Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 37:7

Judson Bible

ဖန်​ဆင်း​တော်​မူ​သော လူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို သိ​မည်​အ​ကြောင်း လူ​တိုင်း​လုပ်​သော​အ​လုပ်​ကို ဆီး​တား​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ဖြို​ဖျက်​တော်​မူ​လျှင် အ​ဘယ်​သူ​မျှ တည်​ဆောက်​ရ​သော​အ​ခွင့် မ​ရှိ။ လူ​ကို​ချုပ်​ထား​တော်​မူ​လျှင် အ​ဘယ်​သူ​မျှ လွှတ်​ရ​သော​အ​ခွင့်​မ​ရှိ။

လူ​တို့​သည် ချီး​မွမ်း​အပ်​သော​အ​မှု​တော်​ကို ချီး​မြှောက်​ခြင်း​ငှာ သ​တိ​ပြု​လော့။

ပ​ရိ​ယာယ်​ပြု​သော​သူ​တို့၏ အ​မှု​ကို မ​အောင်​စေ​ခြင်း​ငှာ သူ​တို့​အ​ကြံ​ကို ဖျက်​တော်​မူ၏။

နေ​ကို​မှာ​ထား​တော်​မူ၍ သူ​သည်​မ​ထွက်​ရ။ ကြယ်​တို့​ကို​လည်း ကွယ်​ထား​တော်​မူ၏။

ထို​အ​မှု​သည် တန်​ခိုး​တော်​ကြောင့်​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော ကိုယ်​တော်​စီ​ရင်​တော်​မူ​သည်​ဟု ထို​သူ​တို့​သည် သိ​ကြ​ပါ​စေ​သော။

ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​တို့​သည် ကြီး​မြတ်​ကြ၏။ ကြည်​ညို​သော​သူ​တို့​သည် ထို​အ​မှု​တော်​တို့​ကို ရှာ​ဖွေ​လိုက်​စစ်​တတ်​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​ပြု​ပြင်၍ မြေ​ကြီး​ပေါ်​မှာ သုတ်​သင်​ပယ်​ရှင်း​ခြင်း​အ​မှု​တော်​များ​ကို လာ၍​ကြည့်​ရှု​ကြ​လော့။

လူ​အ​ပေါင်း​တို့​သည်​လည်း ကြောက်​ရွံ့၍၊ ဘု​ရား​သ​ခင် စီ​ရင်​တော်​မူ​ကြောင်း​ကို နား​လည်​သ​ဖြင့် အ​မှု​တော်​ကို ကြား​ပြော​ကြ​လိမ့်​မည်။

အို ထာ​ဝ​ရ​ဘု​ရား၊ အ​မှု​တော်​များ​အား​ဖြင့် အ​ကျွန်ုပ်​ကို ဝမ်း​မြောက်​စေ​တော်​မူ​သည်​ဖြစ်၍၊ လက်​တော်​နှင့် ပြု​ပြင်​တော်​မူ​သ​မျှ​တို့​ကြောင့် ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ပါ​မည်။

ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော အ​မှု​အ​လုံး​စုံ​တို့​ကို ငါ​ကြည့်​ရှု​သော​အ​ခါ၊ နေ​အောက်​မှာ ပြု​သော​အ​မှု​များ​ကို လူ​သည် စစ်၍​မ​ကုန်​နိုင်။ ကြိုး​စား၍​စစ်​သော်​လည်း၊ အ​ကုန်​အ​စင်​မ​သိ​နိုင်။ ထို​မျှ​မ​က၊ ပ​ညာ​ရှိ​သော​သူ​သည် ငါ​သိ​မည်​ဟု ကြံ​သော်​လည်း၊ အ​ကြံ​မ​မြောက်​နိုင်​ရာ။

အို ထာ​ဝ​ရ​ဘု​ရား၊ လက်​တော်​ကို ချီ​တော်​မူ​သော်​လည်း၊ သူ​တို့​သည် မ​မြင်​မ​မှတ်​ကြ​ပါ။ သို့​သော်​လည်း၊ ကိုယ်​တော်၏ လူ​တို့​အ​ဖို့ စိတ်​အား​ကြီး​တော်​မူ​ကြောင်း​ကို၊ သူ​တို့​သည် မြင်၍ အ​ရှက်​ကွဲ​ကြ​ပါ​လိမ့်​မည်။ ကိုယ်​တော်၏ ရန်​သူ​တို့​ကို မီး​လောင်​ရ​ပါ​လိမ့်​မည်။

သူ​တို့၏​ပွဲ၌ စောင်း၊ တ​ယော၊ ပတ်​သာ၊ ပု​လွေ၊ စ​ပျစ်​ရည် ပါ​တတ်၏။ ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ကို​ကား၊ ပ​မာ​ဏ​မ​ပြု​ကြ။ လက်​တော်​နှင့် ပြု​ပြင်​တော်​မူ​ရာ​ကို မ​ရိပ်​မိ​ကြ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ