တစ်ဖန်ဧလိဟုဆက်၍ မြွက်ဆိုသည်ကား၊ ငါသည် ဘုရားသခင်ထက်သာ၍ ဖြောင့်မတ်၏ဟု သင်ပြောသောစကား မှန်သည်ထင်သလော။
ထိုအခါ ဗုဇအမျိုး ဗာရခေလသားဧလိဟု မြွက်ဆိုသည်ကား၊ ငါသည် အသက်ငယ်ပါ၏။ သင်တို့သည် အလွန်အသက်ကြီးပါ၏။ ထိုကြောင့် ငါသည်ကြောက်၍ ကိုယ်သဘောကိုမပြဝံ့ဘဲ နေပါပြီ။
တစ်ဖန် ဧလိဟုဆက်၍ မြွက်ဆိုသည်ကား၊
ဒုစရိုက်ကို ပြုသည်သာမက၊ ပုန်ကန်သော အပြစ်ရှိသေး၏။ ငါတို့တွင် အောင်ပွဲကိုခံ၍၊ ဘုရားသခင်ကို ပြစ်မှားသောစကားနှင့် များစွာပြောတတ်သည်ဟု မြွက်ဆို၏။