Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယောဘဝတ္တု။ 33:23

Judson Bible

သို့​ရာ​တွင် လူ​တို့​အား​တ​ရား​လမ်း​ကို ပြ​စေ​ခြင်း​ငှာ၊ တစ်​ထောင်​တွင် အထွတ်​ဖြစ်၍၊ တ​ရား​စ​ကား​ကို ပြန်​တတ်​သော​တ​မန်​ရှိ​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

32 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​က​လည်း၊ ငါ​တို့​သည်​အိပ်​မက်​ကို​မြင်​ရ​ပြီ။ အ​နက်​ကို​ဖတ်​နိုင်​သော​သူ မ​ရှိ​ဟု​ဆို​ကြ​သော်၊ ယော​သပ်​က၊ အိပ်​မက်​အ​နက်​များ​ကို ဘု​ရား​သ​ခင်​ဆိုင်​တော်​မူ​သည် မ​ဟုတ်​လော။ သို့​ဖြစ်၍ သင်​တို့​အိပ်​မက်​ကို ကျွန်ုပ်​အား​ကြား​ပြော​ကြ​ပါ​ဟု​ဆို​၏။

ကိုယ်​တော်​မူ​ကား အ​ကျွန်ုပ်​တို့​အ​ပေါ်​သို့ ရောက်​စေ​သ​မျှ​သော​အ​မှု၌ တ​ရား​တော်​မူ၏။ အ​ကျွန်ုပ်​တို့​သည် မ​တ​ရား​သ​ဖြင့် ပြု​ကြ​ပါ​ပြီ။ ကိုယ်​တော်​သည် တ​ရား​သ​ဖြင့်​သာ စီ​ရင်​တော်​မူ​ပြီ။

နက်​နဲ​သော ပ​ညာ​အ​ရာ​တည်း​ဟူ​သော သင်​နား​လည်​နိုင်​သည်​ထက်၊ နှစ်​ဆ​သာ​သော​အ​ရာ​တို့​ကို သင့်​အား​ပြ​တော်​မူ​ပါ​စေ။ ထို​သို့​ပြ​တော်​မူ​လျှင် သင်​သည် အ​ပြစ်​ခံ​ထိုက်​သည်​အ​တိုင်း အ​ပြစ်​ပေး​တော်​မ​မူ​ကြောင်း ကို​သိ​ရ​လိမ့်​မည်။

သို့​ဖြစ်၍ ဉာဏ်​ကောင်း​သော​သူ​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ ဒု​စ​ရိုက်​သည် ဘု​ရား​သ​ခင်​နှင့်​လည်း​ကောင်း၊ အ​ပြစ်​သည် အ​န​န္တ​တန်​ခိုး​ရှင်​နှင့်​လည်း​ကောင်း ဝေး​ပါ​စေ။

အ​ကယ်​စင်​စစ် ဘု​ရား​သ​ခင်​သည် ဒု​စ​ရိုက်​ကို ပြု​တော်​မ​မူ။ အ​န​န္တ​တန်​ခိုး​ရှင်​သည် မ​တ​ရား​သ​ဖြင့် စီ​ရင်​တော်​မ​မူ။

အ​ကျွန်ုပ် နား​မ​လည်​သော​အ​ရာ​ကို သွန်​သင်​တော်​မူ​ပါ။ ဒု​စ​ရိုက်​ကို ပြု​မိ​သည်​ဖြစ်၍၊ နောက်​တစ်​ဖန် မ​ပြု​ဘဲ​နေ​ပါ​မည်​ဟု ဘု​ရား​သ​ခင်​အား လျှောက်​သင့်​သည် မ​ဟုတ်​လော။

ဘု​ရား​သ​ခင်​ကို မ​တွေ့​မ​မြင်​ရ​ဟု သင်​ဆို​သော်​လည်း၊ တ​ရား​သ​ဖြင့် စီ​ရင်​တော်​မူ​သော​ကြောင့် မျှော်​လင့်​လျက်​နေ​လော့။

ငါ​သည် ဝေး​သော​အ​ရပ်​က ကိုယ်​ပ​ညာ​ကို​ဆောင်​ခဲ့​မည်။ ငါ့​ကို ဖန်​ဆင်း​တော်​မူ​သော ဘု​ရား​သ​ခင်​သည် ဖြောင့်​မတ်​တော်​မူ​ကြောင်း​ကို ငါ​ပြ​မည်။

အ​န​န္တ​တန်​ခိုး​ရှင်​ကို ငါ​တို့​သည် စစ်၍​မ​ကုန်​နိုင်​ကြ။ အ​စွမ်း​သ​တ္တိ​အား​ဖြင့်​လည်း​ကောင်း၊ တ​ရား​စီ​ရင်​ခြင်း​နှင့် ဖြောင့်​မတ်​ခြင်း​အား​ဖြင့်​လည်း​ကောင်း ထူး​ဆန်း​တော်​မူ၏။ အ​ဘယ်​သူ​ကို​မျှ ညှဉ်း​ဆဲ​တော်​မ​မူ။

ဘု​ရား​သ​ခင်​သည် အ​ပြစ်​တင်​ခြင်း​ငှာ အ​လို​တော်​ရှိ​လျှင်၊ လူ​သည် အ​ပြစ်​တစ်​ထောင်​တွင် တစ်​ခုကို​မျှ မ​ဖြေ​နိုင်။

ငါ​တို့​နှစ်​ဦး​ကို ဆီး​တား​ပိုင်​သော စပ်​ကြား​နေ​အ​မှု​စောင့် မ​ရှိ။

အို ထာ​ဝ​ရ​ဘု​ရား၊ စီ​ရင်​တော်​မူ​ချက်​တို့​သည် ဟုတ်​မှန်​ကြောင်း​ကို​လည်း​ကောင်း၊ သ​စ္စာ​တော်​နှင့်​အ​ညီ အ​ကျွန်ုပ်​ကို ဆင်း​ရဲ​စေ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း အ​ကျွန်ုပ်​သိ​ပါ၏။

အို ထာ​ဝ​ရ​ဘု​ရား၊ မ​တ​ရား​သော​သူ​တို့​အ​ဖို့ တွင်း​တူး​စဉ်​အ​ခါ၊

ယောက်ျား​တစ်​ထောင်​တို့​တွင် တစ်​ယောက်​ကို ငါ​တွေ့​ပြီ။ မိန်း​မ​တစ်​ထောင်​တို့​တွင် တစ်​ယောက်​ကို​မျှ ငါ​မ​တွေ့။

လူ​တစ်​ယောက်​မျှ​မ​ရှိ​သည်​ကို မြင်​တော်​မူ၏။ တောင်း​ပန်​သော​သူ တစ်​ယောက်​မျှ​မ​ရှိ​သည်​ကို အံ့​ဩ​တော်​မူ၏။ ထို​ကြောင့်၊ မိ​မိ​လက်​တော်​သည် မိ​မိ​အ​ဖို့ ကယ်​တင်​ခြင်း​အ​မှု​ကို​ပြု၍၊ မိ​မိ​ဖြောင့်​မတ်​ခြင်း​တ​ရား​သည် မိ​မိ​ကို ထောက်​ပင့်၏။

ဝမ်း​နည်း​စေ​တော်​မူ​သော်​လည်း၊ က​ရု​ဏာ​တော်​များ​ပြား​သည်​နှင့်​အ​ညီ သ​နား​တော်​မူ​လိမ့်​မည်။

ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ဘေး​ဥ​ပဒ်​ကို​စောင့်၍၊ အ​ကျွန်ုပ်​တို့အပေါ်သို့ ရောက်စေတော်မူပြီ။ အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ပြု​တော်​မူ​သ​မျှ​တို့၌ ဖြောင့်​မတ်​တော်​မူ၏။ အ​ကျွန်ုပ်​တို့​သည် ဗျာ​ဒိတ်​တော်​အ​သံ​ကို နား​မ​ထောင်​ဘဲ နေ​ကြ​ပါ​ပြီ​တ​ကား။

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား၏​တ​မန်​ဟ​ဂ္ဂဲ​က၊ ငါ​သည် သင်​တို့​နှင့် အ​တူ​ရှိ၏​ဟု၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း​ကို လူ​များ​တို့​အား ဆင့်​ဆို​လေ၏။

ယဇ်​ပု​ရော​ဟိတ်၏​နှုတ်​ခမ်း​သည် ပ​ညာ​ကို​စောင့်​ရ​မည်။ သူ၏​နှုတ်၌ လူ​တို့​သည် တ​ရား​တော်​ကို​ရှာ​ရ​ကြ​မည်။ အ​ကြောင်း​မူ​ကား၊ သူ​သည် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ်​တော်​မူ​သော တ​မန်​ဖြစ်၏။

ကြည့်​ရှု​လော့။ ငါ​သွား​ရာ​လမ်း​ကို ပြင်​ရ​သော ငါ၏​တ​မန်​ကို ငါ​စေ​လွှတ်​မည်။ သင်​တို့​ရှာ​သော​သ​ခင်၊ သင်​တို့​တောင့်​တ​သော ပ​ဋိ​ညာဉ်​တ​မန်​တော်​သည် မိ​မိ​ဗိ​မာန်​တော်​သို့ ချက်​ချင်း​လာ​လိမ့်​မည်။ ကြည့်​ရှု​လော့။ ထို​သ​ခင်​လာ​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ဖိ​လိ​ပ္ပု​သည် ရ​ထား​သို့​ပြေး၍ ပ​ရော​ဖက်​ဟေ​ရှာ​ယ၏ ကျမ်း​စာ၌ ဖတ်​သည်​ကို​ကြား​လျှင်၊ ဖတ်​သော​အ​ရာ​ကို နား​လည်​ပါ၏​လော​ဟု မေး​မြန်း၏။-

ထို​သို့​ဆို​သော်၊ ငါ​သည် တစ်​ပါး​အ​မျိုး​သား​တို့​နှင့်​ဆိုင်​သော တ​မန်​တော်​ဖြစ်​သည်​နှင့် အ​ညီ၊ ထို​တ​မန်​တော်၏​အ​ရာ​ကို ချီး​မွမ်း​လျက်၊ ငါ့​အ​မျိုး​သား​ချင်း​တို့၏​စိတ်​ကို တစ်​ခု​ခု​အား​ဖြင့် နှိုး​ဆော်၍၊ အ​ချို့​တို့​ကို ကယ်​တင်​ခြင်း​ငှာ၊ တစ်​ပါး​အ​မျိုး​သား​ဖြစ်​သော သင်​တို့​အား​ဆို​ရ​သ​တည်း။-

ထို​ကြောင့် ငါ​တို့​သည်​ခ​ရစ်​တော်၏ သံ​တ​မန်​ဖြစ်​ကြ၏။ သင်​တို့​သည်​ရန်​ငြိမ်း၍ ဘု​ရား​သ​ခင်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ကြ​လော့​ဟု ဘု​ရား​သ​ခင်​သည် ငါ​တို့​အား​ဖြင့် နှိုး​ဆော် သွေး​ဆောင်​တော်​မူ​သ​ကဲ့​သို့၊ ငါ​တို့​သည် ခ​ရစ်​တော်၏ ကိုယ်​စား​ဖြစ်၍ သင်​တို့​ကို တောင်း​ပန် သွေး​ဆောင်​ကြ၏။-

ထာ​ဝ​ရ​ဘု​ရား၏ တ​မန်​တော်​သည်၊ ဂိ​လ​ဂါ​လ​မြို့​မှ ဗော​ခိမ်​မြို့​သို့​လာ၍၊ သင်​တို့ ဘိုး​ဘေး​တို့​အား ငါ​ကျိန်​ဆို​သော​ပြည်​သို့ အဲ​ဂု​တ္တု​ပြည်​မှ သင်​တို့​ကို ငါ​ဆောင်​ခဲ့​ပြီ။ သင်​တို့​နှင့် ငါ​ဖွဲ့​သော​ပ​ဋိ​ညာဉ်​ကို ငါ​မ​ဖျက် အ​စဉ်​အ​မြဲ​စောင့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ