Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယောဘဝတ္တု။ 36:22

Judson Bible

ဘု​ရား​သ​ခင်​သည် တန်​ခိုး​တော်​အား​ဖြင့် ချီး​မြှောက်​ခြင်း​ရှိ​တော်​မူ၏။ ဘု​ရား​သ​ခင်​ကဲ့​သို့ အ​ဘယ်​သူ​အုပ်​ချုပ်​နိုင်​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

မြင့်​သော​အ​ရပ်၌ နေ​သော​သူ​တို့​ကို အ​စိုး​ရ​တော်​မူ​သော ဘု​ရား​သ​ခင်​ကို အ​ဘယ်​သူ သွန်​သင်​လိမ့်​မည်​နည်း။

ဘု​ရား​သ​ခင်​သည် အာ​ဏာ​တော်​နှင့်​လည်း​ကောင်း၊ ကြောက်​ရွံ့​ရို​သေ​ဖွယ်​သော ဂုဏ်​တော်​နှင့်​လည်း​ကောင်း ပြည့်​စုံ၍၊ မြင့်​သော​ဌာ​န​တော်၌ ငြိမ်​သက်​ခြင်း​ကို ပြု​စု​တော်​မူ၏။

ထို​သို့​ဆို​သော် မှား​ပြီ။ ငါ​ပြန်​ပြော​သော​စ​ကား​ဟူ​မူ​ကား၊ အ​ကယ်​စင်​စစ် ဘု​ရား​သ​ခင်​သည် လူ​ထက်​ကြီး​မြတ်​တော်​မူ၏။

မြေ​တိ​ရ​စ္ဆာန် နား​လည်​သည်​ထက် သာ၍​နား​လည်​သော ဉာဏ်​နှင့်​လည်း​ကောင်း၊ မိုး​ကောင်း​ကင်​ငှက်​မ​ရ၊ ထူး​ဆန်း​သော​ပ​ညာ​နှင့်​လည်း​ကောင်း၊ ငါ​တို့​ကို ပြည့်​စုံ​စေ​တော်​မူ​သော ဘု​ရား​သ​ခင်​သည် အ​ဘယ်​မှာ​ရှိ​တော်​မူ​သ​နည်း​ဟု အ​ဘယ်​သူ​မျှ မ​မေး​မြန်း​တတ်။

ကိုယ်​တော်​သည် သွန်​သင်​တော်​မူ​သော​ကြောင့်၊ စီ​ရင်​တော်​မူ​ချက်​တို့​မှ အ​ကျွန်ုပ်​လွှဲ၍ မ​သွား​ပါ။

ကိုယ်​တော်၏​သ​မ္မာ​တ​ရား​ကို​ပြ၍၊ အ​ကျွန်ုပ်​ကို သွန်​သင်​တော်​မူ​ပါ။ အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို ကယ်​တင်​သော ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။ ကိုယ်​တော်​ကို အ​စဉ်​မျှော်​လင့်​လျက်​နေ​ပါ၏။

ဘု​ရား​သ​ခင်​သည် စီ​ရင်​ပိုင်​တော်​မူ၏။ တစ်​ယောက်​ကို​နှိမ့်​ချ၍၊ တစ်​ယောက်​ကို ချီး​မြှောက်​တော်​မူ၏။

လူ​အ​မျိုး​မျိုး​တို့​ကို ဆုံး​မ​တော်​မူ​သော​သူ​သည် အ​ပြစ်​မ​ပေး​ရ​သ​လော။ လူ​တို့​အား ပ​ညာ​အ​တတ်​ကို သွန်​သင်​တော်​မူ​သော​သူ​သည် ကိုယ်​တိုင်​ပ​ညာ​အ​တတ် မ​ရှိ​သ​လော။

အို ထာ​ဝ​ရ​ဘု​ရား၊ မ​တ​ရား​သော​သူ​တို့​အ​ဖို့ တွင်း​တူး​စဉ်​အ​ခါ၊

လူ​သ​တ္တ​ဝါ​တို့​ကို အ​မျက်​ထွက်၍၊ အ​စဉ်​မ​ပြတ် ရိုက်​ခြင်း၊ အ​တိုင်း​တိုင်း အ​ပြည်​ပြည်​တို့​ကို မာ​န​စိတ်​နှင့် အုပ်​စိုး၍၊ အ​စဉ်​မ​ပြတ် ညှဉ်း​ဆဲ​ခြင်း​ကို​ပြု​သော အ​ဓ​မ္မ​လူ​တို့၏ တောင်​ဝှေး​ကို​လည်း​ကောင်း၊

သင့်​ကို ရွေး​နုတ်​သော​သူ၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သင်၏​အ​ကျိုး​နှင့် ယှဉ်​သော​အ​ရာ​ကို သွန်​သင်၍၊ သင်​သွား​အပ်​သော​လမ်း​ဖြင့် ပို့​ဆောင်​သော သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

သင်၏​သား​သ​မီး​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား ဆုံး​မ​သွန်​သင်​တော်​မူ​သော​သူ ဖြစ်၍၊ များ​စွာ​သော စည်း​စိမ်​ချမ်း​သာ​နှင့် ပြည့်​စုံ​ကြ​လိမ့်​မည်။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဟာ​န​နေ​လ​ရဲ​တိုက်​မှ​စ၍ မြို့​ထောင့်​တံ​ခါး​တိုင်​အောင်၊ မြို့​တော်​ကို ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ တည်​ထောင်​ရ​သော အ​ချိန်​ကာ​လ​သည် ရောက်​လိမ့်​မည်။

ကိုယ်​တော်​ကို လူ​စု​ထဲ​က နှင်​ထုတ်၍၊ မြေ​တိ​ရ​စ္ဆာန်​တို့​နှင့်​အ​တူ နေ​ရာ​ချ​ကြ​လိမ့်​မည်။ အ​မြင့်​ဆုံး​သော​ဘု​ရား​သည် လော​ကီ​နိုင်​ငံ​ကို အုပ်​စိုး၍၊ ပေး​လို​သော သူ​တို့​အား ပေး​တော်​မူ​သည်​ကို ကိုယ်​တော်​မ​သိ မ​မှတ်​မီ​ကာ​လ၊ ခု​နစ်​နှစ်​ပတ်​လုံး နွား​ကဲ့​သို့ မြက်​ကို​စား၍၊ မိုး​စွတ်​ခြင်း​ကို ခံ​လျက်​နေ​ရ​မည်။

သင့်​ကို လူ​စု​ထဲ​က​နှင်​ထုတ်၍၊ မြေ​တိ​ရ​စ္ဆာန်​တို့​နှင့်​အ​တူ နေ​ရာ​ချ​ကြ​လိမ့်​မည်။ အ​မြင့်​ဆုံး​သော​ဘု​ရား​သည် လော​ကီ​နိုင်​ငံ​ကို အုပ်​စိုး၍၊ ပေး​လို​သော​သူ​တို့​အား ပေး​တော်​မူ​သည်​ကို မင်း​ကြီး​မ​သိ​မ​မှတ်​မီ​ကာ​လ၊ ခု​နစ်​နှစ်​ပတ်​လုံး နွား​ကဲ့​သို့ မြက်​ကို​စား​လျက်​နေ​ရ​မည်​ဟု အ​သံ​ဖြစ်​လေ၏။

အ​ရှင်​မင်း​ကြီး၊ အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင်​သည် ခ​မည်း​တော် နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး၌ နိုင်​ငံ​တော်​နှင့်​တ​ကွ ရွှေ​ဘုန်း​တော်​မြတ်၊ ဂုဏ်​အ​သ​ရေ​တော်​ကို ပေး​သ​နား​တော်​မူ၏။

ဘု​ရင်​တို့​ကို ရာ​ဇ​ပ​လ္လင်​ပေါ်​မှ​ချ၍ နှိမ့်​ချ​သော​သူ​တို့​ကို ချီး​မြှောက်​တော်​မူ​ပြီ။-

အ​နာ​ဂ​တ္တိ​ကျမ်း​စာ၌​လာ​သည်​ကား၊ ထို​သူ​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင် ဆုံး​မ​သွန်​သင်​တော်​မူ​သော​သူ ဖြစ်​ကြ​လိမ့်​မည်​ဟု လာ​သည်​နှင့်​အ​ညီ၊ ခ​မည်း​တော်​ထံ၌​နား​ထောင်၍ နည်း​ခံ​သော​သူ​မှန်​သ​မျှ​တို့​သည် ငါ့​ထံ​သို့ လာ​ကြ၏။-

အ​စိုး​ရ​သော မင်း​အာ​ဏာ​စက်၏ အုပ်​စိုး​ခြင်း​ကို လူ​တိုင်း​ဝန်​ခံ​စေ။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်၏ အ​ခွင့်​မ​ရှိ​လျှင်၊ မင်း​အာ​ဏာ​စက် မ​ရှိ။ အာ​ဏာ​စက်​ရှိ​သ​မျှ​သည် ဘု​ရား​သ​ခင် ခန့်​ထား​တော်​မူ​ရာ ဖြစ်​သ​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ