Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယောဘဝတ္တု။ 32:21

Judson Bible

အ​ဘယ်​သူ၏​မျက်​နှာ​ကို​မျှ မ​ထောက်၊ အ​ဘယ်​သူ​ကို​မျှ ချီး​မွမ်း​သော​စ​ကား​နှင့် မ​ချော့​မော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော် ကျွန်​မ​က​လည်း၊ ငါ့​သ​ခင်​အ​ရှင်​မင်း​ကြီး၏ အ​မိန့်​တော်​ကြောင့် ချမ်း​သာ​ရ​မည်။ ဘု​ရား​သ​ခင်၏​ကောင်း​ကင်​တ​မန်​ကဲ့​သို့ ငါ့​သ​ခင်​အ​ရှင်​မင်း​ကြီး​သည် ကောင်း​မ​ကောင်း​ကို ပိုင်း​ခြား၍ သိ​တော်​မူ၏​ဟု အောက်​မေ့​ပါ၏။ ကိုယ်​တော်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​နှင့်​အ​တူ ရှိ​တော်​မူ​လိမ့်​မည်​ဟု လျှောက်​လေ၏။

ပ​ရိ​ယာယ်​ပြု၍ ဤ​သို့​အ​ယောင်​ဆောင်​စေ​ခြင်း​ငှာ ကိုယ်​တော်​ကျွန်​ယွာ​ဘ​သည် စီ​ရင်​ပါ၏။ အ​ရှင်​သ​ခင်​သည်​လည်း မြေ​ကြီး​ပေါ်​မှာ ရှိ​သ​မျှ​တို့​ကို သိ​နိုင်​သည်​တိုင်​အောင် ဘု​ရား​သ​ခင်၏ ကောင်း​ကင်​တ​မန်​သည် ပ​ညာ​ရှိ​သ​ကဲ့​သို့ ပ​ညာ​ရှိ​တော်​မူ​သည်​ဟု ပြန်​လျှောက်​လေ၏။

သင်​တို့​သည် လျှို့​ဝှက်၍ သူ့​မျက်​နှာ​ကို​ထောက်​လျှင်၊ စင်​စစ် သင်​တို့​ကို ဆုံး​မ​တော်​မူ​မည်။

မျက်​နှာ​တော်​ကို​ထောက်​လျက်​သာ၊ ဘု​ရား​သ​ခင့်​တစ်​ဖက်၌​နေ၍ ငြင်း​ခုံ​စစ်​တိုက်​ချင်​သ​လော။

ငါ​သည် သက်​သာ​ခြင်း​ငှာ မြွက်​ဆို​ရ​မည်။ နှုတ်​ကို​ဖွင့်၍ ပြန်​ပြော​ရ​မည်။

သူ​တစ်​ပါး​ကို ချီး​မွမ်း​သော​စ​ကား​နှင့် မ​ချော့​မော့​တတ်။ ထို​သို့​ပြု​လျှင်၊ ငါ့​ကို​ဖန်​ဆင်း​တော်​မူ​သော ဘု​ရား​သည် ငါ့​ကို ချက်​ချင်း​ပယ်​ရှား​တော်​မူ​မည်။

ငါ​သ​ဘော​ဖြောင့်​သည်​နှင့်​အ​ညီ ငါ့​စ​ကား​ဖြောင့်​လိမ့်​မည်။ ငါ့​နှုတ်​သည် ရှင်း​လင်း​သော​ပ​ညာ​စ​ကား​ကို မြွက်​ဆို​လိမ့်​မည်။

ထို​မျှ​မ​က၊ မင်း​တို့၏​မျက်​နှာ​ကို ထောက်​တော်​မ​မူ။ ဆင်း​ရဲ​သော​သူ​ကို အား​နာ​သည်​ထက်၊ ရ​တတ်​သော​သူ​ကို သာ၍ အား​နာ​တော်​မ​မူ​သော ဘု​ရား​သ​ခင်​ကို မ​ဆို​သင့်​သည် မ​ဟုတ်​လော။ ဘု​ရား​သ​ခင်​သည် ခပ်​သိမ်း​သော​သ​တ္တ​ဝါ​တို့​ကို ဖန်​ဆင်း​တော်​မူ​ပြီ။

သင်​တို့​သည် မ​တ​ရား​သော​သူ​တို့၏​မျက်​နှာ​ကို​ထောက်၍၊ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး မ​တ​ရား​သ​ဖြင့် စီ​ရင်​ကြ​မည်​နည်း။

ထို​မှ​တစ်​ပါး၊ ပ​ညာ​ရှိ​တို့​နှင့်​ဆိုင်​သော အ​ရာ​ဟူ​မူ​ကား၊ တ​ရား​တွေ့​မှု​စီ​ရင်​ရာ​တွင် လူ​မျက်​နှာ​ကို မ​ထောက်​ကောင်း။

ချော့​မော့​သော​စ​ကား​ကို ပြော​သော​သူ​သည် ကျေး​ဇူး​ကို​ခံ​ရ​သည်​ထက်၊ ဆုံး​မ​ပြစ်​တင်​သော​သူ​သည် နောက်​တစ်​ဖန် သာ၍ ကျေး​ဇူး​ကို​ခံ​ရ​လိမ့်​မည်။

တ​ရား​တွေ့​သည်​အ​မှု​မှာ မ​တ​ရား​သ​ဖြင့်​မ​စီ​ရင်​ရ။ ဆင်း​ရဲ​သော​သူ​ဘက်၌ မ​ငဲ့​ကွက်၊ ကြီး​သော​သူ၏ မျက်​နှာ​ကို​မ​ထောက်​ဘဲ၊ ကိုယ်​အ​မျိုး​သား​ချင်း​ကို တ​ရား​သ​ဖြင့်​စီ​ရင်​ရ​မည်။

သို့​ဖြစ်၍၊ သင်​တို့​သည် ငါ့​လမ်း​တို့​ကို မ​လိုက်၊ တ​ရား​အ​မှု​တွင် လူ​မျက်​နှာ​ကို​ထောက်​သော​ကြောင့်၊ လူ​ခပ်​သိမ်း​တို့​သည် သင်​တို့​ကို မ​ထီ​မဲ့​မြင်​ပြု၍ ရှုတ်​ချ​စေ​ခြင်း​ငှာ ငါ​စီ​ရင်​မည်။

မိ​မိ​တ​ပည့်​တို့​နှင့် ဟေ​ရုဒ်​တ​ပည့်​တို့​ကို အ​ထံ​တော်​သို့ စေ​လွှတ်၍ အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​သည် သ​စ္စာ​ရှိ​ပါ၏။ အ​ဘယ်​သူ​ကို​မျှ​မ​ကြောက်၊ လူ​မျက်​နှာ​ကို​မ​ထောက်​ဘဲ ဘု​ရား​သ​ခင်၏ တ​ရား​လမ်း​ကို ဟုတ်​မှန်​စွာ ပြ​တော်​မူ​သည်​ကို အ​ကျွန်ုပ်​တို့ သိ​ကြ​ပါ၏။-

တ​ရား​အ​မှု​ကို​စီ​ရင်​သော​အ​ခါ အ​ဘယ်​သူ၏​မျက်​နှာ​ကို မ​ထောက်​ရ။ လူ​ငယ်​စ​ကား​ကို လူ​ကြီး​စ​ကား​ကဲ့​သို့ မှတ်​ရ​မည်။ အ​ဘယ်​လူ​ကို​မျှ မ​ကြောက်​ရ။ အ​ကြောင်း​မူ​ကား၊ တ​ရား​အ​မှု​ကို ဘု​ရား​သ​ခင်​ပိုင်​တော်​မူ​သော​ကြောင့်​တည်း။ ကိုယ်​တိုင်​မ​စီ​ရင်​တတ်​သော​အ​မှု​ကို ငါ့​ထံ​မှာ​အ​ယူ​ခံ​ရ​မည်။ ငါ​လည်း​နား​ထောင်​မည်​ဟု မှာ​ခဲ့၏။

သင်​သည် တ​ရား​လမ်း​မှ မ​လွှဲ​ရ။ လူ​မျက်​နှာ​ကို မ​ထောက်​ရ။ တံ​စိုး​ကို မ​စား​ရ။ တံ​စိုး​သည် ပ​ညာ​ရှိ​မျက်​စိ​ကို ကွယ်​စေ​တတ်၏။ ဖြောင့်​မတ်​သော​သူ၏​စ​ကား​ကို ကောက်​စေ​တတ်၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ