Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယောဘဝတ္တု။ 15:14

Judson Bible

လူ​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်၍ သန့်​ရှင်း​နိုင်​သ​နည်း။ မိန်း​မ​ဖွား​သော​သူ​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်၍ ဖြောင့်​မတ်​နိုင်​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

မ​ပြစ်​မှား​တတ်​သော လူ​တစ်​ယောက်​မျှ​မ​ရှိ​သည် ဖြစ်၍၊ ကိုယ်​တော်၏​လူ​တို့​သည် ကိုယ်​တော်​ကို​ပြစ်​မှား​သော​ကြောင့်၊ အ​မျက်​တော်​ထွက်၍ ရန်​သူ​လက်​သို့ အပ်​တော်​မူ​သ​ဖြင့်၊ ရန်​သူ​တို့​သည် ဝေး​သော​ပြည်၊ နီး​သော​ပြည်၊ အ​ခြား​တစ်​ပါး​သော​ပြည်​သို့ သိမ်း​သွား​လျှင်​လည်း​ကောင်း၊

မ​ပြစ်​မှား​တတ်​သော​သူ တစ်​ယောက်​မျှ​မ​ရှိ​သည် ဖြစ်၍၊ ကိုယ်​တော်၏​လူ​တို့​သည် ကိုယ်​တော်​ကို ပြစ်​မှား​သော​ကြောင့်၊ အ​မျက်​တော်​ထွက်၍ ရန်​သူ​လက်​သို့ အပ်​တော်​မူ​သ​ဖြင့်၊ ရန်​သူ​တို့​သည် ဝေး​သော​ပြည်၊ နီး​သော​ပြည်၊ အ​ခြား​တစ်​ပါး​သော ပြည်​သို့ သိမ်း​သွား​လျှင်​လည်း​ကောင်း၊

လူ​သည် မိန်း​မ​ဖွား​သော​သူ ဖြစ်​သ​ဖြင့်၊ အ​သက်​တို၍ ဒု​က္ခ​နှင့်​ပြည့်​စုံ​ပါ၏။

မ​သန့်​ရှင်း​သော​အ​ရာ​ထဲ​က သန့်​ရှင်း​သော​အ​ရာ​ကို အ​ဘယ်​သူ ထုတ်​ဖော်​နိုင်​သ​နည်း။ အ​ဘယ်​သူ​မျှ မ​ထုတ်​မ​ဖော်​နိုင်​ပါ။

သင်၏​စိတ်​သ​ဘော​သည် ဘု​ရား​သ​ခင်​နှင့် ဆန့်​ကျင်​ဘက်​ဖြစ်၍၊ နှုတ်​နှင့်​ပြစ်​မှား​ပေ၏။

မှန်​ပါ၏။ ထို​စ​ကား​မှန်​ကြောင်း​ကို ငါ​သိ၏။ သို့​သော်​လည်း လူ​သည် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​ဘယ်​သို့​ဖြောင့်​မတ်​ရာ​သို့ ရောက်​နိုင်​သ​နည်း။

နား​လည်​သော​သူ၊ ဘု​ရား​သ​ခင်​ကို​ရှာ​သော​သူ တစ်​စုံ​တစ်​ယောက်​ရှိ​သည် မ​ရှိ​သည်​ကို​သိ​မြင်​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​ကင်​ပေါ်​က လူ​သား​တို့​ကို ငုံ့​၍​ကြည့်​ရှု​တော်​မူ​၏။

လူ​အ​ပေါင်း​တို့​သည် လမ်း​လွဲ​ကြ​ပြီ။ တ​ညီ​တ​ညွတ်​တည်း ဆွေး​မြေ့​ယို​ယွင်း​ခြင်း​ရှိ​ကြ​၏။ ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ​မ​ရှိ။ တစ်​ယောက်​မျှ​မ​ရှိ။

ကိုယ်​တော်၏​ကျွန်​နှင့် တ​ရား​တွေ့​တော်​မ​မူ​ပါ​နှင့်။ အ​သက်​ရှင်​သော​သူ​မည်​သည်​ကား၊ ရှေ့​တော်၌ အ​ပြစ်​ကင်း​စင်​ရာ​သို့ မ​ရောက်​ရ​ပါ။

အ​ကျွန်ုပ်​သည် မွေး​စ​က​ပင် အ​ပြစ်​ပါ​လျက်​ရှိ၏။ အ​မိ​ဝမ်း​ထဲ​မှာ ပ​ဋိ​သ​န္ဓေ​ယူ​စဉ်​ပင် အ​ပြစ်​စွဲ​ပါ၏။

ငါ​သည် ကိုယ်​စိတ်​နှ​လုံး​ကို စင်​ကြယ်​စေ​ပြီ။ အ​ပြစ်​နှင့် ကင်း​လွတ်၏​ဟု အ​ဘယ်​သူ​ဆို​နိုင်​သ​နည်း။

အ​ပြစ်​မ​ပါ​ဘဲ ကောင်း​သော​အ​ကျင့်​ကို​ကျင့်​သော သူ​တော်​ကောင်း​တစ်​စုံ​တစ်​ယောက်​မျှ မြေ​ကြီး​ပေါ်​မှာ မ​ရှိ။

ငါ​တွေ့​သော​အ​ရာ​တစ်​ခု​တည်း​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် လူ​ကို​ဖြောင့်​မတ်​အောင် ဖန်​ဆင်း​တော်​မူ​သော်​လည်း၊ လူ​တို့​သည် များ​ပြား​သော အ​ကြံ​အ​စည်​တို့​ကို ရှာ​ဖွေ​ကြံ​စည်​ကြ​ပြီ။

ဇာ​တိ​ပ​က​တိ​မွေး​သော​အ​ရာ​သည် ဇာ​တိ​ပ​က​တိ​ဖြစ်၏။ ဝိ​ညာဉ်​တော်​မွေး​သော​အ​ရာ​သည် ဝိ​ညာဉ်​ဖြစ်၏။-

ငါ့​အ​ထဲ​မှာ ငါ့​ဇာ​တိ​ပ​က​တိ၌ ကောင်း​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ မ​တည်​သည်​ကို ငါ​သိ၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ကျင့်​ချင်​သော စိတ်​ရှိ​သော်​လည်း၊ ကောင်း​စွာ​ကျင့်​တတ်​သော​အ​ခွင့်​ကို ရှာ၍​မ​တွေ့​နိုင်။-

ယ​ခု​မူ​ကား၊ ယုံ​ကြည်​သော​သူ​တို့​သည် ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​ခြင်း​နှင့် စပ်​ဆိုင်​သော က​တိ​တော်​ကို ရ​မည်​အ​ကြောင်း ကျမ်း​စာ​သည် လူ​အ​ပေါင်း​တို့​ကို အ​ပြစ်၌​ချုပ်​ထား၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ