ဧည့်သည်သည် လမ်း၌ညကို မလွန်ရမည်အကြောင်း၊ ငါသည် ခရီးသွားသောသူတို့အား ကိုယ်တံခါးကို ဖွင့်ထားပြီ။
ဆင်းရဲသောသူတို့၏ အဘဖြစ်၏။ အသိအကျွမ်းမရှိသော သူတို့၏အမှုကို ငါနားထောင်၏။
ငါ့အိမ်သူအိမ်သားတို့က၊ အဘယ်သူသည် ငါတို့သခင်၏ အမဲသားကိုတောင့်တ၍ မဝဘဲနေရသနည်းဟု မဆိုတတ်သလော။
ငါသည် လူပြုတတ်သကဲ့သို့၊ ကိုယ်ဒုစရိုက်ကိုဖုံး၍၊ ကိုယ်ရင်ထဲ၌ ကိုယ်အပြစ်ကို ဝှက်ထားဖူးသလော။
မွတ်သိပ်သောသူကို အစာကျွေးခြင်း၊ နေရာမရှိ၊ ဆင်းရဲသောသူတို့ကို ကိုယ်အိမ်သို့ဆောင်ခြင်း၊ အဝတ်မရှိသောသူကိုမြင်လျှင်၊ အဝတ်ကိုပေးခြင်း၊ ကိုယ်အသားကို မရှောင်ဘဲနေခြင်း မဟုတ်လော။
အကြောင်းမူကား၊ ငါသည် မွတ်သိပ်သောအခါ သင်တို့သည် ကျွေးကြ၏။ ငါသည် ရေငတ်သောအခါ သင်တို့သည် သောက်ဖို့ပေးကြ၏။ ငါသည် ဧည့်သည်ဖြစ်သောအခါ သင်တို့သည် ဧည့်သည်ဝတ်ကို ပြုကြ၏။-
မင်းကြီးက၊ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ဤသူတည်းဟူသော ငါ့ညီတို့တွင် အငယ်ဆုံးသော သူတစ်ယောက်အား ပြုကြသမျှတို့ကို ငါ့အားပြုကြပြီဟု ပြန်၍မိန့်တော်မူလတ္တံ့။-
သန့်ရှင်းသူတို့သည် ဆင်းရဲသောအခါ ဝေငှပေးကမ်းကြလော့။ အာဂန္တုတို့အား ဧည့်သည်ဝတ်ကို ကြိုးစား၍ပြုကြလော့။-
ကောင်းသောအကျင့်ကိုကျင့်၍ အသရေရှိသောသူ၊ သူငယ်တို့ကို ကျွေးမွေးခြင်း၊ ဧည့်သည်ဝတ်ပြုခြင်း၊ သန့်ရှင်းသူတို့၏ခြေကိုဆေးခြင်း၊ ဆင်းရဲသောသူတို့ကို လုပ်ကျွေးခြင်း၊ ကောင်းသောအမှုရှိသမျှတို့၌ ကြိုးစား အားထုတ်ခြင်းကို ပြုဖူးသောသူဖြစ်လျှင်၊ စာရင်းအင်း ဝင်စေ။-
အချို့သောသူတို့သည် ဧည့်သည်ဝတ်ကို ပြုသည်တွင်၊ ကောင်းကင်တမန်တို့ကို အမှတ်တမဲ့ ဧည့်ခံကြပြီ။-
မြည်တမ်းခြင်းမရှိဘဲ အချင်းချင်း ဧည့်သည်ဝတ်ကို ပြုကြလော့။-
ဂိဗာမြို့မှာ ညကိုလွန်စေမည်အကြံနှင့် မြို့ထဲသို့ဝင်၍ အဘယ်သူမျှ ဧည့်မခံသေးသောကြောင့် လမ်းမှာထိုင်နေ၏။
မျှော်ကြည့်၍၊ မြို့လမ်းမှာ ဧည့်သည်တစ်ယောက်ရှိသည်ကို မြင်လျှင်၊ သင်သည် အဘယ်အရပ်သို့ သွားသနည်း၊ အဘယ်အရပ်က လာသနည်းဟု မေးသော်၊