Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယောဘဝတ္တု။ 37:19

Judson Bible

ငါ​တို့​သည် အ​ဘယ်​သို့ လျှောက်​ရ​မည်​ကို သွန်​သင်​ပါ။ ငါ​တို့​သည် မိုက်​သော​ကြောင့်၊ အ​လို​အ​လျောက် မ​လျှောက်​တတ်​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

သို့​သော်​လည်း ငါ​သည် သင်​တို့​ကဲ့​သို့ ဉာဏ်​ရှိ၏။ သင်​တို့​ထက် ငါ​ယုတ်​ညံ့​သည်​မ​ဟုတ်။ ဤ​ကဲ့​သို့​သော​အ​ရာ​များ​ကို အ​ဘယ်​သူ​သည် နား​မ​လည်​ဘဲ နေ​သ​နည်း။

အ​န​န္တ​တန်​ခိုး​ရှင်​အား ငါ​လျှောက်​ရ​သော​အ​ခွင့်၊ ဘု​ရား​သ​ခင်​နှင့် ငါ​ဆွေး​နွေး​ရ​သော​အ​ခွင့် ရှိ​ပါ​စေ​သော။

ငါ​ပြော​မည် အ​ကျိုး​အ​ကြောင်း​စ​ကား​ကို နား​ထောင်​ကြ​ပါ​လော့။ ငါ့​နှုတ်​နှင့် ဆွေး​နွေး​နှီး​နှော​မည့် စ​ကား​ကို နှ​လုံး​သွင်း​ကြ​ပါ​လော့။

ဤ​ရွေ့​ကား၊ အ​မှု​တော်​အ​ရိပ်​အ​မြွက်​သာ ဖြစ်၏။ စ​ကား​တော် အ​သံ​အ​နည်း​ငယ်​ကို​သာ နား​ကြား​ရ၏။ တန်​ခိုး​တော်​မိုး​ကြိုး​သံ​ကို အ​ဘယ်​သူ​နား​လည်​နိုင်​သ​နည်း​ဟု မြွက်​ဆို၏။

ငါ​ပြော​သော​စ​ကား​ကို ဘု​ရား​သ​ခင်​အား ကြား​လျှောက်​လိမ့်​မည်​လော။ အ​ကယ်၍​လူ​သည် ဘု​ရား​သ​ခင်​ကို​လျှောက်​ဝံ့​လျှင် ပျက်​စီး​ခြင်း​သို့ ရောက်​လိမ့်​မည်။

ပ​ညာ​မ​ရှိ​ဘဲ စ​ကား​ပြော​ကာ​မျှ​နှင့် ငါ့​အ​ကြံ​ကို​မိုက်​စေ​သော ဤ​သူ​ကား အ​ဘယ်​သူ​နည်း။

ကိုယ်​တော်​အား အ​ဘယ်​သို့ ပြန်​လျှောက်​ရ​ပါ​မည်​နည်း။ အ​ကျွန်ုပ်​သည် ကိုယ်​နှုတ်​ကို ကိုယ်​လက်​နှင့် ပိတ်​ပါ​မည်။

ပ​ညာ​မ​ရှိ​ဘဲ အ​ကြံ​အ​စည်​တော်​ကို မိုက်​စေ​သော​သူ​ကား အ​ဘယ်​သူ​နည်း။ သို့​ရာ​တွင် အ​ကျွန်ုပ်​သည် နား​မ​လည်​သော အ​ရာ​တို့​ကို​လည်း​ကောင်း၊ ကိုယ်​တိုင်​မ​သိ၊ အံ့​ဩ၍​မ​ကုန်​နိုင်​သော အ​ရာ​တို့​ကို​လည်း​ကောင်း ပြော​မိ​ပါ​ပြီ။

ထို​မျှ​မ​က ငါ​သည်​အ​ဘယ်​သို့ ပြန်​လျှောက်​ရ​အံ့​နည်း။ ရှေ့​တော်၌ အ​ဘယ်​သို့​သော​စ​ကား​ကို ရွေး၍​လျှောက်​ရ​အံ့​နည်း။

ထို​သို့​သော ဉာဏ်​သည် အံ့​ဩ​ဖွယ်​ဖြစ်၍၊ အ​ကျွန်ုပ်​မ​တတ်​နိုင်​ပါ။ မြင့်​မြတ်​သည်​ဖြစ်၍ အ​ကျွန်ုပ် မ​မီ​နိုင်​ပါ။

မိုက်​သော​သူ၊ ပ​ညာ​မဲ့​သော​သူ ဖြစ်​ပါ၏။ ရှေ့​တော်၌ တိ​ရ​စ္ဆာန်​ကဲ့​သို့ ဖြစ်​ပါ၏။

ထို​မှ​တစ်​ပါး၊ ငါ​တို့ မ​တတ်​နိုင်​သော​အ​ရာ​မှာ ဝိ​ညာဉ်​တော်​သည် မ​စ​တော်​မူ၏။ ငါ​တို့​သည် ဆု​တောင်း​သင့်​သည်​အ​တိုင်း အ​ဘယ်​ဆု​ကို တောင်း​ရ​မည်​ဟု​မ​သိ​ကြ။ သို့​ရာ​တွင် ငါ​တို့​ဆု​တောင်း​ခြင်း​အ​မှု​ကို နှုတ်​မ​မြွက်​နိုင်​သော ညည်း​တွား​ခြင်း​အား​ဖြင့် ဝိ​ညာဉ်​တော်​သည် စောင့်​မ​တော်​မူ၏။-

ယ​ခု​တွင် ငါ​တို့​သည် မှန်​အား​ဖြင့် ရိပ်​မိ​လျက်​သာ နေ​ကြ၏။ ထို​အ​ခါ​မူ​ကား၊ မျက်​မှောက်​ထင်​ထင် မြင်​ရ​ကြ​လိမ့်​မည်။ ယ​ခု​တွင် ငါ​အ​သိ​အ​မြင် မ​စုံ​မ​လင်​ဖြစ်၏။ ထို​အ​ခါ​မူ​ကား၊ သူ​တစ်​ပါး​သည် ငါ့​ကို​သိ​သ​ကဲ့​သို့ ငါ​သိ​ရ​လိမ့်​မည်။-

ချစ်​သူ​တို့၊ ယ​ခု​တွင် ငါ​တို့​သည် ဘု​ရား​သ​ခင်၏​သား ဖြစ်​ကြ၏။ နောက်​မှ အ​ဘယ်​သို့​သော​သူ​ဖြစ်​မည်​ဟု မ​ထင်​ရှား​သေး။ သို့​သော်​လည်း ကိုယ်​တော်​သည် ထင်​ရှား​ပေါ်​ထွန်း​တော်​မူ​သော​အ​ခါ၊ ငါ​တို့​သည် ကိုယ်​တော်​နှင့် တူ​ကြ​လ​တ္တံ့​ဟု ငါ​တို့​သိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ကိုယ်​တော် ဖြစ်​တော်​မူ​သည်​အ​တိုင်း​ကို ငါ​တို့​သည် မြင်​ရ​ကြ​လ​တ္တံ့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ