Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယောဘဝတ္တု။ 31:19

Judson Bible

အ​ဝတ်​မ​ရှိ​သော​ကြောင့် သေ​ခြင်း​သို့​ရောက်​သော သူ​တစ်​စုံ​တစ်​ယောက်​နှင့်၊ ခြုံ​စ​ရာ​မ​ရှိ​ဘဲ ဆင်း​ရဲ​စွာ​နေ​သော​သူ တစ်​စုံ​တစ်​ယောက်​ကို ငါ​မြင်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

အ​ထက်​ဆို​ခဲ့​ပြီး​သော​သူ​တို့​သည် ထ​လျက်၊ သိမ်း​ယူ​ခဲ့​သော သူ​တို့​ကို​ခေါ်၍၊ အ​ဝတ်​မ​ရှိ​သော​သူ​တို့​ကို လက်​ရ​ဥ​စ္စာ​ဖြင့် ဝတ်​ဆင်​စေ​ကြ၏။ ခြေ​နင်း​ကို စီး​စေ​ကြ၏။ စား​သောက်​စ​ရာ​ဖို့​ပေး​ကြ၏။ ဆီ​နှင့် လိမ်း​စေ​ကြ၏။ အား​မ​ရှိ​သော​သူ​အ​ပေါင်း​တို့​ကို မြည်း​ပေါ်​မှာ​တင်၍၊ သူ​တို့ ပေါက်​ဖော်​ရှိ​ရာ ယေ​ရိ​ခေါ​မြို့​တည်း​ဟူ​သော စွန်​ပ​လွံ​ပင်​မြို့​သို့ ပို့​ပြီး​မှ၊ ရှ​မာ​ရိ​မြို့​သို့ ပြန်​သွား​ကြ၏။

သင်​သည် ညီ​အစ်​ကို​ပေါင်​ထား​သော ဥ​စ္စာ​ကို မ​တ​ရား​သ​ဖြင့် ခံ​ယူ​ပြီ။ ဆင်း​ရဲ​သော​သူ​တို့၏ အ​ဝတ်​ကို​လည်း ချွတ်​ယူ​ပြီ။

ငတ်​မွတ်​သော​သူ​တို့​ကို လမ်း​လွဲ​စေ​ကြ၏။ ဆင်း​ရဲ​သော​ပြည်​သား​တို့​သည် စု​ဝေး၍ ပုန်း​ရှောင်​လျက်​နေ​ရ​ကြ၏။

ပျက်​လု​သော​သူ ကောင်း​ချီး​ပေး​ခြင်း​ကို ငါ​ခံ​ရ၏။ မု​ဆိုး​မ​စိတ်​နှ​လုံး​ကို ရွှင်​လန်း​စေ၏။

ဆင်း​ရဲ​သား​သည် အ​ဘ​ထံ​မှာ​နေ​သ​ကဲ့​သို့၊ ငါ့​အ​သက်​ငယ်​စဉ်​ကာ​လ​မှ​စ၍ ငါ​နှင့်​အ​တူ ကျွေး​မွေး​ခြင်း​ကို ခံ​ပြီ။ ငါ​သည် ဖွား​မြင်​သော​နေ့​မှ​စ၍ မု​ဆိုး​မ​ကို မ​စ​ပြီ။

သူ၏​ခါး​သည် ငါ့​ကို​ကောင်း​ချီး​မ​ပေး။ ငါ့​သိုး​မွေး​အား​ဖြင့် မ​နွေး​ဘဲ​နေ​သော်​လည်း​ကောင်း၊

မွတ်​သိပ်​သော​သူ​ကို အ​စာ​ကျွေး​ခြင်း၊ နေ​ရာ​မ​ရှိ၊ ဆင်း​ရဲ​သော​သူ​တို့​ကို ကိုယ်​အိမ်​သို့​ဆောင်​ခြင်း၊ အ​ဝတ်​မ​ရှိ​သော​သူ​ကို​မြင်​လျှင်၊ အ​ဝတ်​ကို​ပေး​ခြင်း၊ ကိုယ်​အ​သား​ကို မ​ရှောင်​ဘဲ​နေ​ခြင်း မ​ဟုတ်​လော။

ငါ​သည် အ​ဝတ်​အ​ချည်း​စည်း​ရှိ​သော​အ​ခါ သင်​တို့​သည် အ​ဝတ်​နှင့် ဖုံး​လွှမ်း​ကြ၏။ ငါ​သည် အ​နာ​ရော​ဂါ စွဲ​သော​အ​ခါ သင်​တို့​သည် ကြည့်​ရှု​ပြု​စု​ကြ၏။ ငါ​သည် ထောင်​ထဲ​မှာ​နေ​ရ​သော​အ​ခါ သင်​တို့​သည် ငါ့​ထံ​သို့​လာ​ကြ၏​ဟု မိန့်​တော်​မူ​လျှင်၊-

ငါ​သည် ဧည့်​သည်​ဖြစ်​သော​အ​ခါ သင်​တို့​သည် ဧည့်​သည်​ဝတ်​ကို​မ​ပြု။ ငါ​သည် အ​ဝတ်​အ​ချည်း​စည်း ရှိ​သော​အ​ခါ သင်​တို့​သည် အ​ဝတ်​နှင့်​မ​ဖုံး​မ​လွှမ်း။ ငါ​သည် အ​နာ​ရော​ဂါ စွဲ​သော​အ​ခါ၌​လည်း​ကောင်း၊ ထောင်​ထဲ​မှာ​နေ​ရ​သော အ​ခါ၌​လည်း​ကောင်း၊ သင်​တို့​သည် မ​ကြည့်​ရှု​မ​ပြု​စု​ကြ​ဟု မိန့်​တော်​မူ​လျှင်၊-

ယော​ဟန်​က၊ အင်္ကျီ​နှစ်​ထည်​ရှိ​သော​သူ​သည် အင်္ကျီ​မ​ရှိ​သော​သူ​အား မျှ​စေ။ စား​စ​ရာ​ရှိ​သော​သူ​သည်​လည်း ထို​နည်း​တူ​ပြု​စေ​ဟု ပြန်​ပြော၏။-

ပေ​တ​ရု​သည် ထ၍​ထို​သူ​တို့​နှင့် အ​တူ​လိုက်​လေ၏။ ရောက်​လျှင် အ​ထက်​ခန်း​သို့​ခေါ်​ပင့်၍ မု​ဆိုး​မ​များ​တို့​သည် ငို​ကြွေး​လျက်၊ သူ​တို့​နှင့်​အ​တူ ဒေါ်​ကာ​ရှိ​စဉ်​အ​ခါ​လုပ်​ခဲ့​သော​အင်္ကျီ​နှင့် အ​ဝတ်​များ​ကို ပြ​လျက်​ရှိ​ကြ၏။-

သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​က၊ ငြိမ်​ဝပ်​စွာ​သွား​ကြ​လော့။ နွေး​ကြ​လော့။ ဝ​ကြ​လော့​ဟု ပြော​လျက်၊ သူ​တို့​ကိုယ်​နှင့်​တော်​လျော်​သော အ​သုံး​အ​ဆောင်​ကို မ​ပေး​ဘဲ​နေ​လျှင် အ​ဘယ်​အ​ကျိုး​ရှိ​သ​နည်း။-

ချစ်​သား​တို့၊ ငါ​တို့​သည် စ​ကား​ပြော​ကာ​မျှ​အား​ဖြင့်​သာ မ​ချစ်​ဘဲ၊ စိတ်​ပါ​ကိုယ်​ရောက် ဧ​ကန်​အ​မှန် ချစ်​ကြ​ကုန်​အံ့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ