မတရားသောသူ၏ အစွယ်တို့ကို ငါချိုး၍၊ သူလုယူကိုက်စားသော အရာကိုနုတ်၏။
ငါသည် ကိုယ်အသိုက်၌ သေရသောအခွင့် ရှိလိမ့်မည်။ ငါ့အသက်ရှင်သောနေ့ရက်တို့သည် သဲလုံးနှင့်အမျှ များပြားလိမ့်မည်ဟု အောက်မေ့၏။
လူသည် အိပ်ရာပေါ်မှာ နာခြင်းဝေဒနာကို ခံရ၍၊ အရိုးရှိသမျှတို့သည် ပြင်းထန်စွာ ကိုက်ခဲသဖြင့်၊
ဖမ်း၍ စားစရာမရှိသောကြောင့်၊ ကြမ်းတမ်းသောခြင်္သေ့သည် သေ၍၊ ခြင်္သေ့မ၏သားငယ်တို့သည် အရပ်ရပ် ကွဲပြားရကြ၏။
ထိုသူတို့စီရင်သော ဓားဘေးမှလည်းကောင်း၊ အားကြီးသောသူတို့၏ လက်မှလည်းကောင်း၊ ဆင်းရဲသားတို့ကို ကယ်နုတ်တော်မူ၏။
အမျက်ထွက်၍ ငါတို့ကို အသက်နှင့်တကွ မျိုကြပြီတကား။
သူတို့သွားနှင့် ကိုက်ခဲရာဖို့ ငါတို့ကိုအပ်တော်မမူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။
အိုထာဝရဘုရား ထတော်မူပါ။ အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်ကို ကယ်မတော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်၏ ရန်သူတို့၏ပါးရိုးကို ရိုက်၍၊ မတရားသောသူတို့၏သွားကို ချိုးတော်မူ၏။
ခရုသည်သွားစဉ်တွင် ရွေ့လျော့သကဲ့သို့လည်းကောင်း၊ ပျက်သောကိုယ်ဝန်သည် နေရောင်ကို မမြင်ရသကဲ့သို့လည်းကောင်း ဖြစ်ကြပါစေသော။
ဆင်းရဲသောသူတို့ကို မြေကြီးပေါ်ကလည်းကောင်း၊ ငတ်မွတ်သောသူတို့ကို လူစုထဲကလည်းကောင်း၊ ကိုက်စားပယ်ရှင်းစရာဖို့ သန်လျက်နှင့်တူသော သွား၊ ဓားနှင့်တူသော အံနှင့် ပြည့်စုံသော လူတစ်မျိုးရှိ၏။
ကျွန်တော်လိုက်၍ သတ်သဖြင့် သိုးသငယ်ကို သူ့ပါးစပ်ထဲက နုတ်ပါ၏။ ဝံသည် ကျွန်တော်ကို ပြန်၍ကိုက်သောအခါ၊ ဝံ၏မုတ်ဆိတ်ကိုကိုင်၍ ရိုက်သတ်ပါ၏။