Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယောဘဝတ္တု။ 33:30

Judson Bible

သင်္ချိုင်း​တွင်း​မှ​နုတ်​ယူ၍၊ အ​သက်​ရှင်​သော​သူ​တို့၏​အ​လင်း​နှင့် လင်း​စေ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

သူ၏​အ​သက်​ကို သင်္ချိုင်း​တွင်း​မှ ကွယ်​ကာ၍၊ ဓား​ဘေး​ဖြင့် မ​သေ​စေ​ခြင်း​ငှာ စောင့်​မ​တော်​မူ၏။

ဘု​ရား​သ​ခင်​က၊ သင်္ချိုင်း​တွင်း​ထဲ​သို့ ထို​သူ​ကို​မ​ဆင်း​စေ​ဘဲ ကယ်​တင်​လော့။ ရွေး​ရာ​အ​ကြောင်း​ကို ငါ​တွေ့​ပြီ​ဟု က​ရု​ဏာ​စိတ်​ရှိ၍ မိန့်​တော်​မူ​သော​အား​ဖြင့်၊

သင်္ချိုင်း​တွင်း​ထဲ​သို့ ငါ့​ကို​မ​ဆင်း​စေ​ဘဲ ကယ်​တင်​တော်​မူ​သ​ဖြင့်၊ ငါ့​အ​သက်​သည် မှောင်​မိုက်​နှင့်​လွတ်​လျက်​ရှိ၏​ဟု လူ​တို့​တွင် သီ​ချင်း​ဆို​ရ​လိမ့်​မည်။

အို​ယော​ဘ၊ ငါ့​စ​ကား​ကို သ​တိ​နှင့် နား​ထောင်​လော့။ တိတ်​ဆိတ်​စွာ​နေ​လော့။ ငါ​ပြော​ပါ​မည်။

နှုတ်​က​ပတ်​တော်​ကို​လွှတ်​သ​ဖြင့်၊ သူ​တို့​အ​နာ​ကို ငြိမ်း​စေ၍၊ ဖျက်​ဆီး​ခြင်း​အ​ရာ​များ​ထဲ​က နုတ်​ယူ​တော်​မူ၏။

အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​စ​ကား​ကို မျက်​နှာ​ပြု၍ နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​မျက်​စိ​ကို လင်း​စေ​တော်​မူ​ပါ။ သို့​မ​ဟုတ်​လျှင် အ​သေ​အိပ်​ပျော်​ခြင်း​သို့ ရောက်​ရ​ပါ​မည်။

သို့​သော်​လည်း၊ သူ​သည် သူ၏​ဘိုး​ဘေး​အ​မျိုး​ရှိ​ရာ​သို့ သွား​ရ​လိမ့်​မည်။ ကာ​လ​အ​စဉ်​အ​ဆက် သူ​တို့​သည် အ​လင်း​ကို မ​မြင်​ရ​ကြ။

ကိုယ်​တော်​သည် အ​ကျွန်ုပ်​အ​သက်​ကို သေ​ခြင်း​မှ ကယ်​လွှတ်​တော်​မူ​ပြီ။ အ​သက်​ရှင်​သော​သူ​တို့၏​အ​လင်း​ထဲ​မှာ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​ကျွန်ုပ်​ကျင့်​နေ​ပါ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​ခြေ​ကို​လည်း ထိ​မိ၍​လဲ​ခြင်း​မှ ကယ်​လွှတ်​တော်​မူ​မည် မ​ဟုတ်​လော။

အို​ယာ​ကုပ် အ​မျိုး​သား​တို့၊ လာ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား၏​အ​လင်း​တော်၌ ကျင်​လည်​ကြ​ကုန်​အံ့။

အ​ကျွန်ုပ်​ခံ​ရ​သော ဝေ​ဒ​နာ​သည် ငြိမ်း​ပါ​ပြီ။ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​ကို သ​နား၍၊ ဖျက်​ဆီး​ရာ​တွင်း​ထဲ​က နုတ်​ယူ​တော်​မူ​ပြီ။ အ​ကျွန်ုပ် အ​ပြစ်​ရှိ​သ​မျှ​တို့​ကို နောက်​တော်​သို့ ပစ်​လိုက်​တော်​မူ​ပြီ။

သင်၏​အ​မှု​မူ​ကား၊ ချုပ်​ထား​လျက်​ရှိ​သော သင်၏​လူ​တို့​ကို၊ ရေ​မ​ရှိ​သော မြေ​တွင်း​ထဲ​က၊ သင်​နှင့် ဖွဲ့​သော ပ​ဋိ​ညာဉ်​အ​သွေး​ကြောင့် ငါ​ကယ်​လွှတ်​မည်။

တစ်​ဖန်​တုံ​ယေ​ရှု​က၊ ငါ​သည် ဤ​လော​က၏​အ​လင်း​ဖြစ်၏။ ငါ့​နောက်​သို့ လိုက်​သော​သူ​သည် မှောင်​မိုက်၌ မ​သွား​မ​လာ။ အ​သက်၏​အ​လင်း​ကို​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-

သင်​သည် ယ​ခု​မြင်​ရ​သော​အ​ကြောင်း​အ​ရာ​တို့​နှင့်၊ နောက်​မှ ငါ​သည်​သင့်​အား ထင်​ရှား​လ​တ္တံ့​သော အ​ကြောင်း​အ​ရာ​တို့​မှာ၊ အ​မှု​ဆောင်​ရွက်​သော​သူ၊ သက်​သေ​ခံ​သော​သူ​အ​ရာ၌ သင့်​ကို​ခန့်​ထား​စေ​ခြင်း​ငှာ ငါ​သည်​သင့်​အား ထင်​ရှား၏။ တစ်​ပါး​အ​မျိုး​သား​တို့​သည် မှောင်​မိုက်​မှ အ​လင်း​သို့ ကူး​မြောက်၍၊ စာ​တန်၏​အာ​ဏာ​ထဲ​မှ ဘု​ရား​သ​ခင့်​အ​ထံ​တော်​သို့ ပြောင်း​လဲ​သော​အား​ဖြင့် အ​ပြစ်​လွှတ်​ခြင်း ကျေး​ဇူး​ကို ခံ​ရ​မည်​အ​ကြောင်း​နှင့်၊ ငါ့​ကို​ယုံ​ကြည်​သော​အား​ဖြင့် သန့်​ရှင်း​ခြင်း​သို့ ရောက်​သော​သူ​တို့​နှင့် ဆက်​ဆံ၍ အ​မွေ​ခံ​ရ​မည်​အ​ကြောင်း၊ သူ​တို့၏​မျက်​စိ​ကို ဖွင့်​စေ​ခြင်း​ငှာ သူ​တို့​ဆီ​သို့ သင့်​ကို ငါ​စေ​လွှတ်​မည်​ဟု မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ