံး​များ​ကို ပင်​လယ်​မှ​ဆောင်​ခဲ့​သ​ဖြင့်၊ တပ်​ပတ်​လည် တစ်​ရက်​ခ​ရီး​စီ​တိုင်​တိုင်​ကွာ​သော အ​ရပ်​တို့၌၊ မြေ​ပေါ်​မှာ ဒု​နှစ်​တောင်​ခန့်​မျှ ဆင်း​စေ​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ