Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယောဘဝတ္တု။ 21:18

Judson Bible

သူ​တို့​သည် လေ​ရှေ့​မှာ​အ​မှိုက်​နှင့် မုန်​တိုင်း​တိုက်​သွား​သော ဖွဲ​ကဲ့​သို့ ဘယ်​နှစ်​ကြိမ်​ဖြစ်​ဖူး​သည်​ကို​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

လေ​တိုက်​သော သစ်​ရွက်​ကို ခြောက်​လှန့်​တော်​မူ​မည်​လော။ မြက်​ခြောက်​ကို​မီ​အောင် လိုက်​တော်​မူ​မည်​လော။

အ​ခြေ​အ​မြစ်​ပယ်​ရှင်း​ခြင်း​ကို ခံ​ရ​သော​သူ​တည်း​ဟူ​သော ဘု​ရား​သ​ခင်​အား ငါ​တို့​ထံ​မှ ထွက်​သွား​လော့​ဟူ၍​လည်း​ကောင်း၊ အ​န​န္တ​တန်​ခိုး​ရှင်​သည် ငါ့​တို့​အ​ဖို့ အ​ဘယ်​သို့ ပြု​နိုင်​သ​နည်း​ဟူ၍​လည်း​ကောင်း၊

အ​ရှေ့​လေ​လွှင့်၍ သူ​သည်​မိ​မိ​နေ​ရာ၌ မ​တည်။ လေ​အ​ဟုန်​ဖြင့် ပါ​သွား​တတ်၏။

မ​တ​ရား​သော သူ​တို့​မူ​ကား ထို​ကဲ့​သို့​မ​ဟုတ်။ လေ​တိုက်​၍ လွင့်​သော ဖွဲ​နှင့်​တူ​ကြ​၏။

ထို​သူ​တို့​သည် လေ​တိုက်​သော​ဖွဲ​ကဲ့​သို့ ဖြစ်​ကြ​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား၏​တ​မန်​သည်​လည်း သူ​တို့​ကို လှဲ​ပါ​စေ​သော။

အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ လေ​ပွေ၌​ပါ​သွား​သော အ​မှိုက်​ကဲ့​သို့​လည်း​ကောင်း၊ လေ​တိုက်၍​လွင့်​သော ဖွဲ့​ကဲ့​သို့​လည်း​ကောင်း သူ​တို့​ကို​ဖြစ်​စေ​တော်​မူ​ပါ။

တော​ကို မီး​ရှို့​သ​ကဲ့​သို့​လည်း​ကောင်း၊ တောင်​ပေါ်​မှာ မီး​လောင်​သ​ကဲ့​သို့​လည်း​ကောင်း၊

ကိုယ်​တော် တစ်​ဖက်၌​ထ​သော​သူ​တို့​ကို၊ ဘုန်း​တန်​ခိုး​အာ​နု​ဘော်​တော်​တို့​နှင့် လှဲ​တော်​မူ၏။ အ​မျက်​တော်​ကို​လွှတ်၍၊ သူ​တို့​ကို​အ​မှိုက်​ကဲ့​သို့ မီး​လောင်​စေ​တော်​မူ​၏။

မ​တ​ရား​သော​သူ​သည် လွန်​သွား​သော လေ​ပွေ​ကဲ့​သို့ ပျောက်​တတ်၏။ ဖြောင့်​မတ်​သော​သူ​မူ​ကား၊ မြဲ​မြံ​သော တိုက်​မြစ်​ဖြစ်၏။

အား​ကြီး​သော​ရေ​တို့​သည် ဟုန်း​သ​ကဲ့​သို့၊ လူ​မျိုး​တို့​သည် ဟုန်း​ကြ​သော်​လည်း၊ ဆုံး​မ​တော်​မူ​သော​ကြောင့်၊ အ​ဝေး​သို့ ပြေး​သွား​ကြ​လိမ့်​မည်။ တောင်​ပေါ်​မှာ လေ​တိုက်၍ လွင့်​သော ဖွဲ​ကဲ့​သို့​လည်း​ကောင်း၊ လေ​ပွေ၌​ပါ​သွား​သော အ​မှိုက်​ကဲ့​သို့​လည်း​ကောင်း၊ သူ​တို့​သည် နှင်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။

သို့​ရာ​တွင်၊ သင်၏​ရန်​သူ အ​လုံး​အ​ရင်း​သည် အ​ဏု​မြူ​ကဲ့​သို့​လည်း​ကောင်း၊ ကြောက်​မက်​ဖွယ်​သော​သူ အ​လုံး​အ​ရင်း​သည် လွင့်​သွား​သော ဖွဲ​ကဲ့​သို့​လည်း​ကောင်း​ဖြစ်၍၊ အ​လျင်​တ​ဆော ချက်​ချင်း အ​မှု​ရောက်​လိမ့်​မည်။

အ​ကယ်​စင်​စစ် သူ​တို့​ကို မ​စိုက်​မ​ပျိုး​ရ။ အ​ကယ်​စင်​စစ် သူ​တို့၏​မျိုး​စေ့​ကို မ​ကြဲ​ရ။ အ​ကယ်​စင်​စစ် သူ​တို့​အ​ပင်​သည် မြေ၌ အ​မြစ်​မ​စွဲ​ရ။ သူ​တို့​အ​ပေါ်​မှာ မှုတ်​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် ညှိုး​နွမ်း​သွေ့​ခြောက်၍၊ လေ​ပွေ​သည် သူ​တို့​ကို ဖွဲ​ကဲ့​သို့ တိုက်​လွှင့်​လိမ့်​မည်။

ထို​ကြောင့်၊ မီး​လျှာ​သည် ကောက်​ရိုး​ကို​လျက်၊ မီး​လျှံ​သည် မြက်​ခြောက်​ကို ကျွမ်း​စေ​သည်​နည်း​တူ၊ သူ​တို့၏​အ​မြစ်​သည် ဆွေး​မြေ့​သော သစ်​သား​ကဲ့​သို့ ဖြစ်၍၊ အ​ပွင့်​သည်​လည်း မြေ​မှုန့်​ကဲ့​သို့ လွင့်​တက်​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​တော်​ကို ကယ်​ကြ​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး၏​သန့်​ရှင်း​သော​ဘု​ရား၏ ဗျာ​ဒိတ်​တော်​ကို မ​ထီ​မဲ့​မြင်​ပြု​ကြ​ပြီ။

ထို​ကြောင့်၊ ဖွဲ​ကို လေ​ပြင်း​တိုက်​လွှင့်​သ​ကဲ့​သို့၊ ထို​သူ​တို့​ကို ငါ​လွင့်​စေ​မည်။

ထို​ကြောင့်၊ သူ​တို့​သည် နံ​နက်​မိုး​တိမ်​ကဲ့​သို့​လည်း​ကောင်း၊ စော​စော​ကွယ်​ပျောက်​တတ်​သော နှင်း​ကဲ့​သို့​လည်း​ကောင်း၊ ကောက်​နယ်​တ​လင်း​မှ လေ​ပွေ​တိုက်​သွား​သော ဖွဲ​ကဲ့​သို့​လည်း​ကောင်း၊ မီး​ဖို​ထဲ​က​ထွက်​သော မီး​ခိုး​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ရ​ကြ​လိမ့်​မည်။

သူ​တို့​သည် ဆူး​ပင်​ကဲ့​သို့ အ​ချင်း​ချင်း ညှိ​တွယ်​လျက်၊ စ​ပျစ်​ရည်​နှင့် ယစ်​မူး​သ​ကဲ့​သို့​ဖြစ်​လျက်၊ သွေ့​ခြောက်​သော အ​မှိုက်​ကဲ့​သို့ မီး​လောင်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။

ရပ်၍ မြေ​ကြီး​ကို​တိုင်း​တော်​မူ၏။ ကြည့်​ရှု၍ လူ​မျိုး​တို့​ကို တုန်​လှုပ်​စေ​တော်​မူ၏။ အ​စဉ်​အ​မြဲ​တည်​သော တောင်​တို့​သည် ကျိုး​ပဲ့၍၊ ထာ​ဝ​ရ​ကုန်း​ရိုး​တို့​သည် ညွတ်​ကြ၏။ ထာ​ဝ​ရ​လမ်း​တို့​ကို ကြွ​တော်​မူ၏။

လက်​တော်​တွင် ဆန်​ကော​ပါ​လျက်၊ မိ​မိ​ကောက်​နယ်​တ​လင်း​ကို ရှင်း​လင်း​စေ​သ​ဖြင့်၊ မိ​မိ​ဂျုံ​စ​ပါး​ကို ကျီ၌ စု​သိမ်း​သွင်း​ထား၍၊ အ​ဖျင်း​ကို​ကား မ​ငြိမ်း​နိုင်​သော​မီး​နှင့် ရှို့​တော်​မူ​လ​တ္တံ့​ဟု ယော​ဟန်​ဟော​ပြော၏။

ထို​တိုက်​မြစ်​အ​ပေါ်၌ ရွှေ၊ ငွေ၊ ကျောက်​ကောင်း၊ သစ်​သား၊ မြက်​ပင်၊ ကောက်​ရိုး​များ​ကို ထပ်​ဆင့်၍ တည်​ဆောက်​သော​သူ​ရှိ​သ​မျှ၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ