Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယောဘဝတ္တု။ 30:30

Judson Bible

အ​ဆင်း​မည်း​လျက် အ​ရိုး​ပူ​လောင်​လျက်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ပုပ်​စပ်​ခြင်း​အား၊ သင်​သည် ငါ့​အ​ဘ​ဖြစ်၏ ဟူ၍​လည်း​ကောင်း၊ တီ​ကောင်​အား သင်​သည်​ငါ့​အ​မိ၊ ငါ့​နှ​မ​ဖြစ်​သည်​ဟူ၍​လည်း​ကောင်း ငါ​ဆို​ရ၏။

စာ​တန်​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ ထွက်​သွား၍ ယော​ဘ၏ ခြေ​ဖ​ဝါး​မှ​သည် ဦး​ထိပ်​တိုင်​အောင် ဆိုး​သော​အ​နာ​စိမ်း​များ တိုး​ပေါက်​စေ၏။

ည​အ​ခါ ငါ့​အ​ရိုး​တို့​သည် အ​လွန်​ကိုက်​ခဲ၍၊ ငါ့​အ​ကြော​တို့​သည် သက်​သာ​ခြင်း မ​ရှိ​ရ​ကြ။

အ​ကြောင်း​မူ​ကား၊ အ​ကျွန်ုပ်၏​နေ့​ရက်​ကာ​လ​သည် မီး​ခိုး​ကဲ့​သို့ ကုန်​တတ်​ပါ၏။ အ​ကျွန်ုပ်၏​အ​ရိုး​တို့​သည် မီး​ချေး​ကဲ့​သို့ ကျွမ်း​ကြ​ပါ၏။

အ​ကျွန်ုပ်၏​နှ​လုံး​သည် မြက်​ပင်​ကဲ့​သို့​အ​ထိ​အ​ခိုက်​ခံ​ရ၍၊ ညှိုး​နွမ်း​လျက် ရှိ​ပါ၏။ အ​စာ​စား​ခြင်း​ကိ​စ္စ​ကို​ပင် မေ့​လျော့​တတ်​ပါ၏။

မီး​ခိုး၌​ရှိ​သော သား​ရေ​ဘူး​ကဲ့​သို့ အ​ကျွန်ုပ်​ဖြစ်​ပါ၏။ သို့​သော်​လည်း၊ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို မ​မေ့​မ​လျော့​ပါ။

အ​ထက်​မှ​မီး​ကို ငါ့​အ​ရိုး​ထဲ​သို့ လွှတ်​လိုက်၍ ကြေ​မွေ​စေ​တော်​မူ​ပြီ။ ငါ့​ခြေ​ကို ကျော့​မိ​စေ​ခြင်း​ငှာ ကျော့​ကွင်း​ထောင်၍ ငါ့​ကို​ပြန်​စေ​တော်​မူ​ပြီ။ တစ်​နေ့​လုံး​ညှိုး​ငယ်​ခြင်း​အ​ကြောင်း၊ စိတ်​ပျက်​ခြင်း​အ​ကြောင်း​ကို ငါ၌ ဖြစ်​စေ​တော်​မူ၏။

ငါ့​အ​ရေ​နှင့် အ​သား​ကို ဆွေး​ရိ​စေ၍ ငါ့​အ​ရိုး​တို့​ကို​လည်း ချိုး​တော်​မူ၏။

ယ​ခု​မူ​ကား၊ သူ​တို့​အ​ဆင်း​သည် မှောင်​မိုက်​ထက်​မည်း​သည်​ဖြစ်၍ လမ်း၌​မ​ထင်​ရှား။ သူ​တို့​အ​ရေ​သည် အ​ရိုး၌​ကပ်၍ ထင်း​ကဲ့​သို့ သွေ့​ခြောက်​လေ၏။

မွတ်​သိပ်​ခြင်း​အ​ရှိန်​ကြောင့် အ​ကျွန်ုပ်​တို့၏​အ​ရေ​သည် မီး​ဖို​ကဲ့​သို့ မည်း​ပါ၏။

ဗျာ​ဒိတ်​တော်​သံ​ကို ငါ​ကြား​သော​အ​ခါ ရင်၌ လှုပ်​ရှား​ခြင်း၊ မေး​ခိုင်​ခြင်း၊ အ​ရိုး​ဆွေး​မြေ့​ခြင်း၊ တစ်​ကိုယ်​လုံး တုန်​လှုပ်​ခြင်း​ရှိ၏။ အ​ကြောင်း​မူ​ကား၊ အ​မှု​ရောက်​သော​နေ့၊ လုပ်​ကြံ​သော​သူ​သည် ငါ၏​လူ​မျိုး​ကို တိုက်​လာ​သော နေ့​တိုင်​အောင် ငါ​သည် နေ​ရစ်​ရ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ