ငါ့ကိုရွှံ့ထဲသို့ တွန်းချတော်မူသဖြင့်၊ ငါသည် မြေမှုန့်နှင့် မီးဖိုပြာကဲ့သို့ ဖြစ်လေပြီ။
တစ်ဖန်အာဗြဟံက၊ အကျွန်ုပ်သည်မြေမှုန့်နှင့် ပြာသက်သက်ဖြစ်သော်လည်း၊ ဘုရားရှင်ကိုယခုလျှောက်မည်ဟု အားထုတ်ပါ၏။
ယောဘသည် ကိုယ်ကိုခြစ်စရာ အိုးခြမ်းကို ကိုင်ယူ၍ မီးဖိုပြာထဲမှာ ထိုင်လေ၏။
ထိုကြောင့် အကျွန်ုပ်သည် ကိုယ်ကိုရွံရှာပါ၏။ မြေမှုန့်နှင့် မီးဖိုပြာ၌ထိုင်၍ နောင်တရပါ၏ဟု လျှောက်လေ၏။
ရွှံ့ထဲသို့ တွန်းချတော်မူ၍၊ ငါ့အဝတ်ပင် ငါ့ကိုယ်ကိုရွံလိမ့်မည်။
အကျွန်ုပ်ကို ရွှံ့ထဲက ကယ်နုတ်တော်မူပါ။ နစ်စေတော်မမူပါနှင့်။ အကျွန်ုပ်ကို မုန်းသောသူတို့ လက်မှလည်းကောင်း၊ နက်သောရေထဲကလည်းကောင်း လွှတ်ပါစေသော။
ထိုအခါ ယေရမိကိုယူ၍၊ ထောင်ဝင်းထဲမှာရှိသော သားတော်မာလခိ၏မြေတွင်း၌ ကြိုးနှင့်လျှော့ချကြ၏။ ထိုမြေတွင်း၌ ရေမရှိ၊ ရွှံ့သာရှိ၍၊ ယေရမိသည် ရွှံ့၌ကျွံလျက်နေ၏။