သူမျိုသောစည်းစိမ်ဥစ္စာကို တစ်ဖန်အန်ရလိမ့်မည်။ ဘုရားသခင်လည်း သူ့ကို ဝမ်းနုတ်တော်မူမည်။
သူ၏သားတို့သည် ဆင်းရဲသားတို့ကို ဖျောင်းဖျရကြ၏။ သိုထားသောဥစ္စာကို ကိုယ်လက်နှင့် ပြန်ပေးရကြ၏။
စားပြီးလျှင် သူ၏ဝမ်းထဲမှာ သဘောပြောင်း၍ မြွေဆိုးအဆိပ်အတောက်ဖြစ်လိမ့်မည်။
မိမိလုပ်၍ရသောဥစ္စာကို မိမိမသုံးဘဲ ပြန်ပေးရ၏။ ပြန်ပေးရသော ဥစ္စာဖြစ်သောကြောင့် အားရခြင်းမရှိရ။
လောဘ မပြေနိုင်သောကြောင့်လည်းကောင်း၊ အလိုရှိသောဥစ္စာ တစ်စုံတစ်ခုမျှမကြွင်း ဆုံးရှုံးရလိမ့်မည်။
သူ၏အိမ်၌ရှိသော ဥစ္စာသည် ကွယ်ပျောက်၍၊ အမျက်တော် ထွက်သောနေ့၌ ရေကဲ့သို့စီးသွားလိမ့်မည်။
သူ၌ရှိသမျှကို ကြွေးရှင်သိမ်းယူပါစေ။ သူလုပ်၍ရသော ဥစ္စာကိုလည်း တစ်ပါးအမျိုးသားလုယူပါစေ။
ပညာရှိသောသူ၏အိမ်၌ နှစ်သက်ဖွယ်သောဘဏ္ဍာနှင့် ဆီရှိတတ်၏။ မိုက်သောသူမူကား၊ ကုန်စေတတ်၏။
သင်သည် စားသောအစာကို တစ်ဖန်အန်ရလိမ့်မည်။ သင်ချိုသောစကားလည်း ယိုယွင်းလိမ့်မည်။
ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ငါတို့ကို ကိုက်စား၍နှိပ်စက်ပါပြီ။ ငါတို့ကို ဟင်းလင်းသောအိုး ဖြစ်စေပါပြီ။ နဂါးမျိုတတ်သကဲ့သို့ ငါတို့ကိုမျို၍၊ ငါတို့ပျော်မွေ့စရာအရာတို့နှင့် မိမိဝမ်းကို ပြည့်စေပါပြီ။ ငါတို့ကို နှင်ထုတ်ပါပြီ။
ဗာဗုလုန်မြို့၌ ဗေလဘုရားကိုလည်း ငါသည် ဒဏ်ပေးမည်။ သူမျိုသောအရာတို့ကို တစ်ဖန် အန်စေမည်။ လူအမျိုးမျိုးတို့သည် နောက်တစ်ဖန် သူ့ထံမှာ မစည်းဝေးရကြ။ မြို့ရိုးလည်း ပြိုလဲလျက်ရှိရလိမ့်မည်။
ထိုသူအပေါင်းတို့သည် သူတစ်ဖက်၌ ပုံစကားနှင့် ကဲ့ရဲ့သော နိမိတ်စကားကို သုံးဆောင်လျက်၊ ကိုယ်မပိုင်သော ဥစ္စာကို ဆည်းပူးသောသူသည် အမင်္ဂလာရှိ၏။ အဘယ်မျှကာလပတ်လုံး ကိုယ်အပေါ်မှာ ကြွေးများကို တင်စေပါလိမ့်မည်နည်းဟု မြွက်ဆိုကြမည် မဟုတ်လော။