Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယောဘဝတ္တု။ 31:24

Judson Bible

ငါ​သည်​ရွှေ​ကို​ကိုး​စား၍ ရွှေ​စင်​အား၊ သင်​သည် ငါ​ခို​လှုံ​ရာ​ဖြစ်၏​ဟု ဆို​မိ​သော်​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ လာ​ဗန်​သား​တို့​က၊ ငါ​တို့​သ​ခင်၏​ဥ​စ္စာ​ရှိ​သ​မျှ​ကို ယာ​ကုပ်​သည် ယူ​သွား​လေ​ပြီ​တ​ကား၊ ငါ​တို့​အ​ဘ၏​ဥ​စ္စာ​အား​ဖြင့်၊ သူ၌​ဤ​မည်​သော​စည်း​စိမ်​ရှိ​သ​မျှ​သည် ဖြစ်​လေ​ပြီ​ဟု၊ ဆို​ကြ​သည်​ကို​ယာ​ကုပ်​ကြား၍၊

ရွှေ​ကို​မြေ​မှုန့်​ကဲ့​သို့​လည်း​ကောင်း၊ ဩ​ဖိ​ရ​ရွှေ​ကို မြစ်၌​ရှိ​သော ကျောက်​စ​ရစ်​ကဲ့​သို့​လည်း​ကောင်း သို​ထား​ရ​လိမ့်​မည်။

ထို​သူ​သည် သေ​သော​အ​ခါ၊ အ​ဘယ်​ဥ​စ္စာ​မျှ မ​ပါ​ရ။ သူ၏​ဂုဏ်​အ​သ​ရေ​သည် သူ့​နောက်​သို့ မ​ဆင်း​သက်​ရ။

ဘု​ရား​သ​ခင်​ကို မ​ခို​လှုံ၊ မိ​မိ​ဥ​စ္စာ​ကြွယ်​ဝ​ခြင်း၌ ကိုး​စား၍၊ မိ​မိ​ဒု​စ​ရိုက်၌ ခိုင်​ခံ့​သော​သူ​ကို​ကြည့်​ပါ​ဟူ၍ သူ၌​ရယ်​ကြ​လိမ့်​မည်။

ညှဉ်း​ဆဲ​ခြင်း​ကို မ​ကိုး​စား​ကြ​နှင့်။ အ​နိုင်​အ​ထက်​လု​ယူ၍ မ​ဝါ​ကြွား​ကြ​နှင့်။ ဥ​စ္စာ​များ​ပြား​လျှင် စိတ်​စွဲ​လမ်း​ခြင်း မ​ရှိ​ကြ​နှင့်။

ငွေ​ရ​တတ်​သော​သူ၏​စည်း​စိမ်​သည် သူ၏​ခိုင်​ခံ့​သော​မြို့​ဖြစ်၏။ ဆင်း​ရဲ​သား​တို့၏​ဆင်း​ရဲ​ခြင်း​မူ​ကား၊ သူ​တို့၏ အ​ကျိုး​နည်း​ကြောင်း​ဖြစ်၏။

မိ​မိ​စည်း​စိမ်​ကို ကိုး​စား​သော​သူ​သည် ရှုံး​လိမ့်​မည်။ ဖြောင့်​မတ်​သော​သူ​မူ​ကား၊ သစ်​ခက်​ကဲ့​သို့ စိမ်း​လန်း​လိမ့်​မည်။

သို့​မ​ဟုတ်၊ အ​ကျွန်ုပ်​သည် ကြွယ်​ဝ၍၊ ထာ​ဝ​ရ​ဘု​ရား​ကား၊ အ​ဘယ်​သူ​နည်း​ဟု​ဆို​လျက်၊ ကိုယ်​တော်​ကို ငြင်း​ပယ်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ​ပါ၏။ သို့​မ​ဟုတ်၊ ဆင်း​ရဲ၍ သူ့​ဥ​စ္စာ​ကို​ခိုး​သ​ဖြင့်၊ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်​နာ​မ​တော်​ကို မု​သား​နှင့်​ဆိုင်၍ မြွက်​ဆို​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ​ပါ၏။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ပ​ညာ​ရှိ​သော​သူ​သည် မိ​မိ​ပ​ညာ၌ မ​ဝါ​ကြွား​စေ​နှင့်။ ခွန်​အား​ကြီး​သော​သူ​သည် မိ​မိ​ခွန်​အား၌ မ​ဝါ​ကြွား​စေ​နှင့်။ ဥ​စ္စာ​ရ​တတ်​သော​သူ​သည် မိ​မိ​ဥ​စ္စာ၌ မ​ဝါ​ကြွား​စေ​နှင့်။

ထူး​ဆန်း​သော ပ​ညာ​နှင့် ကုန်​စ​လယ်​များ​အား​ဖြင့် စည်း​စိမ်​ကြီး၍၊ ထို​စည်း​စိမ်​ကြောင့် စိတ်​ဝါ​ကြွား​ပြီ။

ယေ​ရှု​က​လည်း၊ ဥ​စ္စာ​ရ​တတ်​သော​သူ​သည် ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သို့ အ​လွန်​ဝင်​ခဲ​လှ၏​ဟု ပတ်​လည်​သို့​ကြည့်​ရှု၍ တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ၏။-

ထို​မှ​တစ်​ပါး လော​ဘ​လွန်​ကျူး​ခြင်း​ကို သ​တိ​နှင့် ကြဉ်​ရှောင်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ စည်း​စိမ်​ရှိ​သော်​လည်း စည်း​စိမ်၌ အ​သက်​မ​တည်​ဟု မိန့်​တော်​မူ၏။

ထို​ကြောင့် မ​တ​ရား​သော မေ​ထုန်၌​မှီ​ဝဲ​ခြင်း၊ ညစ်​ညူး​စွာ​ကျင့်​ခြင်း၊ ကိ​လေ​သာ​ပူ​ပန်​ခြင်း၊ ဆိုး​ညစ်​သော တပ်​မက်​ခြင်း၊ ရုပ်​တု​ကို ကိုး​ကွယ်​ခြင်း​ဖြစ်​သော လော​ဘ​လွန်​ကျူး​ခြင်း​တည်း​ဟူ​သော၊ မြေ​ကြီး​ပေါ်​မှာ​ရှိ​သော သင်​တို့၏ ကိုယ်​အင်္ဂါ​တို့​ကို သေ​စေ​ကြ​လော့။-

အ​ကြောင်း​မူ​ကား၊ ငွေ​ကို​တပ်​မက်​ခြင်း​သည် မ​ကောင်း​သော အ​မှု​အ​ပေါင်း​တို့​တွင် မူ​လ​အ​မြစ်​ဖြစ်​သ​တည်း။ လူ​အ​ချို့​တို့​သည် ငွေ​ကို တပ်​မက်​သော​ကြောင့် ယုံ​ကြည်​ခြင်း​တ​ရား​လမ်း​မှ လွှဲ​သွား၍၊ ပူ​ပန်​ခြင်း​ဝေ​ဒ​နာ​များ​နှင့် ကိုယ်​ကို​ကိုယ် ထုတ်​ချင်း​ခပ်​အောင် ထိုး​ကြ​ပြီ။

ဤ​ဘ​ဝ၌ ငွေ​ရ​တတ်​သော​သူ​တို့​သည် မာန်​မာ​န စိတ်​နှင့် ကင်း​လွတ်၍၊ မ​မြဲ​သော​စည်း​စိမ်​ကို မ​ကိုး​စား​ဘဲ၊ ငါ​တို့​ခံ​စား​ဖို့​ရာ အ​လုံး​စုံ​တို့​ကို​ကြွယ်​ဝ​စွာ ပေး​သ​နား​တော်​မူ​သော၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ကိုး​စား​ရ​မည်​အ​ကြောင်း​နှင့်၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ