Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယောဘဝတ္တု။ 31:34

Judson Bible

ထို​သို့​ပြု​မိ​လျှင်၊ ကြီး​သော​ပ​ရိ​သတ်ရှေ့​မှာ ငါ့​မျက်​နှာ​ပျက်​ပါ​စေ။ လူ​အ​မျိုး​မျိုး​တို့​သည် ကဲ့​ရဲ့၍ ငါ့​အ​ရှက်​ကွဲ​ပါ​စေ။ အိမ်​ပြင်​သို့​မ​ထွက်​ဘဲ တိတ်​ဆိတ်​စွာ နေ​ရ​ပါ​စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန်​မြို့​ရိုး​ပေါ်​မှာ​ရှိ​သော ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို ခြိမ်း​ခြောက်​နှောင့်​ယှက်၍၊ မြို့​ကို​တိုက်​ယူ​နိုင်​အောင်၊ ယု​ဒ​ဘာ​သာ​စ​ကား​အား​ဖြင့် ကျယ်​သော အ​သံ​နှင့် ကြွေး​ကြော်​ကြ၏။

ယဇ်​ပု​ရော​ဟိတ်​မင်း ဧ​လျာ​ရှိပ်​သား ယော​ယ​ဒ၏ သား​တစ်​ယောက်​သည်၊ ဟော​ရ​နိ​လူ သ​မ္ဘာ​လတ်​သ​မက် ဖြစ်​သော​ကြောင့်၊ သူ့​ကို​ငါ​နှင်​ထုတ်၏။

မှူး​မတ်​နှင့် မင်း​အ​ရာ​ရှိ​တို့​ကို ခေါ်၍၊ သင်​တို့​သည် အ​မျိုး​သား​ချင်း​တို့၌ အ​တိုး​စား​တတ်​ကြ​သည် တ​ကား​ဟု ဆုံး​မ​သ​ဖြင့်၊ သူ​တို့​တစ်​ဖက်၌ လူ​အ​များ​တို့​ကို စု​ဝေး​စေ​လျက်၊

ယောက်ျား​ဖြစ်​စေ၊ မိန်း​မ​ဖြစ်​စေ၊ ရှင်​ဘု​ရင်​ခေါ်​တော်​မ​မူ​ဘဲ အ​တွင်း​တံ​တိုင်း၊ ရှင်​ဘု​ရင်​ထံ​တော်​သို့ ဝင်​မိ​သော​သူ​သည် အ​သက်​ချမ်း​သာ​ရ​မည်​အ​ကြောင်း၊ ရွှေ​ရာ​ဇ​လှံ​တံ​ကို ကမ်း​တော်​မ​မူ​လျှင်၊ အ​မှန်​သေ​ရ​မည်​အ​ကြောင်း အ​မိန့်​တော်​ရှိ​သည်​ကို၊ ရှင်​ဘု​ရင်၏ ကျွန်​တော်​မျိုး​များ​နှင့် နိုင်​ငံ​တော် ပြည်​သူ​ပြည်​သား​များ​အ​ပေါင်း​တို့​သည် သိ​ကြ၏။ အ​ကျွန်ုပ်​ကို​ကား အ​ရက်​သုံး​ဆယ်​ပတ်​လုံး၊ ရှင်​ဘု​ရင်​ထံ​တော်​သို့ ခေါ်​တော်​မ​မူ​ဟု၊

ယ​ခု​ကာ​လ သင်​သည် တိတ်​ဆိတ်​စွာ​နေ​လျှင်၊ သင်​နှင့်​သင်၏ အ​ဆွေ​အ​မျိုး​သည် ပျက်​စီး၍၊ ယု​ဒ​လူ​တို့ အ​သက်​ရှင်​ခြင်း၊ ကယ်​တင်​ခြင်း​အ​ကြောင်း တစ်​စုံ​တစ်​ခု ပေါ်​လိမ့်​မည်။ ယ​ခု​အ​မှု​ကို​ဆောင်​ဖို့​ရာ သင်​သည် မိ​ဖု​ရား​အ​ရာ​ကို​ရ​သည်​ဟု ထင်​စ​ရာ​ရှိ​သည်​မ​ဟုတ်​လော​ဟု ဧ​သ​တာ​အား ပြန်​ပြော​စေ​ခြင်း​ငှာ မှာ​လိုက်၏။

အား​ကြီး​သော​သူ​မူ​ကား မြေ​ကို​ပိုင်​ရ၏။ ဂုဏ်​အ​သ​ရေ​ရှိ​သော​သူ​သည် နေ​ရ​သော​အ​ခွင့်​ကို​ရ၏။

ထို​မျှ​မ​က၊ မင်း​တို့၏​မျက်​နှာ​ကို ထောက်​တော်​မ​မူ။ ဆင်း​ရဲ​သော​သူ​ကို အား​နာ​သည်​ထက်၊ ရ​တတ်​သော​သူ​ကို သာ၍ အား​နာ​တော်​မ​မူ​သော ဘု​ရား​သ​ခင်​ကို မ​ဆို​သင့်​သည် မ​ဟုတ်​လော။ ဘု​ရား​သ​ခင်​သည် ခပ်​သိမ်း​သော​သ​တ္တ​ဝါ​တို့​ကို ဖန်​ဆင်း​တော်​မူ​ပြီ။

လူ​များ​နောက်​သို့​လိုက်​၍ မ​တ​ရား​သ​ဖြင့်​မ​ပြု​ရ။ တ​ရား​တွေ့​သည်​အ​မှု​မှာ ကြီး​သော​သူ​ဘက်၌​နေ၍၊ တ​ရား​လမ်း​မှ လွဲ​စေ​ခြင်း​ငှာ​မ​ပြော​ရ။

မော​ရှေ​က​လည်း၊ လူ​တိုင်း​ဓား​လွယ်​လျက် တပ်​တစ်​မျက်​နှာ​တံ​ခါး​မှ တစ်​မျက်​နှာ တံ​ခါး​တိုင်​အောင်​ထုတ်​ချင်း​ခပ်​သွား၍၊ အ​သီး​အ​သီး မိ​မိ​ညီ​အစ်​ကို၊ မိ​မိ​အ​ပေါင်း​အ​ဖော်၊ မိ​မိ​အိမ်​နီး​ချင်း​ကို​သတ်​စေ​ဟု ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အ​မိန့်​ရှိ​တော်​မူ​သည်​ဟု၊

လူ​ကို​ကြောက်​ရွံ့​ခြင်း​သ​ဘော​သည် ကျော့​ကွင်း​ကို​ထောင်​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​ကို ခို​လှုံ​သော​သူ​မူ​ကား လုံ​ခြုံ​လိမ့်​မည်။

ဇေ​ဒ​ကိ​မင်း​ကြီး​က​လည်း၊ ငါ​တို့​ကို အ​သက်​ရှင်​သော​သ​တ္တ​ဝါ​ဖြစ်​စေ​ခြင်း​ငှာ ဖန်​ဆင်း​သော ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ သင့်​ကို​ငါ​မ​သတ်။ သင့်​အ​သက်​ကို​ရှာ​သော ထို​လူ​တို့​လက်​သို့ သင့်​ကို​ငါ​မ​အပ်​ဟု ယေ​ရ​မိ​အား တိတ်​ဆိတ်​စွာ ကျိန်​ဆို​လေ၏။

ဇေ​ဒ​ကိ​မင်း​ကြီး​က​လည်း၊ ခါ​လ​ဒဲ​လူ​တို့​ဘက်​သို့ ကူး​သွား​သော ယု​ဒ​လူ​တို့​ကို ငါ​ကြောက်၏။ ငါ့​ကို သူ​တို့​လက်​သို့​အပ်၍၊ ငါ​သည်​ကဲ့​ရဲ့​ခြင်း​ကို​ခံ​ရ​မည် စိုး​ရိမ်​သည်​ဟု​ဆို​လျှင်၊

ဒု​စ​ရိုက်​ကို ကြိုး​စား၍​ပြု​ခြင်း​ငှာ အ​သင့်​ရှိ​ကြ၏။ မင်း​သည် လက်​ဆောင်​ကို တောင်း​တတ်၏။ တ​ရား​သူ​ကြီး​သည် တံ​စိုး​ကို စား​တတ်၏။ သူ​တစ်​ပါး​ထက်​ကြီး​သော​သူ​သည် မ​တ​ရား​သော လော​ဘ​ကို ထင်​ရှား​စေ​တတ်၏။ ထို​သို့​အ​မှု​ကို ရှုပ်​စေ​ခြင်း​ငှာ ပြု​တတ်​ကြ၏။

သို့​ဖြစ်​လျှင်၊ ယ​ခု​မှ​စ၍ ငါ​တို့​သည် ဇာ​တိ​အ​မျိုး​ကို​ထောက်၍ အ​ဘယ်​သူ​ကို​မျှ မ​သိ​မ​မှတ်။ ဇာ​တိ​အ​မျိုး​ကို​ထောက်၍ ခ​ရစ်​တော်​ကို အ​ထက်​က သိ​မှတ်​သော်​လည်း၊ ယ​ခု​မှ​စ၍ ထို​သို့​သော​သိ​မှတ်​ခြင်း မ​ရှိ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ