ငါ့အသည်းသည် ပူလောင်၍ ငြိမ်းခြင်းမရှိ။ ဒုက္ခဆင်းရဲခံရာကာလသည် ငါ့ကိုတွေ့မိပြီ။
အကျွန်ုပ်တို့ဘိုးဘေးတို့သည် ကိုယ်တော်ကို ကိုးစားကြပါ၏။ ကိုးစားကြသည်တွင်၊ ကိုယ်တော်သည် ကယ်တင်တော်မူ၏။
နုန့်နဲ့ခြင်း၊ ကြေကွဲခြင်းရှိ၍၊ စိတ်နှလုံးလှုပ်ရှားသဖြင့် အော်ဟစ်ရပါ၏။
ထာဝရဘုရားကလည်း၊ သင်သည် နံနက်စောစောထလော့။ ရေဆိပ်သို့ထွက်သွားသော ဖာရောဘုရင်ရှေ့မှာရပ်၍ ထာဝရဘုရားက၊ ငါ၏လူတို့သည် ငါ့အားဝတ်ပြုမည်အကြောင်း၊ သူတို့ကိုလွှတ်လော့။
ဧဖရိမ်သည် ငါ၏ချစ်သားဖြစ်သလော။ ချစ်ဖွယ်သော သူငယ်ဖြစ်သလော။ သူ၏အကြောင်းကို ငါပြောလေရာရာ၌ ငါသည် အလွန်တရာ အောက်မေ့လျက်နေ၏။ ထိုကြောင့်၊ ငါသည် သူ့အတွက် စိတ်ကြင်နာခြင်းရှိ၏။ အကယ်စင်စစ် သူ့ကိုငါကယ်မသနားမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
ငါ့အသည်းသည်နာ၏။ ငါ့အသည်းသည် နာ၏။ ငါ့နှလုံးအရေဖျားလည်း နာ၏။ ငါ့အထဲ၌ ငါ့နှလုံးပူဆွေး၏။ ငါသည် တိတ်ဆိတ်စွာ မနေနိုင်။ အကြောင်းမူကား၊ အို ငါ့ဝိညာဉ်၊ သင်သည် တံပိုးမှုတ်သံနှင့် စစ်တိုက်သံကို ကြားရ၏။
အို ထာဝရဘုရား၊ ကြည့်ရှုတော်မူပါ။ အကျွန်ုပ်ပင်ပန်းပါ၏။ ဝမ်း၌ ဆူလှိုက်ခြင်းရှိပါ၏။ နှလုံးမှောက်လျက် ရှိပါ၏။ အကျွန်ုပ်သည် အလွန်ပြစ်မှားပါပြီ။ ပြင်မှာ ဓားဘေးနှင့် တွေ့ရပါပြီ။ အတွင်း၌လည်း သေမင်းနေသကဲ့သို့ ရှိပါ၏။
ငါ၏လူမျိုး သတို့သမီးပျက်စီးသောကြောင့်၊ ငါသည်မျက်ရည်ကျ၍ မျက်စိပျက်လေပြီ။ ဝမ်း၌ ဆူလှိုက်ခြင်းရှိ၍ အသည်းလည်း မြေပေါ်မှာ သွန်းလျက်ရှိ၏။ အကြောင်းမူကား၊ သူငယ်နှင့် နို့စို့ကလေးတို့သည် မြို့လမ်း၌ အားပျက်လျက်နေကြ၏။