Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယောဘဝတ္တု။ 29:5

Judson Bible

ထို​အ​ခါ အ​န​န္တ​တန်​ခိုး​ရှင်​သည် ငါ့​ဘက်၌​ရှိ​တော်​မူ၏။ ငါ့​သား​သ​မီး​တို့​သည်​လည်း ငါ့​ကို​ဝိုင်း​လျက်​နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်​ကို တွေ့​နိုင်​သော​အ​ရပ်​ကို ငါ​သိ​ပါ​စေ​သော။ ပ​လ္လင်​တော်​ရှေ့​သို့ ရောက်​ပါ​စေ​သော။

ငါ့​အ​သက်​ပျို​သော​ကာ​လ၊ ငါ့​အိမ်၌​ဘု​ရား​သ​ခင်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ရ​သော အ​ခွင့်​ရှိ​သော​ကာ​လ၌၊ ငါ​ဖြစ်​သ​ကဲ့​သို့ တစ်​ဖန်​ဖြစ်​ပါ​စေ။

ထို​အ​ခါ ငါ​သွား​သော​လမ်း၌ နို့​ရည်​စီး​လေ၏။ ကျောက်​ခဲ​သည်​လည်း ငါ့​အ​ဖို့ ဆီ​ကို​သွန်း​လောင်း​လေ၏။

သင်၏​မ​ယား​သည် သင့်​အိမ်​နား​မှာ များ​စွာ​အ​သီး​သီး​သော စ​ပျစ်​နွယ်​ပင်​ကဲ့​သို့​လည်း​ကောင်း၊ သား​သ​မီး​တို့​သည် သင့်​စား​ပွဲ​ပတ်​လည်၌ စိုက်​ပျိုး​သော​သံ​လွင်​ပင်​များ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​လိမ့်​မည်။

အို​ထာ​ဝ​ရ​ဘု​ရား၊ ကျေး​ဇူး​တော်​အား​ဖြင့်​သာ အ​ကျွန်ုပ်၏​တောင်​သည် ခိုင်​ခံ့​မြဲ​မြံ​ပါ၏။ မျက်​နှာ​လွှဲ​တော်​မူ​သော​အ​ခါ ဆင်း​ရဲ​ခြင်း​သို့​ရောက်​ပါ၏။

ကိုယ်​တော်​သည် အ​ကျွန်ုပ်​ခို​လှုံ​ရာ ဘု​ရား​ဖြစ်​တော်​မူ၏။ အ​ကျွန်ုပ်​ကို​အ​ဘယ်​ကြောင့် စွန့်​ပစ်​တော်​မူ​သ​နည်း။ ရန်​သူ​ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​ကို​ခံ​ရ၍၊ အ​ကျွန်ုပ်​သည် ကြမ်း​တမ်း​သော​အ​ဝတ်​ကို ဝတ်​လျက် အ​ဘယ်​ကြောင့် နေ​ရ​ပါ​သ​နည်း။

မြေး​တို့​သည် အ​သက်​ကြီး​သော​သူ၏ သ​ရ​ဖူ​ဖြစ်၏။ သား​တို့၏​ဘုန်း​ကား အ​ဘ​တည်း။

ပွဲ​ခံ​ရာ​အိမ်​သို့ ငါ့​ကို​ဆောင်​သွား၍၊ မေ​တ္တာ​တော်​အ​လံ​ကို ငါ့​အ​ပေါ်​မှာ မိုး​တော်​မူ​ပြီ။

အို ဣ​သ​ရေ​လ​အ​မျိုး၏​မျှော်​လင့်​စ​ရာ​အ​ကြောင်း၊ အ​မှု​ရောက်​သော​ကာ​လ ကယ်​တင်​တော်​မူ​သော​သ​ခင်၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​ပြည်၌ ဧည့်​သည်​ကဲ့​သို့​လည်း​ကောင်း၊ တစ်​ည​သာ အိပ်​ခြင်း​ငှာ​ဝင်​သော ခ​ရီး​သွား​ကဲ့​သို့​လည်း​ကောင်း၊ အ​ဘယ်​ကြောင့် ဖြစ်​တော်​မူ​သ​နည်း။

ယေ​ရှု​က​လည်း မင်္ဂ​လာ​ဆောင်​လု​လင်​သည် မိ​မိ​အ​ပေါင်း​အ​ဖော်​တို့​နှင့် အ​တူ​ရှိ​စဉ်​အ​ခါ သူ​တို့​သည် စိတ်​မ​သာ ညည်း​တွား​တတ်​ကြ​သ​လော။ မင်္ဂ​လာ​ဆောင်​လု​လင်​ကို သူ၏​အ​ပေါင်း​အ​ဖော်​တို့​နှင့် ခွာ၍ ယူ​သွား​သော အ​ချိန်​ကာ​လ ရောက်​လိမ့်​မည်။ ထို​အ​ခါ သူ​တို့​သည် အ​စာ​ရှောင်​ကြ​လိမ့်​မည်။-

သင့်​ကို ငါ​မှာ​ထား​သည်​မ​ဟုတ်​လော။ အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​လော့။ မ​ကြောက်​နှင့်၊ စိတ်​မ​ပျက်​နှင့်။ သွား​လေ​ရာ​ရာ၌ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှိ​သည်​ဟု မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ