Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယောဘဝတ္တု။ 31:40

Judson Bible

စ​ပါး​ပင်​အ​တွက် ဆူး​ပင်​ပေါက်​ပါ​စေ။ မု​ယော​ပင်​အ​တွက် ဗော​ရှ​ပင်​ပေါက်​ပါ​စေ​ဟု မြွက်​ဆို၏။ ယော​ဘ​မြွက်​ဆို​သော​စ​ကား​ပြီး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ငါ့​လက်​မောင်း​သည် ပ​ခုံး​က​ကျ​ပါ​စေ။ ငါ့​လက်​ရိုး ကျိုး​ပါ​စေ။

သို့​ဖြစ်၍ ငါ​တို့​သည် ပ​ညာ​ကို​ရှာ၍​တွေ့​ပြီ​ဟု သင်​တို့​ဆို​စ​ရာ​မ​ရှိ။ ယော​ဘ​ကို နှိမ့်​ချ​သော​သူ​ကား လူ​မ​ဟုတ်၊ ဘု​ရား​သ​ခင်​ပေ​တည်း။

ယေ​ရှဲ၏​သား​ဒါ​ဝိဒ် ဆု​တောင်း​သော​ပ​တ္ထ​နာ စ​ကား​ပြီး၏။

ဥ​ယျာဉ်​ကို ငါ​ရှင်း​ရှင်း​ဖျက်​ဆီး​မည်။ အ​ဘယ်​သူ​မျှ မ​ပြင်​ဆင်​ရ။ အ​ဘယ်​သူ​မျှ မ​တူး​ဆွ​ရ။ ဆူး​ပင်​အ​မျိုး​မျိုး ပေါက်​ကြ​လိမ့်​မည်။ ထို​ဥ​ယျာဉ်​အ​ပေါ်​မှာ​လည်း မိုး​မ​ရွာ​စေ​ခြင်း​ငှာ ငါ​ပ​ညတ်​မည်။

ထို​အ​ခါ စ​ပျစ်​နွယ်​ပင်​တစ်​ထောင်​ရှိ၍၊ ငွေ​တစ်​ထောင် အ​ဖိုး​ထိုက်​သော စ​ပျစ်​ဥ​ယျာဉ်​တိုင်း၊ ဆူး​ပင်​မျိုး​သက်​သက် ဖြစ်​ရ​လိမ့်​မည်။

ဗာ​ဗု​လုန်​မြို့​သည် ဤ​သို့​နစ်​ရ​လိမ့်​မည်။ ငါ​ရောက်​စေ​သော ဘေး​ဥ​ပဒ်​ထဲ​က နောက်​တစ်​ဖန် မ​ထ​မြောက်​ရ။ မြို့​သူ​မြို့​သား​တို့​သည် အား​ကုန်​လျက် နေ​ရ​ကြ​လိမ့်​မည်​ဟု၊ မြွက်​ဆို​ရ​မည်​အ​ကြောင်း​ကို၊ ယေ​ရ​မိ​သည် မှာ​ထား​လေ၏။ ဤ​ရွေ့​ကား၊ ယေ​ရ​မိ​စ​ကား​ပေ​တည်း။

သို့​ဖြစ်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ မော​ဘ​ပြည်​နှင့် အ​မ္မုန်​ပြည်​သည်၊ သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​ကဲ့​သို့ ဆူး​ပင်​ပေါက်​သော​အ​ရပ်၊ ဆား​ချက်​ဖို့ မြေ​တူး​ရာ​အ​ရပ်၊ အ​စဉ်​အ​မြဲ ပျက်​စီး​ရာ​အ​ရပ် ဖြစ်၍၊ ကျန်​ကြွင်း​သော ငါ၏​လူ၊ ငါ၏​အ​မျိုး​သား​တို့​သည် လု​ယူ​သိမ်း​စား​ကြ​လိမ့်​မည်။

ဧ​သော​ကို ငါ​မုန်း၍ သူ​နေ​သော​တောင်​တို့​ကို လွင်​ပြင်​ဖြစ်​စေ​ပြီ။ သူ့​အ​မွေ​ခံ​ရာ​မြေ​ကို မြေ​ခွေး​တို့၌ အပ်​လေ​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ