Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယောဘဝတ္တု။ 28:17

Judson Bible

ရွှေ​ဖြစ်​စေ၊ ကျောက်​သ​လင်း​ဖြစ်​စေ မ​မီ​နိုင်။ ရွှေ​စင်​တန်​ဆာ​များ​နှင့် ဖ​လှယ်၍​မ​ရ​နိုင်။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ဩ​ဖိ​ရ​ရွှေ၊ မြတ်​သော​ရှ​ဟံ​ကျောက်၊ နီ​လာ​ကျောက်​နှင့် ဝယ်​သော်​လည်း မ​ရ​နိုင်။

ရွှေ​ကို​ရ​တတ်​ခြင်း​ထက် ပ​ညာ​ကို​ရ​တတ်​ခြင်း​သည် အ​လွန်​ကောင်း၏။ ငွေ​ကို​အ​မြတ်​မ​ထား၊ ဉာဏ်​နှင့် ပြည့်​စုံ​ခြင်း​ကို အ​မြတ်​ထား​စ​ရာ​အ​လွန်​ကောင်း၏။

နား​ထောင်​တတ်​သော​သူ​ကို လျောက်​ပတ်​စွာ ဆုံး​မ​တတ်​သော​သူ​သည် ရွှေ​နား​တောင်း​ကဲ့​သို့​လည်း​ကောင်း၊ ရွှေ​စင်​တန်​ဆာ​ကဲ့​သို့​လည်း​ကောင်း​ဖြစ်၏။

ငွေ​အ​ရင်၊ ငါ့​နည်း​ကို​လည်း​ကောင်း၊ မြတ်​သော​ရွှေ​အ​ရင်၊ ပ​ညာ​အ​တတ်​ကို​လည်း​ကောင်း ခံ​ယူ​ကြ​လော့။

ထို​သ​တ္တ​ဝါ​တို့၏ ခေါင်း​များ​အ​ပေါ်​မှာ မိုး​မျက်​နှာ​ကြက်၏ အ​ဆင်း​အ​ရောင်​သည်​ရှိ၍၊ ကြောက်​မက်​ဖွယ်​သော ကျောက်​သ​လင်း​မျက်​နှာ​ကြက်​ကဲ့​သို့ ဖြစ်၏။

ထို​မြို့၏ အ​ရောင်​အ​ဝါ​သည်၊ ကျောက်​သ​လင်း န​ဂါး​သွဲ့​ကဲ့​သို့၊ အ​မြတ်​ဆုံး​သော ကျောက်​မျက်​မွန်​နှင့် တူ၏။-

တစ်​ဖန်၊ ကျောက်​သ​လင်း​ကဲ့​သို့ ကြည်​လင်၍၊ ဘု​ရား​သ​ခင်​နှင့် သိုး​သ​ငယ်၏ ပ​လ္လင်​တော်​ထဲ​က ထွက်​သော၊ အ​သက်​ရေ​စီး​ရာ​မြစ်​ကို ကောင်း​ကင်​တ​မန်​သည် ငါ့​အား​ပြ​လေ၏။-

ပ​လ္လင်​တော်​ရှေ့၌​လည်း၊ ကျောက်​သ​လင်း​နှင့် တူ​သော ဖန်​ရေ​ကန်​ရှိ၏။ ပ​လ္လင်​တော်၏ အ​တွင်း၌​လည်း​ကောင်း၊ ပတ်​ဝန်း​ကျင်၌​လည်း​ကောင်း၊ မျက်​စိ​နှင့် တစ်​ကိုယ်​လုံး​ပြည့်​သော သ​တ္တ​ဝါ​လေး​ပါး​ရှိ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ