လွင်ပြင်ကိုယက်၍၊ မိမိခွန်အား၌ ဝါကြွားလျက်၊ သူရဲများကိုတွေ့အံ့သောငှာ သွားတတ်၏။
ကြောက်စရာအကြောင်းကို ကဲ့ရဲ့၍၊ ကြောက်လန့်သောသဘောနှင့် ကင်းလွတ်သဖြင့်၊ ဓားဘေးကို မရှောင်တတ်။
မိုးကောင်းကင်တွင် နေဗိမာန်ကိုထားတော်မူသဖြင့်၊ နေသည်အိပ်ခန်းထဲကထွက်လာသော မင်္ဂလာဆောင်လုလင်ကဲ့သို့ ဖြစ်၍၊ ခွန်အားကြီးသောသူကဲ့သို့ မိမိသွားရာလမ်းသို့လိုက်ပြေးမည်ဟု ဝမ်းမြောက်လျက်၊
စစ်တိုက်ရာကာလအဖို့ မြင်းများကိုပြင်ဆင်သော်လည်း၊ ထာဝရဘုရား၏ကျေးဇူးတော်ကြောင့် ချမ်းသာရပါ၏။
ငါ စေ့စေ့နားထောင်သောအခါ၊ သူတို့သည် ဖြောင့်မတ်စွာမပြောကြ။ ငါသည် အဘယ်သို့ ပြုမိသနည်းဟု ကိုယ်အပြစ်ကို မြင်၍ အဘယ်သူမျှ နောင်တမရ။ စစ်တိုက်ခြင်းငှာ မြင်းပြေးသကဲ့သို့၊ ထိုသူအပေါင်းတို့သည် လမ်းလွှဲ၍ တစ်ဟုန်တည်းပြေးတတ်ကြ၏။
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပညာရှိသောသူသည် မိမိပညာ၌ မဝါကြွားစေနှင့်။ ခွန်အားကြီးသောသူသည် မိမိခွန်အား၌ မဝါကြွားစေနှင့်။ ဥစ္စာရတတ်သောသူသည် မိမိဥစ္စာ၌ မဝါကြွားစေနှင့်။
ထိုအခါ မြင်းစီးသူရဲတို့သည် မြင်းကိုနှင်လျက် နှင်လျက်စီးသောကြောင့်၊ မြင်းတို့သည် မြေကို ခွာနှင့်ထိခိုက်လျက် ပြေးကြ၏။
ဖိလိတ္တိလူသည် ကြည့်၍ ဒါဝိဒ်ကိုမြင်သောအခါ မထီမဲ့မြင်ပြု၏။ အကြောင်းမူကား၊ သူသည် နုပျိုသောသူ၊ ဆံပင်နီ၍ မျက်နှာလှသောသူဖြစ်၏။