ငါသည် သက်သာခြင်းငှာ မြွက်ဆိုရမည်။ နှုတ်ကိုဖွင့်၍ ပြန်ပြောရမည်။
တိတ်ဆိတ်စွာနေ၍ ငါပြောပါရစေ။ သို့ပြီးမှ အမှုရောက်ချင်တိုင်း ရောက်ပါလေစေ။
ငါ့အပြစ်ကို ဖော်ပြမည့်သူကား၊ အဘယ်သူနည်း။ ထိုသို့ဖော်ပြလျှင် ငါသည် တိတ်ဆိတ်စွာနေ၍ အသေခံပါမည်။
ငါပြန်ပြောရမည်အကြောင်း၊ ငါ့စိတ်နှလုံးသည် နှိုးဆော်သောကြောင့်၊ ပြောချင်သောစိတ်အားကြီး၏။
ငါပြောရသောအခွင့်ရှိစေခြင်းငှာ သည်းခံကြလော့။ ငါပြောပြီးမှ ပြက်ရယ်ပြုချင်လျှင် ပြုကြလော့။
ငါ့ဝမ်းသည် ပိတ်ဆို့သောစပျစ်ရည်နှင့် တူ၏။ အသစ်သောသားရေဘူး ကွဲလုသကဲ့သို့ ဖြစ်၏။
အဘယ်သူ၏မျက်နှာကိုမျှ မထောက်၊ အဘယ်သူကိုမျှ ချီးမွမ်းသောစကားနှင့် မချော့မော့။
ငါတို့သည် သင်နှင့်နှုတ်ဆက်စမ်းလျှင်၊ သင်သည် စိတ်ပျက်ကောင်းပျက်လိမ့်မည်။ သို့သော်လည်း၊ အဘယ်သူသည် စကားမပြောဘဲ နေနိုင်မည်နည်း။