Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယောဘဝတ္တု။ 36:10

Judson Bible

ဆုံး​မ​သော​စ​ကား​ကို နား​ထောင်​ချင်​သော သ​ဘော​ကို​သွင်း​ပေး၍၊ ဒု​စ​ရိုက်​ကို​စွန့်​စေ​မည်​အ​ကြောင်း ပ​ညတ်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​က အ​ဓ​မ္မ​လမ်း​တို့​ကို ရှောင်​ကြ​လော့။ ငါ​သည် သင်​တို့​ဘိုး​ဘေး​တို့၌ ထား​သော​တ​ရား၊ ငါ့​ကျွန်​ပ​ရော​ဖက်​တို့​ဖြင့် ပေး​လိုက်​သော​တ​ရား​ကို အ​ကုန်​အ​စင်​ကျင့်၍၊ ငါ့​စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို စောင့်​ရှောက်​ကြ​လော့​ဟု ပ​ရော​ဖက်​များ​နှင့် အ​နာ​ဂတ်​ဟော​ဆ​ရာ​များ​တို့​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး၊ ယု​ဒ​အ​မျိုး၌ သက်​သေ​ခံ​တော်​မူ​သော်​လည်း၊

အ​မှု​ရောက်​သော ဆင်း​ရဲ​သား​တို့​ကို ကယ်​တင်​တော်​မူ၏။ ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သော​အ​ခါ၊ နား​ထောင်​စေ​ခြင်း​ငှာ ပြု​တော်​မူ၏။

သ​တိ​ပြု​ပါ။ မ​တ​ရား​သော​အ​မှု​ကို မ​ငဲ့​ကွက်​နှင့်။ ထို​သို့​သော​အ​မှု​ကို ဆင်း​ရဲ​ခြင်း​ထက် သင်​သည် အ​လို​ရှိ​လေ​ပြီ​တ​ကား။

ကိုယ်​တော်​သည် ယဇ်​နှင့်​ပူ​ဇော်​သ​ကာ​ကို အ​လို​တော်​မ​ရှိ​သည်​ဖြစ်၍၊ အ​ကျွန်ုပ်​နား​ကို ဖွင့်​တော်​မူ​ပြီ။ မီး​ရှို့​ရာ​ယဇ်​နှင့် အ​ပြစ်​ဖြေ​ရာ​ယဇ်​များ​ကို တောင်း​တော်​မ​မူ​သော​အ​ခါ၊

သင့်​ကို ရွေး​နုတ်​သော​သူ၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သင်၏​အ​ကျိုး​နှင့် ယှဉ်​သော​အ​ရာ​ကို သွန်​သင်၍၊ သင်​သွား​အပ်​သော​လမ်း​ဖြင့် ပို့​ဆောင်​သော သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

အ​ကယ်​စင်​စစ် သင်​သည် မ​ကြား​မ​သိ​စ​ဖူး။ သင်၏​နား​သည် အ​ထက်​က မ​ပွင့်။ အ​ကြောင်း​မူ​ကား၊ သင်​သည် သ​စ္စာ​ပျက်​လိမ့်​မည်။ ဖွား​စ​က​ပင် သင့်​ကို​သူ​ပုန်​ဟူ၍ သ​မုတ်​ရ​လိမ့်​မည်​ကို ငါ​သိ၏။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​နား​ကို​ဖွင့်​တော်​မူ၍၊ ငါ​လည်း မ​ငြင်း​မ​ဆန်၊ နောက်​သို့​မ​ဆုတ်၊

အို ဣ​သ​ရေ​လ၊ သင်​သည် ကိုယ်​ပြု​သော​ဒု​စ​ရိုက်​အ​ပြစ်​အား​ဖြင့် အ​ကျိုး​နည်း​ရှိ​သော​ကြောင့် သင်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြန်​လော့။

လူ​သ​တ္တ​ဝါ တိ​ရ​စ္ဆာန်​တို့​သည် လျှော်​တေ​အ​ဝတ်​ကို ဝတ်​ကြ​စေ။ ကြိုး​စား၍ ဘု​ရား​သ​ခင်​ကို ဆု​တောင်း​ကြ​စေ။ အ​သီး​အ​သီး​တို့​သည် မိ​မိ​တို့​လိုက်​သော အ​ဓ​မ္မ​လမ်း၊ မိ​မိ​တို့​ပြု​သော အ​ဓ​မ္မ​အ​မှု​ကို ရှောင်​ကြ​စေ။

ထို​အ​ခါ ငါ​က၊ အ​ကယ်​စင်​စစ် ဤ​မျှ​လောက်​ငါ​ဆုံး​မ​ပြီး​မှ သင်​သည် ကိုယ်​နေ​ရာ​ကို မ​ပယ်​ရှင်း​စေ​ခြင်း​ငှာ၊ ငါ့​ကို​ကြောက်​ရွံ့၍ နည်း​ခံ​လိမ့်​မည်​ဟု ဆို​သော်​လည်း၊ သူ​တို့​သည် ကြိုး​စား၍ မှား​ယွင်း​သော​အ​ကျင့်​ကို​သာ ကျင့်​ကြ၏။

နောင်​တ​ရ​ခြင်း​နှင့် ထိုက်​တန်​သော​အ​ကျင့်​ကို ကျင့်​ကြ​လော့။

ထို​အ​ခါ နီ​မောင်း​သော​အ​ထည်​အ​လိပ်​ကို ရောင်း​သော သွာ​တိ​ရဲ​မြို့​သူ လု​ဒိ​အ​မည်​ရှိ​သော မိန်း​မ​တစ်​ယောက်​သည် ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​သော​သူ​ဖြစ်၍၊ တ​ရား​နာ​စဉ်​တွင် ပေါ​လု​ဟော​ပြော​သော​အ​ရာ​ကို မှီ​ဝဲ​ဆည်း​ကပ်​စေ​ခြင်း​ငှာ သူ၏​စိတ်​နှ​လုံး​ကို သ​ခင်​ဘု​ရား ဖွင့်​တော်​မူ၏။-

ဘု​ရား​သ​ခင်​သည် မိုက်​မဲ​သော အ​ချိန်​ကာ​လ​တို့​ကို အ​မှု​မ​ထား​ဖူး​သော်​လည်း၊ ယ​ခု​မှာ ကိုယ်​အ​ပြစ်​ကို မြင်၍ နောင်​တ​ရ​ကြ​လော့​ဟု ခပ်​သိမ်း​သော အ​ရပ်​တို့၌​ရှိ​သော လူ​အ​ပေါင်း​တို့​အား ပ​ညတ်​တော်​မူ၏။-

ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ ချမ်း​ဧ​သော​အ​ချိန်​ကာ​လ​သည် ရောက်​လာ၍၊-

ဘု​ရား​သ​ခင်၌ ချဉ်း​ကပ်​ကြ​လော့။ သို့​ပြု​လျှင်၊ သင်​တို့၌ ချဉ်း​ကပ်​တော်​မူ​လိမ့်​မည်။ အ​ပြစ်​ရှိ​သော​သူ​တို့၊ သင်​တို့​လက်​ကို စင်​ကြယ်​စေ​ကြ​လော့။ စိတ်​နှစ်​ခွ​ရှိ​သော​သူ​တို့၊ သင်​တို့​စိတ်​နှ​လုံး​ကို သန့်​ရှင်း​စေ​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ