Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယောဘဝတ္တု။ 35:8

Judson Bible

သင်​ပြု​သော​ဒု​စ​ရိုက်​သည် သင်​နှင့်​တူ​သော လူ​သ​တ္တ​ဝါ​ကို​သာ ထိ​ခိုက်​နိုင်၏။ သင်​ပြု​သော​သု​စ​ရိုက်​သည်​လည်း လူ​သား​တို့၌​သာ ကျေး​ဇူး​ပြု​နိုင်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် သင့်​ကို လူ​မျိုး​ကြီး​ဖြစ်​စေ​မည်။ ငါ​ကောင်း​ချီး​ပေး၍ သင်၏​နာ​မ​ကို ကြီး​မြတ်​စေ​မည်။ သင်​သည် ကောင်း​ချီး​ခံ​ရ​သော​သူ​ဖြစ်​လိမ့်​မည်။

ထို​သို့​ဘု​ရား​သ​ခင်​သည် ချိုင့်​ထဲ​မှာ​ရှိ​သော​မြို့​တို့​ကို ဖျက်​ဆီး​သော​အ​ခါ၊ အာ​ဗြ​ဟံ​ကို အောက်​မေ့​တော်​မူ​၏။ လော​တ​နေ​သော​မြို့​တို့​ကို မှောက်​လှဲ​သော​အ​ခါ မှောက်​လှဲ​ရာ​ထဲ​က လော​တ​ကို လွှတ်​လိုက်​တော်​မူ​၏။

သင်​သည် ဖြောင့်​မတ်​သော်​လည်း၊ ဘု​ရား​သ​ခင်၏​အ​ကျိုး​တော်​ကို အ​ဘယ်​သို့​ပြု​စု​နိုင်​သ​နည်း။ သင့်​လက်​မှ အ​ဘယ်​ကျေး​ဇူး​ကို ခံ​တော်​မူ​မည်​နည်း။

များ​ပြား​သော ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သော​သူ​တို့​သည် အော်​ဟစ်​တတ်​ကြ၏။ အား​ကြီး​သော​သူ နှိပ်​စက်​သော​ကြောင့်၊ ပြင်း​စွာ​အော်​ဟစ်​တတ်​ကြ၏။

သို့​ဖြစ်၍ နွား​ထီး​ခု​နစ်​ကောင်​နှင့် သိုး​ထီး​ခု​နစ်​ကောင်​တို့​ကို ယူ​ပြီး​လျှင်၊ ငါ့​ကျွန်​ယော​ဘ​ထံ​သို့ သွား၍၊ မိ​မိ​တို့​မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​ကြ​လော့။ ငါ့​ကျွန်​ယော​ဘ​သည် သင်​တို့​အ​ဖို့ ဆု​တောင်း​ရ​မည်။ သူ၏​မျက်​နှာ​ကို ငါ​ထောက်​မည်။ သို့​မ​ဟုတ် ငါ့​ကျွန်​ယော​ဘ​သည် ငါ့​အ​ကြောင်း​အ​ရာ​တို့​ကို ဟုတ်​မှန်​စွာ​ပြော​သ​ကဲ့​သို့၊ သင်​တို့​သည် မ​ပြော​သော​အ​ပြစ်​နှင့် အ​လျောက် ငါ​စီ​ရင်​မည်​ဟု မိန့်​တော်​မူ၏။

ထို​အ​ခါ ရွေး​ကောက်​တော်​မူ​သော​မော​ရှေ​သည် အ​မျက်​တော်​ကို​လွှဲ၍၊ ထို​သူ​တို့​ကို ဖျက်​ဆီး​တော်​မ​မူ​စေ​ခြင်း​ငှာ၊ ဖျက်​ဆီး​ရာ​အ​ရပ်၊ ရှေ့​တော်၌​မ​ရပ်​လျှင်၊ သူ​တို့​ကို ဖျက်​ဆီး​မည်​ဟု အ​ကြံ​ရှိ​တော်​မူ၏။

ထို​အ​ခါ ဖိ​န​ဟတ်​သည်​ထ၍ တ​ရား​စီ​ရင်​သ​ဖြင့်၊ ကာ​လ​နာ​သည် ငြိမ်း​လေ၏။

ပ​ညာ​သည် စစ်​လက်​နက်​ထက် သာ၍​ကောင်း​မြတ်၏။ ဒု​စ​ရိုက်​ကို​ပြု​သော​သူ​သည်​လည်း၊ ကောင်း​သော​အ​မှု​များ​ကို ဖျက်​ဆီး​တတ်၏။

ထို​ပြည်​ကို ငါ​မ​ဖျက်​ဆီး​စေ​ခြင်း​ငှာ ကွယ်​ကာ​သော​သူ၊ မြို့​ရိုး​ပျက်​ပေါ်​မှာ​ရပ်၍ ဆီး​တား​သော​သူ တစ်​ယောက်​ကို​မျှ ငါ​ရှာ၍​မ​တွေ့။

ငါ့​ကို​ချီ၍ ပင်​လယ်​ထဲ​သို့ ချ​ပစ်​ကြ​လော့။ သို့​ပြု​လျှင်၊ လှိုင်း​တံ​ပိုး​သည် သင်​တို့၌ ငြိမ်း​လိမ့်​မည်။ ဤ​ပြင်း​စွာ​သော မိုး​သက်​မုန်​တိုင်း​သည် ငါ့​ကြောင့်​သာ သင်​တို့​အ​ပေါ်​သို့ ရောက်​သည်​ကို ငါ​သိ၏​ဟု ပြန်​ပြော​သော်​လည်း၊

ပေါ​လု၊ သင်​သည် မ​စိုး​ရိမ်​နှင့်။ ကဲ​သာ​ဘု​ရင်​ရှေ့​သို့ ရောက်​ရ​မည်။ သင်​နှင့်​အ​တူ ပင်​လယ်​ကူး​သော သူ​အ​ပေါင်း​တို့​ကို ဘု​ရား​သ​ခင်​သည် သင့်​အား​ပေး​တော်​မူ​ပြီ​ဟု ဆို၏။-

နော​ဧ​သည် မ​မြင်​သေး​သော အ​မှု​အ​ရာ​တို့​ကို ဖော်​ပြ​သော ဗျာ​ဒိတ်​တော်​ကို​ခံ​ရ​ပြီး​မှ၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ကြောက်​ရွံ့​သော​စိတ်​ရှိ၍၊ မိ​မိ​အိမ်​သူ​အိမ်​သား​တို့​ကို ကယ်​တင်​ခြင်း​ငှာ သင်္ဘော​ကို​တည်​လေ၏။ ထို​ယုံ​ကြည်​ခြင်း​အား​ဖြင့် လော​ကီ​သား​တို့​ကို အ​ပြစ်​တင်၍ ယုံ​ကြည်​ခြင်း​နှင့်​ယှဉ်​သော ဖြောင့်​မတ်​ခြင်း​ကို​လည်း အ​မွေ​ခံ​ရ၏။

ဇေ​ရ​သား​အာ​ခန်​သည် ကျိန်​အပ်​သော​အ​ရာ၌ ပြစ်​မှား၍ အ​မျက်​တော်​သည် ဣ​သ​ရေ​လ​အ​မျိုး ပ​ရိ​သတ်​အ​ပေါင်း​တို့​အ​ပေါ်​မှာ ရောက်​သည်​မ​ဟုတ်​လော။ ထို​သူ​သည် ပြစ်​မှား​သော​အ​ပြစ်​ကြောင့် တစ်​ယောက်​တည်း​သာ သေ​ရ​သည်​မ​ဟုတ်​ဟု ဆို​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ