မိုးကောင်းကင်တရားတို့ကို နားလည်သလော။ ထိုတရားတို့သည် မြေကြီးကိုအုပ်စိုးမည်အကြောင်း အခွင့်ပေးနိုင်သလော။
ထိုသို့ ဘုရားသခင်သည် အလင်းအိမ်ကြီး နှစ်လုံးတည်းဟူသော၊ နေ့ကိုအုပ်စိုးရသောအကြီးတစ်လုံး၊ ညကိုအုပ်စိုးရသော အငယ်တစ်လုံးနှင့်တကွ ကြယ်များတို့ကို ဖန်ဆင်းတော်မူပြီးလျှင်၊
မြေကြီးမကုန်မီတိုင်အောင် မျိုးစေ့ကြဲရသောကာလ၊ အသီးအနှံကိုသိမ်းရသောကာလ၊ ချမ်းသောကာလ၊ ပူသောကာလ၊ နွေကာလ၊ ဆောင်းကာလမပြတ်ရဟု အမိန့်တော်ရှိ၏။
မာဇရုတ်ကြယ်တို့ကို အချိန်ရောက်လျှင် ထုတ်ဖော်နိုင်သလော။ အာရှကြယ်နှင့် သူ၏သားတို့ကို ပဲ့ပြင်နိုင်သလော။
ထိုအရာတို့ကို ကာလအစဉ်အဆက် အမြဲတည်စေတော်မူ၍၊ မပျက်ရသောဓမ္မတာကို စီရင်တော်မူ၏။
ထာဝရဘုရားမိန့်တော်မူသည်ကား၊ နေ့နှင့် ညအဖို့ ငါ၏ပဋိညာဉ် မရှိလျှင်လည်းကောင်း၊ မိုးကောင်းကင်နှင့် မြေကြီးတရားတို့ကို ငါမစီရင်လျှင်လည်းကောင်း၊