Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယောဘဝတ္တု။ 31:7

Judson Bible

ငါ​သည် လမ်း​လွှဲ​မိ​သော်​လည်း​ကောင်း၊ ငါ့​စိတ်​နှ​လုံး​သည် ငါ့​မျက်​စိ​အ​လို​သို့ လိုက်​မိ​သော်​လည်း​ကောင်း၊ ငါ့​လက်၌ အ​ညစ်​အ​ကြေး​ကပ်​မိ​သော်​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

သို့​သော်​လည်း ငါ့​လက်၌ မ​တ​ရား​သော​အ​မှု မ​ရှိ။ ငါ​ပြု​သော​ပ​တ္ထ​နာ​သည် သန့်​ရှင်း၏။

ဖြောင့်​မတ်​သော​သူ​တို့​သည်​လည်း တည်​ကြည်​ခြင်း၊ လက်​စင်​ကြယ်​သော​သူ​တို့​သည် ခွန်​အား​တိုး​ပွား​ခြင်း ရှိ​ကြ​လိမ့်​မည်။

ခြေ​တော်​ရာ​ကို အ​စဉ်​တ​စိုက်​ငါ​လျှောက်​သွား၍၊ ကြွ​တော်​မူ​ရာ​လမ်း​ကို မ​လွှဲ​မ​ရှောင်​လိုက်​ပါ၏။

သင်​တို့​သ​ဘော​ဖြောင့်​သည်​ဟု ဝန်​ခံ​သော​စ​ကား​သည် ငါ​နှင့်​ဝေး​ပါ​စေ​သော။ ငါ​သည် ကိုယ်​သ​ဘော​ဖြောင့်​သည်​ကို သေ​သည်​တိုင်​အောင် မ​ငြင်း။

ငါ​သည် တ​ရား​သော​အ​ကျင့်​ကို လက်​မ​လွှတ်၊ စွဲ​ကိုင်​လျက်​နေ​မည်။ အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး ကိုယ်​စိတ်​နှ​လုံး​သည် ကိုယ်​ကို​အ​ပြစ်​မ​တင်​ရ။

ငါ့​ကိုယ်​ကို မိုး​ပွင့်​ရေ​နှင့်​ဆေး၍၊ ငါ့​လက်​ကို ရှင်း​ရှင်း​စင်​ကြယ်​စေ​သော်​လည်း၊

အ​ဓ​မ္မ​အ​မှု​အ​ရာ​ကို မျက်​မှောက်​မ​ပြု​ပါ။ လမ်း​လွှဲ​သော​သူ၏​အ​မှု​ကို ရွံ​ရှာ​သည်​ဖြစ်၍၊ ငါ၌ မ​မှီ​မ​ကပ်​ရ။

အ​ကျွန်ုပ်​နှင့် သင့်​တင့်​သော​သူ​ကို အ​ကျွန်ုပ်​ပြစ်​မှား၍၊ အ​ကြောင်း​မ​ရှိ​ဘဲ​လျက် ရန်​ပြု​သော​သူ​ကို အ​ကျွန်ုပ် ညှဉ်း​ဆဲ​သော်​လည်း​ကောင်း၊ ထို​သို့​သော​အ​ပြစ်​တစ်​စုံ​တစ်​ခု​ရှိ​လျှင်၊

အ​ချင်း​လူ​ပျို၊ အ​သက်​ပျို​သော​အ​ခါ ပျော်​မွေ့​လော့။ အ​သက်​ပျို​စဉ်​ကာ​လ​တွင် စိတ်​ရွှင်​လန်း​ခြင်း​ရှိ​လော့။ ကိုယ်​အ​လို​ရှိ​ရာ လမ်း​နှင့်၊ ကိုယ်​ဉာဏ်​ပြ​သော လမ်း​သို့​လိုက်​လော့။ သို့​ရာ​တွင်၊ ထို​အ​မှု​အ​လုံး​စုံ​တို့​ကို ဘု​ရား​သ​ခင်​စစ်​ကြော၍၊ သင့်​ကို အ​ပြစ်​ပေး​တော်​မူ​မည်​ဟု အောက်​မေ့​လော့။

တ​ရား​သ​ဖြင့်​ကျင့်၍ ဖြောင့်​မတ်​စွာ ပြော​ထ​သော၊ ညှဉ်း​ဆဲ​ခြင်း​အား​ဖြင့် ရ​သော​ငွေ​ကို ရွံ၍၊ တံ​စိုး​ကို​လည်း ငြင်း​ပယ်​ထ​သော၊ လူ​အ​သက်​သတ်​ခြင်း​အ​မှု​ကို နား​မ​ခံ၊ အ​ဓ​မ္မ​အ​မှု​များ​ကို မ​ကြည့်​မ​ရှု​သော​သူ​သည် မြင့်​သော​အ​ရပ်၌ နေ​လိမ့်​မည်။

အ​ချင်း​လူ​သား၊ ဤ​လူ​တို့​သည် ကိုယ်​စိတ်​နှ​လုံး၌ ကိုယ်​ရုပ်​တု​များ​ကို တည်​ထောင်၍၊ ကိုယ်​မျက်​နှာ​ရှေ့​မှာ ကိုယ်​ဒု​စ​ရိုက်​သစ်​တုံး​ကို ထား​ကြ​ပြီ။ သူ​တို့​မေး​လျှောက်​ခြင်း​ကို ငါ​ခံ​ရ​မည်​လော။

ငါ​နှင့်​ကွာ​ပြီး​လျှင်၊ ကိုယ်​စိတ်​နှ​လုံး၌ ကိုယ်​ရုပ်​တု​များ​ကို​တည်​ထောင်၍၊ ကိုယ်​မျက်​နှာ​ရှေ့​မှာ ကိုယ်​ဒု​စ​ရိုက်​သစ်​တုံး​ကို ထား​လျက်​ပင်၊ ငါ့​အ​လို​ကို မေး​မြန်း​ခြင်း​ငှာ၊ ပ​ရော​ဖက်​ထံ​သို့​လာ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ ဣ​သ​ရေ​လ​အ​မျိုး၌ တည်း​နေ​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​စေ၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​အ​လို​အ​လျောက်​ပြန်​ပြော​သ​ဖြင့်၊

ငါ့​ကို​စွန့်​ပစ်၍ မှား​ယွင်း​တတ်​သော နှ​လုံး​ကို​လည်း​ကောင်း၊ ရုပ်​တု​ဆင်း​တု​တို့​နှင့် မှား​ယွင်း​လို​သ​ဖြင့် လိုက်၍​ကြည့်​သော မျက်​စိ​တို့​ကို​လည်း​ကောင်း ငါ​ပယ်​ဖျက်​သော​အ​ခါ၊ လွတ်​သော​သူ​တို့​သည် သိမ်း​သွား​ခြင်း​ကို​ခံ​ရာ အ​ပြည်​ပြည်​တို့၌ ငါ့​ကို​အောက်​မေ့​ကြ​လိမ့်​မည်။ ပြု​မိ​သ​မျှ​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကြောင့် ကိုယ်​ကို​ကိုယ် ရွံ​ရှာ​ကြ​လိမ့်​မည်။

ထို​ပန်း​ပွား​တို့​ကို သင်​တို့​သည်​ကြည့်​မြင်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား ပ​ညတ်​တော်​မူ​သ​မျှ​တို့​ကို အောက်​မေ့၍​ကျင့်​ကြ​မည်​အ​ကြောင်း၊ အ​ထက်​က ကိုယ်​အ​လို​သို့​လိုက်​လျက်၊ ကိုယ်​ဉာဏ်​ကို​မှီ​ဝဲ​လျက် မှား​ယွင်း​သ​ကဲ့​သို့ မ​လိုက်​မ​မှီ​ဝဲ၊

ထို​ကြောင့် လက်​ယာ​မျက်​စိ​ဖြစ်​သော်​လည်း သင့်​ကို​မှား​ယွင်း​စေ​လျှင် ထို​မျက်​စိ​ကို​ထုတ်​ပစ်​လော့။ တစ်​ကိုယ်​လုံး င​ရဲ​သို့​ချ​ခြင်း​ကို ခံ​ရ​သည်​ထက် အင်္ဂါ​တစ်​ခု​ပျက်​သော် သာ၍​ကောင်း၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ