ဆိုတတ်သော အဓမ္မလူတို့ လိုက်ဖူးသောလမ်းဟောင်းကို သင်သည် လိုက်ဦးမည်လော။
သူတို့နွားလားသည် မချွတ်မလွှဲ အရွယ်လိုက်တတ်၏။ နွားမသည်လည်း ဝမ်းပိုးမပျက် ဖွားတတ်၏။
ကောင်းမွန်သောအရာကို ငါတို့အား အဘယ်သူပြမည်နည်းဟု မေးတတ်သော သူအများရှိပါသည်ဖြစ်၍၊ အိုထာဝရဘုရား၊ မျက်နှာတော်အလင်းကို အကျွန်ုပ်တို့အပေါ်မှာ ပေါ်ထွန်းစေတော်မူပါ။
အကျွန်ုပ်သည် ကိုယ်တော်အခွင့်နှင့်ပြောခြင်းငှာ၊ ဖာရောမင်းထံသို့ ဝင်သည်နေ့မှစ၍၊ သူသည် ဤလူမျိုးကိုညှဉ်းဆဲပါပြီ။ ကိုယ်တော်သည် ကိုယ်တော်၏လူတို့ကို အလျှင်းကယ်လွှတ်တော်မမူပါဟုလျှောက်၏။
လမ်းလွှဲကြပါ။ မှန်သောလမ်းကို ရှောင်ကြပါ။ ဣသရေလအမျိုး၏သန့်ရှင်းသောဘုရားကို ငါတို့ရှေ့မှာ ကွယ်ထားကြပါဟု ပရောဖက်တို့အားလည်းကောင်း ဆိုတတ်ကြ၏။
ထာဝရဘုရား၏အမှုကိုဆောင်ရွက်သော်လည်း အကျိုးမရှိ။ စီရင်ထုံးဖွဲ့တော်မူချက်ကို စောင့်၍၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားရှေ့မှာ ညှိုးငယ်စွာကျင့်ကြံပြုမူခြင်းအားဖြင့် အဘယ်ကျေးဇူးရှိသနည်း။
ဘုရားသခင်၏ သားတော်ယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်တို့နှင့် အဘယ်သို့ဆိုင်သနည်း။ အချိန်မရောက်မီ အကျွန်ုပ်တို့ကို ညှဉ်းဆဲခြင်းငှာ ကြွလာတော်မူသလောဟု အော်ဟစ်၍လျှောက်ကြ၏။-
တစ်မြို့လုံးလည်း ယေရှုကိုတွေ့အံ့သောငှာ ထွက်လာကြ၏။ ကိုယ်တော်ကိုတွေ့မြင်လျှင် မိမိတို့ပြည်က ထွက်သွားတော်မူမည်အကြောင်း တောင်းပန်ကြ၏။-
ထိုသူတို့သည် ဘုရားသခင်ကို မသိမမှတ်လိုသည်ဖြစ်၍၊ မလျောက်ပတ်သော အမှုကို ပြုစေမည်အကြောင်း၊ ဘုရားသခင်သည် သူတို့ကို မောဟလက်သို့ အပ်လိုက်တော်မူသည်နှင့်အညီ၊-