Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယောဘဝတ္တု။ 28:25

Judson Bible

လေ​ကို​ချိန်​လျက်၊ ရေ​ကို​လည်း​ခြင်​လျက်၊ မြေ​ကြီး​စွန်း​တိုင်​အောင် ကြည့်​ရှု၍၊ ကောင်း​ကင်​အောက်၌ ရှိ​သ​မျှ​တို့​ကို မြင်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ရေ​များ​ကို ဆီး​တား​ပိတ်​ပင်​တော်​မူ​လျှင် ခန်း​ခြောက်​ရ၏။ တစ်​ဖန် လွှတ်​တော်​မူ၍ မြေ​ကြီး​ကို လွှမ်း​မိုး​ကြ၏။

ထို​အ​မှု​တို့​ကို ဘု​ရား​သ​ခင်​စီ​ရင်၍၊ မိုး​တိမ်​တော်​အ​လင်း​ကို ထွန်း​လင်း​စေ​တော်​မူ​သော​အ​ခါ၊ သင်​သည် သိ​သ​လော။

မြေ​ကြီး​အ​မြစ်​ကို ငါ​တည်​သော​အ​ခါ၊ သင်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ နား​လည်​လျှင် ဖော်​ပြ​လော့။

မြေ​ကြီး​အ​တိုင်း​အ​ရှည် ပ​မာ​ဏ​ကို အ​ဘယ်​သူ စီ​ရင်​သ​နည်း။ နား​လည်​လျှင် ပြော​လော့။ မျဉ်း​ကြိုး​ကို အ​ဘယ်​သူ​တန်း၍ ချ​သ​နည်း။

သ​မု​ဒ္ဒ​ရာ​သည် အ​မိ​ဝမ်း​ထဲ​က ဖွား၍​ထွက်​လာ​သော​အ​ခါ၊ အ​ဘယ်​သူ​သည် တံ​ခါး​ပိတ်​နှင့် ပိတ်​ထား​သ​နည်း။

မြေ​ကြီး​စွန်း​မှ မိုး​တိမ်​တို့​ကို တက်​စေ​တော်​မူ၏။ မိုး​နှင့်​တ​ကွ လျှပ်​စစ်​ကို​ဖန်​ဆင်း​တော်​မူ၏။ ဘ​ဏ္ဍာ​တော်​တိုက်​ထဲ​က လေ​ကို ထုတ်​တော်​မူ၏။

ရေ​များ​ကို လက်​ဆွန်း​ဖြင့် ခြင်​သော​သူ၊ မိုး​ကောင်း​ကင်​ကို မိ​မိ​လက်​ဖြင့် ထွာ​သော​သူ၊ မြေ​မှုန့်​ကို တင်း​တောင်း​ဖြင့် ချင့်​တွက်​သော​သူ၊ တောင်​ကြီး​ကို ချိန်​ခွင်​ဖြင့်​လည်း​ကောင်း၊ တောင်​ငယ်​ကို ကပ်​ပယ်​ဖြင့်​လည်း​ကောင်း ချိန်​သော​သူ​ကား အ​ဘယ်​သူ​နည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ