Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယောဘဝတ္တု။ 28:16

Judson Bible

ဩ​ဖိ​ရ​ရွှေ၊ မြတ်​သော​ရှ​ဟံ​ကျောက်၊ နီ​လာ​ကျောက်​နှင့် ဝယ်​သော်​လည်း မ​ရ​နိုင်။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထို​သန့်​ရှင်း​သော​အိမ်​အ​ဖို့ ပြင်​ဆင်​သော ဥ​စ္စာ​မှ​တစ်​ပါး ကိုယ်​ဥ​စ္စာ​ထဲ​က ဩ​ဖိ​ရ​ရွှေ​အ​ခွက် သုံး​သောင်း​နှင့် ကျောက်​ထ​ရံ​တို့​ကို မွမ်း​မံ​စ​ရာ​ဖို့ ငွေ​စင်​ခု​နစ်​သောင်း​ကို ငါ၏​ဘု​ရား​သ​ခင်​အိမ်​တော်​အ​ဖို့ ငါ​ပေး၏။

ရွှေ​စင်​ကို​ပေး၍ ပ​ညာ​ကို​မ​ရ။ ငွေ​ကို​ချိန်၍ ပ​ညာ​အ​ဖိုး​ကို မ​မီ​နိုင်။

ရွှေ​ဖြစ်​စေ၊ ကျောက်​သ​လင်း​ဖြစ်​စေ မ​မီ​နိုင်။ ရွှေ​စင်​တန်​ဆာ​များ​နှင့် ဖ​လှယ်၍​မ​ရ​နိုင်။

အ​ပြည်​ပြည်​သော မင်း​သ​မီး​တို့​သည် မောင်း​မ​မိဿံ​အ​ဝင်​ဖြစ်၍၊ လက်​ယာ​တော်​ဘက်​မှာ ဩ​ဖိ​ရ​ရွှေ တန်​ဆာ​ဆင်​သော မြောက်​သား​တော်​နေ​ရာ​ဖြစ်​ပါ၏။

စ​တု​တ္ထ​အ​တန်း​ကား၊ မျက်​ရွဲ၊ ကြောင်၊ န​ဂါး​သွဲ့​ဖြစ်၍၊ အ​သီး​အ​သီး​တို့​ကို ရွှေ​အိုး​၌​စီ​ရ​မည်။

လက်​တော်​တို့​သည် မျက်​ရွဲ​စီ​သော လက်​စွပ်​ကဲ့​သို့​လည်း​ကောင်း၊ ကိုယ်​တော်​သည် နီ​လာ​ကျောက်​ဖြင့် စီ​ချယ်​သော ဆင်​စွယ်​ဖြူ​ကဲ့​သို့​လည်း​ကောင်း​ဖြစ်၏။

လူ​သည် ရွှေ​စင်​ထက် အ​ဖိုး​ထိုက်​မည်​အ​ကြောင်း၊ ဆင်း​ရဲ​သား​သည် ဩ​ဖိ​ရ​ရွှေ​ကျောက်​ထက် အ​ဖိုး​ထိုက်​မည်​အ​ကြောင်း ငါ​ပြု​မည်။

အို ညှဉ်း​ဆဲ​ခြင်း​နှင့် မိုး​သက်​မုန်​တိုင်း​တိုက်​ခြင်း​ကို​ခံ​ရ၍၊ သက်​သာ​မ​ရ​နိုင်​သော​သူ၊ သင်၏​တိုက်​ကို ဟ​င်္သာ​ပ​ဒါး​သ​ရွတ်​နှင့် ငါ​စေ့​စပ်​မည်။ တိုက်​မြစ်​ကို နီ​လာ​ဖြင့်​လည်း​ကောင်း၊

သူ၏​မှူး​မတ်​တို့​သည် မိုး​ပွင့်​ထက်​သန့်​ရှင်း၍၊ နို့​ရည်​ထက်​လည်း ဖြူ​ကြ၏။ သူ​တို့​အ​သား​သည် ကျောက်​နီ​ထက် နီ၏။ သွေး​ကြော​လည်း နီ​လာ​နှင့်​တူ၏။

ဧ​ဒင်​အ​ရပ်၊ ဘု​ရား​သ​ခင်၏ ဥ​ယျာဉ်​တော်၌​နေ​ပြီ။ သင်၏​ခေါင်း​ပေါ်​မှာ ကျောက်​နီ၊ ဥဿ​ဖ​ရား၊ စိန်၊ မျက်​ရွဲ၊ ကြောင်၊ န​ဂါး​သွဲ့၊ နီ​လာ၊ မြ၊ ပ​တ္တ​မြား အ​စ​ရှိ​သော​ကျောက်​မြတ် အ​မျိုး​မျိုး​တို့​ကို ဆောင်း​လေ၏။ ရွှေ​ဖြင့်​လုပ်​သော ပတ်​သာ၊ ပု​လွေ​တို့​သည်​လည်း၊ သင်​ဖွား​သော​နေ့၌​ပင် သင့်​အ​ဖို့ ပြင်​ဆင်​လျက်​ရှိ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ