Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယောဘဝတ္တု။ 31:17

Judson Bible

မိ​ဘ​မ​ရှိ​သော​သူ​တို့​အား စား​စ​ရာ​ကို​မ​မျှ​ဘဲ၊ ငါ​တစ်​ယောက်​တည်း စား​ဖူး​သ​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

သွား​ကြ​လော့၊ မြိန်​စွာ​သော​အ​စာ​ကို စား​ကြ​လော့။ ချို​သော​အ​ရည်​ကို သောက်​ကြ​လော့။ ဆင်း​ရဲ​သော​သူ​တို့​အား ဝေ​မျှ​ကြ​လော့။ ဤ​သည်​နေ့​ရက်​သည် ငါ​တို့​ဘု​ရား​ရှင်​အ​ဖို့ သန့်​ရှင်း၏။ ဝမ်း​မ​နည်း​ကြ​နှင့်၊ ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​အ​ခွင့်​နှင့် အား​ယူ၍ ဝမ်း​မြောက်​ကြ​လော့​ဟု လူ​အ​ပေါင်း​တို့​အား ဆို​ကြ၏။

ထို​သူ​သည် ဘ​ထွေး​သ​မီး ဟ​ဒဿ​တည်း​ဟူ​သော ဧ​သ​တာ​ကို မွေး​မြူ၏။ ထို​သ​တို့​သ​မီး​သည် မိ​ဘ​မ​ရှိ၊ ပုံ​ပြင်​ယဉ်​ကျေး၍ အ​သွေး​အ​ဆင်း​လည်း လှ၏။ မိ​ဘ​သေ​သော​အ​ခါ၊ မော်​ဒ​ကဲ​သည် ယူ၍ ကိုယ်​သ​မီး​ကဲ့​သို့ မှတ်​သ​တည်း။

မော​သော​သူ​သောက်​ဖို့ ရေ​ကို​မ​ပေး။ ငတ်​မွတ်​သော​သူ​ကို မ​ကျွေး။

ဆင်း​ရဲ​သား​သည် အ​ဘ​ထံ​မှာ​နေ​သ​ကဲ့​သို့၊ ငါ့​အ​သက်​ငယ်​စဉ်​ကာ​လ​မှ​စ၍ ငါ​နှင့်​အ​တူ ကျွေး​မွေး​ခြင်း​ကို ခံ​ပြီ။ ငါ​သည် ဖွား​မြင်​သော​နေ့​မှ​စ၍ မု​ဆိုး​မ​ကို မ​စ​ပြီ။

ရုံး​တော်​တွင် ငါ့​ဘက်၌ နေ​သော​မင်း​ကို ငါ​သည်​မြင်၍၊ မိ​ဘ​မ​ရှိ​သော​သူ​ကို ညှဉ်း​ဆဲ​မိ​သော်​လည်း​ကောင်း၊

အ​ဘယ်​သူ​ကို​မျှ မ​ညှဉ်း​ဆဲ၊ ပေါင်​ထား​သော ဥ​စ္စာ​ကို​မ​သိမ်း၊ သူ့​ဥ​စ္စာ​ကို အ​နိုင်​အ​ထက်​မ​လု​မ​ယူ၊ ငတ်​မွတ်​သော​သူ​ကို ကျွေး​မွေး​ခြင်း၊ အ​ဝတ်​မ​ရှိ​သော​သူ​ကို အ​ဝတ်​နှင့်​ဖုံး​လွှမ်း​ခြင်း၊

အ​ဘယ်​သူ​ကို​မျှ မ​ညှဉ်း​ဆဲ၊ ကြွေး​စား​ပေါင်​ထား​သော​ဥ​စ္စာ​ကို ပြန်၍​မ​ပေး​ဘဲ​မ​နေ၊ သူ့​ဥ​စ္စာ​ကို အ​နိုင်​အ​ထက်​မ​လု​မ​ယူ၊ ငတ်​မွတ်​သော​သူ​ကို ကျွေး​မွေး၍၊ အ​ဝတ်​မ​ရှိ​သော​သူ​ကို အ​ဝတ်​နှင့် ဖုံး​လွှမ်း​လျှင်​လည်း​ကောင်း၊

သာ၍​ကောင်း​သော​နည်း​မူ​ကား၊ တတ်​နိုင်​သ​မျှ​အ​တိုင်း ဆင်း​ရဲ​သား​တို့​အား စွန့်​ကြဲ​ကြ​လော့။ သို့​ပြု​လျှင် ခပ်​သိမ်း​သော​အ​ရာ​တို့​သည် သင်​တို့​အား​သန့်​ရှင်း​ကြ​လိမ့်​မည်။-

အ​ချို့​တို့​က၊ ယု​ဒ​ရှ​ကာ​ရုတ်​သည် ငွေ​အိတ်​ကို ဆောင်​သော​ကြောင့်၊ ဤ​ပွဲ၌ ငါ​တို့​သုံး​စ​ရာ​အ​ဖို့​ကို ဝယ်​လော့​ဟူ၍​လည်း​ကောင်း၊ သို့​မ​ဟုတ် ဆင်း​ရဲ​သော​သူ​တို့​အား တစ်​စုံ​တစ်​ခု​ကို ပေး​လော့​ဟူ၍​လည်း​ကောင်း၊ ယေ​ရှု​မိန့်​တော်​မူ​သည်​ဟု ထင်​မှတ်​ကြ၏။-

ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​သည် စိတ်​နှ​လုံး တ​ညီ​တ​ညွတ်​တည်း​ရှိ​ကြ၍၊ အ​ဘယ်​သူ​မျှ မိ​မိ​ဥ​စ္စာ​တစ်​စုံ​တစ်​ခု​ကို ငါ့​ဥ​စ္စာ​ဟူ၍​မ​ဆို​ဘဲ​လျက်၊ ရှိ​သ​မျှ​သော​ဥ​စ္စာ​တို့​ကို ဆက်​ဆံ​သ​ဖြင့် သုံး​ဆောင်​ကြ၏။-

သန့်​ရှင်း​သူ​တို့​သည် ဆင်း​ရဲ​သော​အ​ခါ ဝေ​ငှ​ပေး​ကမ်း​ကြ​လော့။ အာ​ဂ​န္တု​တို့​အား ဧည့်​သည်​ဝတ်​ကို ကြိုး​စား၍​ပြု​ကြ​လော့။-

သင့်​နေ​ရာ​ပြည်၌ ဆင်း​ရဲ​သား​မ​ပြတ်​ရ။ ထို​ကြောင့်၊ သင့်​ပြည်၌ ဆင်း​ရဲ​ငတ်​မွတ်​သော ညီ​အစ်​ကို​ချင်း​တို့​အား သင်၏​လက်​ကို ကျယ်​ကျယ်​ဖွင့်​ရ​မည်​အ​ကြောင်း ငါ​မှာ​ထား၏။

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​ချီး​ပေး​တော်​မူ​သည်​အ​တိုင်း၊ သင်၏​သိုး​စု၊ ကောက်​နယ်​တ​လင်း၊ စ​ပျစ်​သီး​နယ်​ရာ​ကျင်း​ထဲ​က များ​စွာ​ပေး​ရ​မည်။

ခ​မည်း​တော်​ဘု​ရား​သ​ခင့်​ရှေ့၌ စင်​ကြယ်​သန့်​ရှင်း​သော သီ​လ​ဟူ​မူ​ကား၊ မိ​ဘ​မ​ရှိ​သော​သူ​ငယ်​တို့​နှင့် မု​ဆိုး​မ​တို့​သည် ဆင်း​ရဲ​ခံ​ရ​သော​အ​ခါ၊ သူ​တို့​ကို ကြည့်​ရှု​ပြု​စု​ခြင်း၊ ကိုယ်​တိုင်​လည်း လော​ကီ​အ​ညစ်​အ​ကြေး​နှင့် ကင်း​စင်​အံ့​သော​ငှာ စောင့်​ရှောက်​ခြင်း​ပေ​တည်း။

အ​ကြင်​သူ​သည် လော​ကီ​စည်း​စိမ်​ဥ​စ္စာ ရှိ​လျက်​ပင်၊ မိ​မိ​ညီ​အစ်​ကို​ဆင်း​ရဲ​ခြင်း​ကို မြင်၍၊ သ​နား​ခြင်း က​ရု​ဏာ​စိတ်​ကို ချုပ်​တည်း၏။ ထို​သူ၌ ဘု​ရား​သ​ခင်၏ မေ​တ္တာ​တော်​သည် အ​ဘယ်​သို့ တည်​မည်​နည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ