Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယောဘဝတ္တု။ 37:6

Judson Bible

မြေ​ပေါ်​မှာ​ဖြစ်​စေ​ဟု မိုး​ပွင့်​ကို​လည်း​ကောင်း၊ သုန်​ဖျင်း​သော​မိုး​ရေ​နှင့် တန်​ခိုး​တော်​ကြောင့် ပြင်း​ထန်​သော မိုး​ရေ​ကို​လည်း​ကောင်း မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင် လူ​အ​များ​ရှိ​ပါ၏။ သည်း​ထန်​စွာ မိုး​ရွာ​သော​ကာ​လ ဖြစ်​ပါ၏။ အ​ကျွန်ုပ်​တို့​သည် အိမ်​ပြင်​မှာ မ​ရပ်​မ​နေ​နိုင်​ပါ။ ဤ​အ​မှု​သည် တစ်​ရက်​နှစ်​ရက်​တွင် ပြီး​နိုင်​သော​အ​မှု မ​ဟုတ်​ပါ။ ပြစ်​မှား​သော​သူ အ​များ​ရှိ​ပါ၏။

ယု​ဒ​အ​မျိုး​နှင့် ဗင်္ယာ​မိန်​အ​မျိုး​သား​ယောက်ျား အ​ပေါင်း​တို့​သည် သုံး​ရက်​အ​တွင်း​တွင်၊ ယေ​ရု​ရှ​လင်​မြို့​မှာ စည်း​ဝေး၍ န​ဝ​မ​လ​အ​ရက်​နှစ်​ဆယ်​တွင်၊ လူ​အ​ပေါင်း​တို့​သည် ထို​အ​မှု​ကြောင့်​လည်း​ကောင်း၊ သည်း​ထန်​စွာ မိုး​ရွာ​သော​ကြောင့်​လည်း​ကောင်း၊ တုန်​လှုပ်​လျက် ဘု​ရား​သ​ခင်၏ အိမ်​တော်​ဦး​ရှေ့​မှာ ထိုင်​နေ​ကြ၏။

မိုး​ရွာ​မှု​ကို​စီ​ရင်၍၊ မိုး​ကြိုး​လျှပ်​စစ်​ပြက်​ရာ​လမ်း​ကို ဖန်​ဆင်း​သော​အ​ခါ၊

ရေ​ကို သုန်​ဖျင်း​စေ၍၊ အ​ထက်​သို့ ဆွဲ​ယူ​တော်​မူ​သ​ဖြင့်၊ ရေ​ငွေ့​ရှိ​သည်​အ​တိုင်း မိုး​ရွာ​တတ်၏။

သင်​သည် မိုး​ပွင့်​ဘ​ဏ္ဍာ​တိုက်​ထဲ​သို့ ဝင်​ဖူး​သ​လော။

မြေ​ပေါ်​မှာ မိုး​ရွာ​စေ​သ​ဖြင့် လယ်​တို့၌ ရေ​ကို​ပေး​တော်​မူ၏။

မီး​နှင့်​မိုး​သီး၊ မိုး​ပွင့်​နှင့်​အ​ခိုး​အ​ငွေ့၊ အ​မိန့်​တော်​ကို နား​ထောင်​သော လေ​ပြင်း​မုန်​တိုင်း၊

ဆင်း​ရဲ​သား​တို့​ကို ညှဉ်း​ဆဲ​သော​ဆင်း​ရဲ​သား​သည် အ​ဘယ်​စား​စ​ရာ​မျှ မ​ကြွင်း​စေ​ဘဲ၊ သုတ်​သင်​ပယ်​ရှင်း​သော မိုး​ရေ​နှင့်​တူ၏။

ထို​အုတ်​ရိုး​သည် ပြို​လဲ​မည်​ဟု အင်္ဂ​တေ​နှင့် မွမ်း​မံ​သော​သူ​တို့​အား ပြော​လော့။ မိုး​ရေ​လွှမ်း​မိုး​လိမ့်​မည်။ ကြီး​စွာ​သော​မိုး​သီး ကျ​လိမ့်​မည်။ မိုး​သက်​မုန်​တိုင်း​တိုက်​ဖျက်​လိမ့်​မည်။

ထို​ကြောင့်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည်​အ​မျက်​ထွက်၍၊ သင်​တို့​အုတ်​ရိုး​ကို မိုး​သက်​မုန်​တိုင်း​အား​ဖြင့်​တိုက်၍ ဖျက်​မည်။ ငါ၏​ဒေါ​သ​အ​ရှိန်​ကြောင့် မိုး​ရေ​လွှမ်း​မိုး၍၊ ကြီး​စွာ​သော​မိုး​သီး​နှင့် ဆုံး​စေ​မည်။

အ​ထက်​အ​ခန်း​တော်​တို့​ကို ကောင်း​ကင်၌​ဆောက်၍၊ အောက်​တိုက်​တော်​ကို မြေ​ကြီး​ပေါ်​မှာ တည်​တော်​မူ၏။ သ​မု​ဒ္ဒ​ရာ​ရေ​ကို​ခေါ်၍ မြေ​ကြီး​ပြင်၌ သွန်း​လောင်း​တော်​မူ၏။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော ဘွဲ့​နာ​မ​ရှိ​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ