Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယောဘဝတ္တု။ 6:29

Judson Bible

ပြန်၍ ဆင်​ခြင်​ကြ​ပါ။ မ​တ​ရား​သ​ဖြင့် မ​ပြု​ကြ​ပါ​နှင့်။ ပြန်၍ ဆင်​ခြင်​ကြ​ပါ။ ဤ​အ​မှု၌ ငါ​သည် ဖြောင့်​မတ်​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်​သည် ဆိုး​ညစ်​လျှင် အ​မင်္ဂ​လာ​ရှိ​ပါ၏။ ဖြောင့်​မတ်​သော်​လည်း ကိုယ်​မျက်​နှာ​ကို​မ​ပြ​ရ။ ကိုယ်​ခံ​ရ​သော ဒု​က္ခ​ဆင်း​ရဲ​ကို​ဆင်​ခြင်၍ မိန်း​မော​တွေ​ဝေ​လျက် နေ​ရ​ပါ၏။

ငါ​သည် ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကို ခံ​ရ​အံ့​သော​ငှာ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​စဉ်​တွင်၊ အိမ်​နီး​ချင်း ပြက်​ရယ်​ပြု​သည်​ကို ခံ​ရ​သော​သူ​ဖြစ်၏။ အ​ပြစ်​မ​ရှိ ဖြောင့်​မတ်​သော​သူ​သည် ပြက်​ရယ်​ပြု​ခြင်း​ကို ခံ​ရ​ပါ​သည်​တ​ကား။

ယ​ခု​ငါ့​အ​မှု​ကို ငါ​ပြင်​ဆင်​ပြီ။ ငါ၌​အ​ပြစ်​လွတ်​ခြင်း ထင်​ရှား​မည်​ဟု ငါ​သိ၏။

သင်​တို့​မူ​ကား တစ်​ယောက်​မျှ​မ​ကြွင်း၊ ပြန်​သွား​ကြ​ပါ​တော့။ သင်​တို့​တွင် ပ​ညာ​ရှိ​တစ်​စုံ​တစ်​ယောက်​ကို​မျှ ငါ​မ​တွေ့​နိုင်။

ဘု​ရား​သ​ခင်​သည် ငါ့​ကို​လှဲ၍ မိ​မိ​ကျော့​ကွင်း၌ ကျော့​မိ​တော်​မူ​ကြောင်း​ကို သိ​မှတ်​ကြ​လော့။

သို့​သော်​လည်း ငါ​သွား​သော​လမ်း​ကို သိ​တော်​မူ၏။ စစ်​တော်​မူ​ခြင်း​ကို ခံ​ပြီး​မှ၊ ရွှေ​ကဲ့​သို့​ငါ​ပေါ်​လိမ့်​မည်။

ယော​ဘ​က၊ ငါ​ဖြောင့်​မတ်၏။ ဘု​ရား​သ​ခင်​သည် ငါ့​ကို အ​မှု​ရှုံး​စေ​တော်​မူ၏။

ယော​ဘ​သည် ထာ​ဝ​ရ​ဘု​ရား​အား ပြန်​လျှောက်​သည်​ကား၊

ထို​ကြောင့် အ​ကျွန်ုပ်​သည် ကိုယ်​ကို​ရွံ​ရှာ​ပါ၏။ မြေ​မှုန့်​နှင့် မီး​ဖို​ပြာ၌​ထိုင်၍ နောင်​တ​ရ​ပါ၏​ဟု လျှောက်​လေ၏။

တစ်​ဖန် သင်​တို့​သည် ပြောင်း​လဲ၍ ဖြောင့်​မတ်​သော​သူ၊ မ​ဖြောင့်​မတ်​သော​သူ၊ ဘု​ရား​သ​ခင်၏​အ​မှု​တော်​ကို ဆောင်​သော​သူ၊ မ​ဆောင်​သော​သူ​တို့​ကို ပိုင်း​ခြား၍ သိ​ရ​ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ