Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယောဘဝတ္တု။ 39:11

Judson Bible

ကြံ့​သည် အား​ကြီး​သော​ကြောင့် သူ့​ကို​ယုံ​မည်​လော။ သင်​လုပ်​ရ​သော​အ​လုပ်​ကို သူ၌​အပ်​မည်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန်​ဘု​ရား​သ​ခင်​က၊ ငါ​တို့​ပုံ​သ​ဏ္ဌာန်​နှင့် တ​ညီတ​သ​ဏ္ဌာန်​တည်း လူ​ကို ဖန်​ဆင်း​ကြ​စို့။ သူ​သည် ပင်​လယ်​ငါး​တို့​ကို​လည်း​ကောင်း၊ မိုး​ကောင်း​ကင်​ငှက်​တို့​ကို​လည်း​ကောင်း၊ သားယဉ်​တို့​ကို​လည်း​ကောင်း၊ မြေ​တ​စ်​ပြင်​လုံး​နှင့်​တ​ကွ၊ မြေ​ပေါ်​မှာ တွား​တတ်​သော​တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ အုပ်​စိုး​စေ​ဟု အ​မိန့်​တော်​ရှိ​၏။

အ​ချင်း​တို့၊ များ​ပြား​စွာ​မွေး​ဖွား​ကြ​လော့။ မြေကြီး​ကို ပြည့်​စေ​၍ နိုင်​ကြ​လော့။ ပင်​လယ်​ငါး​တို့​ကို​လည်း​ကောင်း၊ မိုး​ကောင်း​ကင်​ငှက်​တို့​ကို​လည်း​ကောင်း၊ အ​သက်​ရှင်​၍ မြေ​ပေါ်​မှာ လှုပ်​ရှား​တတ်​သော တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း အုပ်​စိုး​ကြ​လော့​ဟု​မိန့်​တော်​မူ​၍၊ သူ​တို့​ကို​ကောင်း​ချီး​ပေး​တော်​မူ​၏။

သူ​တို့​သည်​လည်း မြည်း​များ​အ​ပေါ်၌​စ​ပါး​ကို​တင်၍ ထွက်​သွား​ကြ၏။

မြေ​တိ​ရ​စ္ဆာန်၊ မိုး​ကောင်း​ကင်​ငှက်​အ​စ​ရှိ​သော၊ မြေ​ပေါ်​မှာ လှုပ်​ရှား​တတ်​သ​မျှ​နှင့်၊ ပင်​လယ်​ငါး​အ​ပေါင်း​တို့​သည်၊ သင်​တို့​ရှေ့​မှာ ကြောက်​ရွံ့​တုန်​လှုပ်​ခြင်း​သ​ဘော​ရှိ​ရ​ကြ​လိမ့်​မည်။ ထို​တိ​ရိ​စ္ဆာန်​တို့​ကို သင်​တို့​လက်၌​ငါ​အပ်၏။

ကြံ့​ကို ထွန်​ကြောင်း​သို့ လိုက်​စေ​ခြင်း​ငှာ ကြိုး​နှင့် ချည်​နိုင်​သ​လော။ သို့​မ​ဟုတ် သင့်​နောက်​သို့​လိုက်၍ ချိုင့်၌ လယ်​ထွန်​လိမ့်​မည်​လော။

သင်၏​စ​ပါး​ကို ဆောင်​ခဲ့၍ စ​ပါး​ကျီ၌ စု​သိမ်း​လိမ့်​မည်​ဟု ယုံ​သ​လော။

နွား​တို့​သည်​လည်း ကြီး​ပွား​များ​ပြား​ခြင်း​ရှိ​ပါ​စေ​သော။ အ​နိုင်​အ​ထက်​ဝင်​ခြင်း မ​ရှိ။ သိမ်း​သွား​ခြင်း မ​ရှိ။ လမ်း​တို့၌ ကြွေး​ကြော်​မြည်​တမ်း​ခြင်း မ​ရှိ​ပါ​စေ​နှင့်။

မြင်း၏​ခွန်​အား​နှင့် လူ၏​လျင်​မြန်​ခြင်း​ကို အား​ရ​နှစ်​သက်​တော်​မူ​ခြင်း​မ​ရှိ။

အ​ချို့​သော​သူ​တို့​သည် ရ​ထား​ကို​လည်း​ကောင်း၊ အ​ချို့​တို့​သည် မြင်း​ကို​လည်း​ကောင်း၊ ချီး​မွမ်း​တတ်​ကြ၏။ ငါ​တို့​မူ​ကား၊ ငါ​တို့​ဘု​ရား​သ​ခင်​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ချီး​မွမ်း​ကြ​လိမ့်​မည်။

နွား​ထီး​မ​ရှိ​သော တင်း​ကုပ်​သည် စင်​ကြယ်၏။ သို့​သော်​လည်း၊ နွား​ခွန်​အား​ကို​သုံး၍ များ​သော​စီး​ပွား​ကို​ရ​တတ်၏။

ငါ​တို့​သည် ထို​သို့​မ​နေ၊ မြင်း​စီး၍ ပြေး​မည်​ဟု ဆို​သော​ကြောင့်၊ သူ​တစ်​ပါး​တို့​သည် သင်​တို့​ကို ပြေး​စေ​မည်။ ငါ​တို့​သည် လျင်​မြန်​စွာ စီး​သွား​မည်​ဟု ဆို​သော​ကြောင့်၊ သင်​တို့​ကို လိုက်​သော​သူ​တို့​သည် လျင်​မြန်​ကြ​လိမ့်​မည်။

ခြင်္သေ့​မ၊ ခြင်္သေ့​ပျို၊ မြွေ​ဆိုး၊ ပျံ​တတ်​သော​မီး​မြွေ များ​သ​ဖြင့်၊ အ​လွန်​ခဲ​ယဉ်း၍ ဆင်း​ရဲ​သော​ပြည်​ကို လျှောက်​လျက်၊ တောင်​မျက်​နှာ​သို့​သွား​သော တိ​ရ​စ္ဆာန်​တို့​အ​ပေါ်​မှာ တင်​သော​ဝန်​များ​ကို ကြည့်​ရှု​ကြ​လော့။ မြည်း​ပ​ခုံး​ပေါ်​မှာ ဥ​စ္စာ​ပ​စ္စည်း​များ​ကို​လည်း​ကောင်း၊ ကု​လား​အုတ်၏​ဘို့​ပေါ်​မှာ ဘ​ဏ္ဍာ​များ​ကို​လည်း​ကောင်း တင်၍၊ ကျေး​ဇူး​မ​ပြု​နိုင်​သော လူ​မျိုး​ထံ​သို့ ဆောင်​သွား​ကြ​သည်​တ​ကား။

ဗေ​လ​သည် ကျ​ပြီ။ နေ​ဗော​သည်​ကျိုး​ပဲ့​ပြီ။ သူ​တို့ ရုပ်​တု​တို့​သည် အ​ခြေ​လေး​ချောင်း​ရှိ​သော သား​တိ​ရ​စ္ဆာန်​တို့ အ​ပေါ်​မှာ ရှိ​ကြ၏။ သင်​တို့​ထမ်း​ဖူး​သော​ဝန်​ကို တင်၍၊ ပင်​ပန်း​သော တိ​ရ​စ္ဆာန်​တို့​သည် ထမ်း​ရ​ကြ၏။

ဘု​ရား​သ​ခင်​သည် အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ​သည်​ဖြစ်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သည် ကြံ့​အား​ကြီး​သ​ကဲ့​သို့ အား​ကြီး၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ