Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယောဘဝတ္တု။ 20:28

Judson Bible

သူ၏​အိမ်၌​ရှိ​သော ဥ​စ္စာ​သည် ကွယ်​ပျောက်၍၊ အ​မျက်​တော် ထွက်​သော​နေ့၌ ရေ​ကဲ့​သို့​စီး​သွား​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

နန်း​တော်၌ ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ ယ​နေ့​တိုင်​အောင် ဘိုး​ဘေး​တို့​သည် ဆည်း​ပူး​သ​မျှ​ကို​လည်း​ကောင်း၊ ဗာ​ဗု​လုန်​မြို့​သို့ ယူ​သွား​ရ​သော​ကာ​လ​သည် ရောက်​လိမ့်​မည်။ တစ်​စုံ​တစ်​ခု​မျှ မ​ကျန်​ကြွင်း​ရ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သူ၏​သား​တို့​သည် ဆင်း​ရဲ​သား​တို့​ကို ဖျောင်း​ဖျ​ရ​ကြ၏။ သို​ထား​သော​ဥ​စ္စာ​ကို ကိုယ်​လက်​နှင့် ပြန်​ပေး​ရ​ကြ၏။

သူ​မျို​သော​စည်း​စိမ်​ဥ​စ္စာ​ကို တစ်​ဖန်​အန်​ရ​လိမ့်​မည်။ ဘု​ရား​သ​ခင်​လည်း သူ့​ကို ဝမ်း​နုတ်​တော်​မူ​မည်။

ဖျက်​ဆီး​ရာ​နေ့​ရက်​ကာ​လ​ဖို့ မ​တ​ရား​သော​သူ​တို့​သည် ယ​ခု​ဘေး​လွတ်​လိမ့်​မည်​အ​ကြောင်း၊ ဒေါ​သ​အ​မျက်​ခံ​ရာ နေ့​ရက်​ကာ​လ​ဖို့ ယ​ခု​ထွက်​မြောက်​လိမ့်​မည် အ​ကြောင်း​တည်း​ဟူ​သော သူ​တို့​လ​က္ခ​ဏာ​သက်​သေ​များ​ကို မ​သိ​ကြ​သ​လော။

ထို​အ​ပြစ်​သည် အ​ကုန်​အ​စင်​လောင်​သော​မီး၊ ငါ့​စည်း​စိမ်​ရှိ​သ​မျှ​ကို သုတ်​သင်​ပယ်​ရှင်း​သော​မီး​ဖြစ်၏။

သူ​ရိတ်​သော​စ​ပါး​ကို မွတ်​သိပ်​သော​သူ​သည်၊ ဆူး​ပင်​ကာ​သော​ခြံ​အ​ထဲ​က ယူ​သွား၍ စား​တတ်၏။ သူ၏​ပ​စ္စည်း​ဥ​စ္စာ​ကို​လည်း ရေ​ငတ်​သော​သူ​သည် မျို​တတ်၏။

အ​မျက်​ဒေါ​သ​ထွက်​သော​ကာ​လ၌ စည်း​စိမ်​ဥ​စ္စာ​သည် အ​ကျိုး​မ​ပေး​နိုင်။ ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​မူ​ကား၊ သေ​ခြင်း​မှ ကယ်​တင်​တတ်၏။

ထာ​ဝ​ရ​ဘု​ရား အ​မျက်​ထွက်​တော်​မူ​သော​နေ့၌ သူ​တို့​ရွှေ​ငွေ​သည် သူ​တို့​ကို မ​ကယ်​တင်​နိုင်​ရာ။ ဒေါ​သ​အ​မျက်​တော်​မီး​သည် တစ်​ပြည်​လုံး​ကို လောင်​လိမ့်​မည်။ ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​ကို အ​လျင်​အ​မြန်​စီ​ရင်၍ အ​ကုန်​အ​စင် သုတ်​သင်​ပယ်​ရှင်း​တော်​မူ​လိမ့်​မည်။

လူ​သည် ဤ​စ​ကြ​ဝ​ဠာ​ကို အ​ကြွင်း​မဲ့​အ​စိုး​ရ၍ မိ​မိ​အ​သက်​ဝိ​ညာဉ် ရှုံး​လျှင် အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း။ မိ​မိ​အ​သက်​ဝိ​ညာဉ်​ကို အ​ဘယ်​ဥ​စ္စာ​နှင့် ရွေး​နိုင်​သ​နည်း။-

သင့်​နွား​ကို သင့်​မျက်​မှောက်၌ သတ်၍​သေ​သော်​လည်း သင့်​ကိုယ်​တိုင်​မ​စား​ရ။ သင့်​မြည်း​ကို သင့်​ရှေ့​မှောက်၌ အ​နိုင်​အ​ထက်​ယူ​သွား​ပြီး​မှ၊ နောက်​တစ်​ဖန်​ပြန်၍ မ​ပေး​ရ။ သင့်​သိုး​တို့​ကို သင့်​ရန်​သူ၌​အပ်​သော​အ​ခါ ကယ်​နုတ်​သော​သူ မ​ပေါ်​မ​ရှိ​ရ။

ဤ​မျှ​လောက်​ကြီး​စွာ​သော စည်း​စိမ်​သည် တစ်​နာ​ရီ​ချင်း​တွင် ပျက်​စီး​ပါ​ပြီ​တ​ကား​ဟု ငို​ကြွေး၍ စိတ်​မ​သာ ညည်း​တွား​ကြ​လိမ့်​မည်။ ခပ်​သိမ်း​သော သင်္ဘော​သူ​ကြီး၊ အ​ရပ်​ရပ်​သို့ လွှင့်​ကူး​တတ်​သော သူ​အ​ပေါင်း​တို့​နှင့် သင်္ဘော​သား၊ ပင်​လယ်​ကုန်​သည် ရှိ​သ​မျှ​တို့​သည် အ​ဝေး​က​ရပ်၍-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ