Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယောဘဝတ္တု။ 36:11

Judson Bible

စ​ကား​တော်​ကို​နား​ထောင်၍ အ​မှု​တော်​ကို​ဆောင်​ရွက်​လျှင်၊ စည်း​စိမ်​ချမ်း​သာ​နှင့် ပျော်​မွေ့​လျက်၊ နှစ်​လ​နေ့​ရက်​ကာ​လ​ကို လွန်​စေ​တတ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

ဆု​တောင်း​ပ​တ္ထ​နာ ပြု​သော​စ​ကား​ကို ဘု​ရား​သ​ခင် နား​ထောင်​နာ​ယူ၍၊ မ​နာ​ရှေ​အုပ်​စိုး​ရင်း​ပြည်၊ ယေ​ရု​ရှ​လင်​မြို့​သို့ တစ်​ဖန် ပို့​ဆောင်​တော်​မူ၏။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ကြောင်း​ကို မ​နာ​ရှေ​သိ​ရ၏။

သူ​တို့​သူ​ငယ်​များ​ကို သိုး​စု​ကဲ့​သို့​လွှတ်၍၊ သား​သ​မီး​တို့​သည် က​ခုန်​တတ်​ကြ၏။

ပျော်​မွေ့​လျက် အ​သက်​ကာ​လ​ကို လွန်​စေ၍၊ ချက်​ချင်း​သေ​မင်း​နိုင်​ငံ​သို့ ဆင်း​သက်​တတ်​ကြ၏။

ဘု​ရား​သ​ခင်​နှင့် အ​ကျွမ်း​ဝင်၍ မိတ်​သ​ဟာ​ယ​ဖွဲ့​လော့။ ထို​သို့​ပြု​မှ ကောင်း​စား​ခြင်း​သို့ ရောက်​ရ​လိမ့်​မည်။

အ​န​န္တ​တန်​ခိုး​ရှင်​ထံ​တော်​သို့ ပြန်​လာ​လျှင်၊ တည်​ဆောက်​ခြင်း​ရှိ​လိမ့်​မည်။ သင့်​အိမ်​မှ​ဒု​စ​ရိုက်​ကို ပယ်​ရှား​လျှင်၊

ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် ယော​ဘ၏​ရှေ့​ဖြစ်​ဟန်​ကို ကောင်း​ချီး​ပေး​တော်​မူ​သည်ထက်၊ နောက်ဖြစ်ဟန်ကိုသာ၍ ကောင်းချီးပေးတော်မူသ​ဖြင့်၊ သူ​သည် သိုး​တစ်​သောင်း​လေး​ထောင်၊ ကု​လား​အုတ်​ခြောက်​ထောင်၊ နွား​ရှဉ်း​တစ်​ထောင်၊ မြည်း​မ​တစ်​ထောင်​ကို ရ​တတ်၏။

ထို​သူ​တို့​သည် ဒု​စ​ရိုက်​ကို​မ​ပြု၊ လမ်း​ခ​ရီး​တော်၌ လိုက်​သွား​တတ်​ကြ​၏။

အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​စု​ကို နှစ်​သက်​တော်​မူ၏။ စိတ်​နှိမ့်​ချ​သော​သူ​တို့​ကို ကယ်​တင်​ခြင်း​အား​ဖြင့် အ​သ​ရေ​တင့်​တယ်​စေ​တော်​မူ၏။

အ​သက်​ရှင်​ခြင်း​လမ်း​ကို ပြ​ညွှန်​တော်​မူ​လိမ့်​မည်။ အ​ထံ​တော်၌ စုံ​လင်​သော​ဝမ်း​မြောက်​ခြင်း​အ​ခွင့်​နှင့် လက်​ယာ​တော်​နား​မှာ အ​စဉ်​အ​မြဲ​ပျော်​မွေ့​ခြင်း​အ​ခွင့်​ရှိ​ပါ၏။

ငါ့​စ​ကား​ကို​နား​ထောင်​သော​သူ​မူ​ကား လုံ​ခြုံ​စွာ​နေ၍၊ ဘေး​ကို​မ​ကြောက်​ဘဲ ငြိမ်​ဝပ်​လိမ့်​မည်။

သင်​တို့​သည် ကြည်​ညို​နား​ထောင်​လျှင်၊ မြေ​အ​သီး​အ​နှံ​ကို စား​ရ​ကြ​လိမ့်​မည်။

ယ​ခု​မှာ သင်​တို့၏​ကျင့်​ကြံ​ပြု​မူ​ခြင်း​တို့​ကို ပြောင်း​လဲ​ကြ​လော့။ သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​တော်​ကို နား​ထောင်​ကြ​လော့။ သို့​ပြု​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့၌ ဘေး​ဥ​ပဒ်​ရောက်​စေ​မည်​ဟု ခြိမ်း​တော်​မူ​သော်​လည်း၊ တစ်​ဖန် နောင်​တ​ရ​တော်​မူ​လိမ့်​မည်။

ငါ​မှာ​ထား​သော​အ​ရာ​ဟူ​မူ​ကား၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ သို့​ပြု​လျှင်၊ ငါ​သည်​သင်​တို့၏ ဘု​ရား​သ​ခင်​ဖြစ်​မည်။ သင်​တို့​သည်​လည်း၊ ငါ၏​လူ​မျိုး​ဖြစ်​ကြ​လိမ့်​မည်။ သင်​တို့​သည် ကိုယ်​အ​ကျိုး​ကို​စောင့်​လို​သော​ငှာ၊ ငါ​စီ​ရင်​သ​မျှ​သော​တ​ရား​လမ်း​သို့ လိုက်​ရ​ကြ​မည်​ဟု မှာ​ထား​၏။

သင်​တို့​သည် အ​ပြစ်​တ​ရား၏ ကျွန်​ဖြစ်​ဖူး​သော်​လည်း၊ ယ​ခု​တွင်​ခံ​ခဲ့​ပြီး​သော ဩ​ဝါ​ဒ​နည်း​ဥ​ပ​ဒေ​သ​စ​ကား​ကို စေ​တ​နာ​စိတ်​နှင့် နား​ထောင်​ကြ​သည်​ဖြစ်၍၊ ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော် ကြီး​လှ​ပေ၏။-

သင်​တို့​သည် နောင်​ကာ​လ၌ ဒု​က္ခ​ဆင်း​ရဲ​ကို​ခံ​ရ၍၊ ဤ​အ​မှု​အ​လုံး​စုံ​တို့​နှင့် တွေ့​ကြုံ​သော​အ​ခါ၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ပြန်​လာ၍ စ​ကား​တော်​ကို​နား​ထောင်​လျှင်၊

ကိုယ်​ကာ​ယ​ကို​ဆုံး​မ​ခြင်း​သည် များ​စွာ​သော အ​ကျိုး​ကို မ​ပေး​တတ်။ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း​မူ​ကား၊ ယ​ခု​ဘ​ဝ၊ နောင်​ဘ​ဝ​နှင့် စပ်​ဆိုင်​သော​က​တိ​တော်​ကို ရ​သည်​ဖြစ်၍၊-

အာ​ဗြ​ဟံ​သည် အ​မွေ​ခံ​ရ​လ​တ္တံ့​သော​ပြည်​သို့ ထွက်​သွား​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​ခေါ်​တော်​မူ​သော​အ​ခါ၊ သူ​သည် အ​ဘယ်​အ​ရပ်​သို့​သွား​သည်​ကို ကိုယ်​တိုင်​မ​သိ​ဘဲ​လျက်၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် နား​ထောင်၍ ထွက်​သွား​လေ၏။-

သင်​တို့​သည် မြေ​ကြီး​ပေါ်​မှာ ကာ​မ​ဂုဏ်​ခံ​စား၍ အ​လွန်​ပျော်​မွေ့​ကြ​ပြီ။ သတ်​ရ​သော​နေ့၌​ကဲ့​သို့၊ မိ​မိ​တို့​နှ​လုံး​ကို မွေး​မြူ​ကြ​ပြီ။-

သူ​သည် ကိုယ်​ကို ချီး​မြှောက်၍ ကာ​မ​ဂုဏ်၌ ပျော်​မွေ့​သည်​အ​တိုင်း သူ၌ ပြင်း​စွာ​သော​ဆုံး​မ​ခြင်း၊ စိတ်​မ​သာ ညည်း​တွား​ခြင်း​ကို ဖြစ်​စေ​ကြ​လော့။ ငါ​ကား မိ​ဖု​ရား​ဖြစ်၏။ မု​ဆိုး​မ မ​ဟုတ်။ စိတ်​မ​သာ​ညည်း တွား​ခြင်း​ကို မ​သိ​ရ​ဟု သူ​သည် အောက်​မေ့​တတ်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ