တစ်ပြည်လုံး၌ ယောဘ၏ သမီးကဲ့သို့ လှသောမိန်းမ တစ်စုံတစ်ယောက်မျှမရှိ။ သူတို့၏အဘသည် သူတို့မောင်များနှင့် အညီအမျှ သူတို့အားအမွေဥစ္စာကို ဝေပေးလေ၏။
သမီးကြီးကား၊ ယေမိမ၊ သမီးလတ်ကား ကေဇိ၊ သမီးငယ်ကား ကေရင်္ဟပ္ပုတ် အမည်ရှိသတည်း။
ထိုနောက် ယောဘသည် အနှစ်တစ်ရာလေးဆယ် အသက်ရှင်၍ မိမိသား၊ မြေး၊ မြစ်တို့ကိုပင် မြင်ရပြီးမှ၊
အကျွန်ုပ်တို့၏သားတို့သည် အရွယ်ပျိုစဉ်တွင်၊ ကြီးပွားသော ပျိုးပင်ကဲ့သို့လည်းကောင်း၊ သမီးတို့သည် ဘုံဗိမာန်နည်းတူ ထုသော တိုက်ထောင့်ကျောက်တိုင်ကဲ့သို့လည်းကောင်း ဖြစ်ကြပါစေသော။
အကယ်စင်စစ် သူတို့အဘ၏ ညီအစ်ကိုတို့နှင့်အတူ အမွေခံရသောအခွင့်ကို သူတို့အားပေးရမည်။ သူတို့အဘ၏ အမွေဥစ္စာသည် သူတို့လက်သို့ရောက်စေရမည်။
ထိုအခါ အလွန်အဆင်းလှသော မောရှေကို ဖွားမြင်လျှင်၊ သုံးလပတ်လုံး အဘ၏အိမ်တွင် ကျွေးမွေးကြ၏။-
သင်တို့တွင် အမျိုးတစ်မျိုးလျှင် လူသုံးယောက်စီရွေးကောက်၍ ငါစေလွှတ်သဖြင့်၊ သူတို့သည် တစ်ပြည်လုံးသို့ထသွား၍ အမွေခံသင့်သည်အတိုင်း ရေးသားပြီးမှ ငါ့ထံသို့ပြန်လာရကြမည်။