တံပိုးများ အလယ်သို့ရောက်၍ အေ့ဟေ၊ အေ့ဟေဟု ဆိုတတ်၏။ ဗိုလ်ခြေအော်ဟစ်၍ အသံဗလံပြုခြင်းနှင့်တကွ၊ စစ်တိုက်ပွဲကို အဝေးက အနံ့ခံတတ်၏။
မာနကြီး၍ ပြင်းထန်သောစိတ်နှင့် မြေကိုမျိုတတ်၏။ တံပိုးသံကို ကြားသောအခါ၊ ငြိမ်ဝပ်စွာမနေနိုင်။
သင်ပေးသောဉာဏ်အားဖြင့် သိမ်းငှက်သည် အတောင်ကိုဖြန့်၍ တောင်မျက်နှာသို့ ပျံသွားတတ်သလော။
အကျွန်ုပ်ကို အေ့ဟေ၊ အေ့ဟေဟု ဆိုသောသူတို့သည် အရှက်ကွဲခြင်းအားဖြင့် နောက်သို့လှန်ခြင်းကို ခံရကြပါစေသော။
အချင်းလူသား၊ တုရုမြို့က၊ အေ့ဟေ၊ တိုင်းနိုင်ငံတို့၏တံခါးဖြစ်သော ယေရုရှလင်မြို့သည် ပျက်စီးသည်ဖြစ်၍၊ ငါ့လက်သို့ ရောက်လိမ့်မည်။ ထိုမြို့ဆိတ်ညံသောကြောင့် ငါစည်ပင်လိမ့်မည်ဟု ယေရုရှလင်မြို့တစ်ဖက်၌ ဆိုမိသောကြောင့်၊
အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ရန်သူက၊ အေ့ဟေ၊ ထာဝရတောင်တို့သည် ငါတို့လက်သို့ ရောက်ကြပြီဟု သင်တို့တစ်ဖက်၌ ဆိုမိသောကြောင့်၊
သိုးထိန်းတို့ကို ငါအမျက်ထွက်၍၊ ဆိတ်ထီးတို့ကို စစ်ကြောသဖြင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် မိမိသိုးစု ယုဒအမျိုးကို အကြည့်အရှုကြွလာ၍၊ ဘုန်းတော်ကိုဆောင်သော စစ်တိုက်မြင်းကဲ့သို့ ဖြစ်စေတော်မူမည်။