သူပြုသောအမှုကို သူ့ရှေ့မှာ အဘယ်သူ ဖော်ပြလိမ့်မည်နည်း။ သူ၏အပြစ်နှင့်အလျောက် အဘယ်သူ ဆပ်ပေးလိမ့်မည်နည်း။
ဘုရားသခင်သည် သူ၏အပြစ်ကို သူ၏သားသမီးတို့အဖို့ ဘယ်နှစ်ကြိမ် သိုထားတော်မူဖူးသည်ကိုလည်းကောင်း၊ သူသည်ကိုယ်တိုင်သိ၍၊
ဖျက်ဆီးရာနေ့ရက်ကာလဖို့ မတရားသောသူတို့သည် ယခုဘေးလွတ်လိမ့်မည်အကြောင်း၊ ဒေါသအမျက်ခံရာ နေ့ရက်ကာလဖို့ ယခုထွက်မြောက်လိမ့်မည် အကြောင်းတည်းဟူသော သူတို့လက္ခဏာသက်သေများကို မသိကြသလော။
သူသည် သင်္ဂြိုဟ်ခြင်းသို့ရောက်၍၊ သူ၏သင်္ချိုင်းပုံကို အစောင့်ထားကြလိမ့်မည်။
ငါသည် ကျေးဇူးတုံ့ပြုရမည်အကြောင်း အဘယ်သူသည် ငါ၌ ကျေးဇူးပြုဖူးသနည်း။ မိုးကောင်းကင်အောက်၌ ရှိသမျှတို့သည် ငါ၏ဥစ္စာ ဖြစ်ကြ၏။
ထိုသို့ကျင့်၍ ငါသည်တိတ်ဆိတ်စွာနေသောကြောင့်၊ ငါ့ကို သင်နှင့်တူသည်ဟု ထင်လေပြီတကား။ သင်၏အပြစ်ကို ငါဖော်ပြ၍၊ သင့်မျက်မှောက်၌ ခင်းထားမည်။
ထာဝရဘုရားကို ပြစ်မှားခြင်း၊ ငြင်းပယ်ခြင်းကိုပြု၍၊ ငါတို့၏ဘုရားသခင်ကို စွန့်ကြပြီ။ ညှဉ်းဆဲသောစကား၊ ပုန်ကန်သောစကားကို ပြောခြင်း၊ မဟုတ်မမှန်သောစကားကို အောက်မေ့၍၊ စိတ်နှလုံးထဲက မြွက်ဆိုခြင်းကို ပြုကြပြီ။
အကြောင်းမူကား၊ ယောဟန်က အရှင်မင်းကြီးသည် ညီတော်၏ခင်ပွန်းကို မသိမ်းအပ်ဟု ဟေရုဒ်အား ဆိုလေပြီ။-
ပေါလုသည် ဖြောင့်မတ်ခြင်းတရားနှင့် ကာမဂုဏ်ချုပ်တည်းခြင်း တရားကိုလည်းကောင်း၊ နောက်ဖြစ်လတ္တံ့သော စစ်ကြောစီရင်ခြင်းကိုလည်းကောင်း ဟောပြောလျှင်၊ ဖေလဇ်မင်းသည် ကြောက်လန့်ခြင်းသို့ ရောက်၍၊ ယခုသွားဦးလော့။ နောက်မှအဆင်သင့်သောအခါ ငါခေါ်ဦးမည်ဟု ဆို၏။-
ချစ်သူတို့၊ သူတစ်ပါးသည် သင်တို့ကို ပြစ်မှားလျှင်၊ ကိုယ်တိုင် အပြစ်ပြန်၍ မတုံ့ကြနှင့်။ အမျက်တော်ကို အခွင့်ပေးကြလော့။ ကျမ်းစာလာသည်ကား၊ ငါသည် အပြစ်တရားကို စီရင်ပိုင်၏။ အပြစ်နှင့်အလျောက် ငါဆပ်ပေးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။-
ထိုနောက်ပေတရုသည် အန္တိအုတ်မြို့သို့ ရောက်လာသောအခါ၊ သူ၌အပြစ်တင်စရာ အခွင့်ရှိသောကြောင့် သူ့ကိုယ်တိုင်ကို ငါငြင်း၍ဆီးတားရ၏။-
ကိုယ်တော်ကိုမုန်းသောသူတို့ကို ဖျက်ဆီးခြင်းငှာ၊ သူတို့မျက်မှောက်၌ အပြစ်ပေးသောဘုရား ဖြစ်တော်မူကြောင်းကို သိမှတ်လော့။ ကိုယ်တော်ကို မုန်းသောသူတို့ကို အားမနာဘဲ၊ သူတို့မျက်မှောက်၌ အပြစ်ပေးတော်မူမည်။
ကရုဏာမရှိသောသူသည်၊ ကရုဏာကိုမရဘဲ၊ တရားစီရင်ခြင်းကို ခံရလိမ့်မည်။ ကရုဏာသည် တရားစီရင်ခြင်းကိုအောင်၍ ဝါကြွားတတ်၏။