Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 14:12

Judson Bible

လူ​သည်​အိပ်​ပြီး​မှ နောက်​တစ်​ဖန် မ​ထ​ရ။ မိုး​ကောင်း​ကင် မ​ကုန်​မ​ဆုံး​မီ​တိုင်​အောင် မ​နိုး​ရ။ အ​အိပ်​အ​ပျော် မ​ပျက်​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

26 ပူးပေါင်းရင်းမြစ်များ  

ထို​သို့​မ​ပြု​လျှင် ငါ​သည်​အိပ်၍ ငြိမ်း​ပြီ။ ပျော်​လျက်​နေ​ရ​ပြီ။

သေ​ခြင်း​သို့​လည်း​ကောင်း၊ အ​သက်​ရှင်​သော​သူ​ခပ်​သိမ်း​တို့​အ​ဖို့ စီ​ရင်​သော​နေ​ရာ​သို့​လည်း​ကောင်း၊ အ​ကျွန်ုပ်​ကို ပို့​ဆောင်​တော်​မူ​မည်​ဟု အ​ကျွန်ုပ်​သိ​ပါ၏။

အ​ကျွန်ုပ်​ပြစ်​မှား​ခြင်း​ကို အ​ဘယ်​ကြောင့် သည်း​ခံ​တော်​မ​မူ​သ​နည်း။ အ​ကျွန်ုပ်​အ​ပြစ်​ကို အ​ဘယ်​ကြောင့် ဖြေ​ရှင်း​တော်​မ​မူ​သ​နည်း။ ယ​ခု​မှာ အ​ကျွန်ုပ်​သည် မြေ​မှုန့်၌​အိပ်​ရ​ပါ​မည်။ ကိုယ်​တော်​သည် နံ​နက်​အ​ချိန်၌ ရှာ​တော်​မူ​သော​အ​ခါ၊ အ​ကျွန်ုပ်​မ​ရှိ​ပါ​ဟု မြွက်​ဆို၏။

မိုး​တိမ်​သည် ပြယ်​ပျောက် ကွယ်​လွင့်​သ​ကဲ့​သို့၊ သင်္ချိုင်း​တွင်း​ထဲ​သို့ ဆင်း​သော​သူ​သည် နောက်​တစ်​ဖန် မ​တက်​ရ။

ထို​အ​ရာ​တို့​သည် ပျက်​စီး​ခြင်း​သို့​ရောက်​သော်​လည်း ကိုယ်​တော်​သည် အ​မြဲ​တည်​တော်​မူ၏။ ထို​အ​ရာ​ရှိ​သ​မျှ​တို့​သည် အ​ဝတ်​ကဲ့​သို့ ဟောင်း​နွမ်း​ခြင်း​သို့​ရောက်၍၊ ကိုယ်​တော်​သည် ဝတ်​လုံ​ကို​လဲ​သ​ကဲ့​သို့ လဲ​တော်​မူ​သ​ဖြင့်၊ ပြောင်း​လဲ​ခြင်း​ရှိ​ကြ​သော်​လည်း၊

လူ​တို့​ကို လွှမ်း​မိုး​တိုက်​သွား​တော်​မူ၏။ သူ​တို့​သည် အိပ်​ပျော်​ခြင်း​ကဲ့​သို့ ဖြစ်​ကြ​ပါ၏။ လူ​သည် မြက်​ပင်​ကဲ့​သို့ နံ​နက်​အ​ချိန်၌ တိုး​ပွား​တတ်​ပါ၏။

သို့​ရာ​တွင်၊ လူ​သည် အ​သက်​တာ​ရှည်၍ အ​စဉ်​ရွှင်​လန်း​သော်​လည်း၊ မှောင်​မိုက်​ကာ​လ​ကို အောက်​မေ့​ပါ​စေ။ ထို​ကာ​လ ကြာ​မြင့်​လိမ့်​မည်။ ဖြစ်​လ​တ္တံ့​သ​မျှ​တို့​သည် အ​န​တ္တ​သက်​သက်​ဖြစ်​ကြ၏။

ထို​ကာ​လ၌ မြင့်​သော​အ​ရာ​တို့​ကို ကြောက်​ကြ​လိမ့်​မည်။ လမ်း၌​ဘေး​တွေ့​မည်​ဟု ထင်​ကြ​လိမ့်​မည်။ ဗာ​တံ​ပင်​ပွင့်​လိမ့်​မည်။ ကျိုင်း​ကောင်​သည် မိ​မိ၌ မိ​မိ​လေး​လိမ့်​မည်။ အ​လို​ဆ​န္ဒ​လျော့​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ လူ​သည် ထာ​ဝ​ရ​နေ​ရာ​သို့ သွား​ဆဲ​ရှိ၍၊ ငို​ခြင်း​သည်​တို့​သည် လမ်း​တို့၌ လှည့်​လည်​ကြ၏။

ကိုယ်​တော်၏ လူ​သေ​တို့​သည် အ​သက်​ရှင်​ကြ​ပါ​လိမ့်​မည်။ ငါ၏​အ​သေ​ကောင်​တို့​သည်​လည်း ထ​မြောက်​ကြ​ပါ​လိမ့်​မည်။ မြေ​မှုန့်၌​နေ​သော သူ​တို့၊ နိုး၍ သီ​ချင်း​ဆို​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်၏​နှင်း​သည် မြက်​ပင်​တို့​ကို​ပေါက်​စေ​သော နှင်း​ကဲ့​သို့​ဖြစ်၍၊ မြေ​သည်​လည်း မိ​မိ​သင်္ချိုင်း​သား​တို့​ကို ထုတ်​ဖော်​ရ​ပါ​လိမ့်​မည်။

မိုး​ကောင်း​ကင်​ကို မျှော်၍ ကြည့်​ကြ​လော့။ မြေ​ကြီး​ကို​လည်း ငုံ့၍ ကြည့်​ကြ​လော့။ မိုး​ကောင်း​ကင်​သည် မီး​ခိုး​ကဲ့​သို့ ကွယ်​ပျောက်၍၊ မြေ​ကြီး​သည် အ​ဝတ်​ကဲ့​သို့ ဟောင်း​နွမ်း​လိမ့်​မည်။ မြေ​ကြီး​သား​တို့​သည် ခြင်​ကောင်​ကဲ့​သို့ သေ​ကြ​လိမ့်​မည်။ ငါ၏​ကယ်​တင်​ခြင်း​တ​ရား​မူ​ကား အ​စဉ်​အ​မြဲ​တည်​လိမ့်​မည်။ ငါ၏​ဖြောင့်​မတ်​ခြင်း​တ​ရား​လည်း ပ​ပျောက်​ခြင်း မ​ရှိ​နိုင်​ရာ။

ကြည့်​ရှု​လော့။ မိုး​ကောင်း​ကင်​သစ်​နှင့် မြေ​ကြီး​သစ်​ကို ငါ​ဖန်​ဆင်း​မည်။ အ​ရင်​မိုး​ကောင်း​ကင်​နှင့် မြေ​ကြီး​ကို မ​အောက်​မေ့​ရ။ နှ​လုံး​မ​မှတ်​မိ​ရ။

ငါ​ဖန်​ဆင်း​သော ကောင်း​ကင်​သစ်​နှင့် မြေ​ကြီး​သစ်​သည် ငါ့​ရှေ့၌ တည်​သ​ကဲ့​သို့၊ သင်​တို့၏​အ​မျိုး​အ​နွယ်​နှင့် သင်​တို့၏ နာ​မ​သည်​လည်း တည်​ရ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထို​ကာ​လ​အ​ခါ မြေ​မှုန့်၌ အိပ်​ပျော်​သော​သူ​များ​တို့​သည် နိုး​ကြ​လိမ့်​မည်။ အ​ချို့​တို့​ကား၊ ထာ​ဝ​ရ အ​သက်​ရှင်​ခြင်း​နှင့်​လည်း​ကောင်း၊ အ​ချို့​တို့​ကား ရှက်​ကြောက်​ခြင်း၊ ထာ​ဝ​ရ​အ​သ​ရေ​ပျက်​ခြင်း​နှင့်​လည်း​ကောင်း နိုး​ကြ​လိမ့်​မည်။

ကောင်း​ကင်​နှင့် မြေ​ကြီး​မ​တည်​သော်​လည်း ငါ့​စ​ကား တည်​လိမ့်​မည်။-

က​မ္ဘာ​ဦး​မှ​စ၍ သန့်​ရှင်း​သော​ပ​ရော​ဖက် ဆ​ရာ​တော်​တို့​နှုတ်​ဖြင့် ဘု​ရား​သ​ခင်​ဗျာ​ဒိတ်​ထား​တော်​မူ​သော ထို​ကပ်​ကာ​လ၊ အ​လုံး​စုံ​သော​အ​ရာ​တို့​ကို အ​သစ်​ပြု​ပြင်​တော်​မူ​သော ကပ်​ကာ​လ​မ​ရောက်​မီ​တိုင်​အောင် ကောင်း​ကင်​ဘုံ​သည် ထို​ခ​ရစ်​တော်​ကို ခံ​ယူ​သိမ်း​ဆည်း​ရ​မည်။-

ဤ​လော​က​သည် အ​နိ​စ္စ​နိုင်​ငံ​သို့​အ​လို​လို လိုက်​သည်​မ​ဟုတ်။-

ထို​ကြောင့် အိပ်​ပျော်​သော​သူ​နိုး​လော့။ သေ​ခြင်း​မှ ထ​မြောက်​လော့။ သို့​ပြု​လျှင် ခ​ရစ်​တော်​သည် အ​လင်း​ကို သင့်​အား ပေး​တော်​မူ​မည်​ဟု ဆို​သ​တည်း။

ယ​ခု​ရှိ​သော မိုး​ကောင်း​ကင်​နှင့် မြေ​ကြီး​မူ​ကား၊ တ​ရား​ဆုံး​ဖြတ်၍ အ​ဓ​မ္မ​လူ​တို့​ကို ဖျက်​ဆီး​သော နေ့​ရက်​တိုင်​အောင်၊ ထို​နှုတ်​က​ပတ် တော်​အား​ဖြင့် သို​ထား​လျက်​ရှိ၍၊ မီး​ရှို့​ခြင်း​အ​ဖို့​အ​လို​ငှာ နေ​ရစ်​သ​တည်း။

တစ်​ဖန်​တုံ၊ ဖြူ​သော​ပ​လ္လင်​ကြီး​ကို​လည်း​ကောင်း၊ ပ​လ္လင်​ပေါ်​မှာ ထိုင်​တော်​မူ​သော​သူ​ကို​လည်း​ကောင်း ငါ​မြင်၏။ ကောင်း​ကင်​နှင့် မြေ​ကြီး​သည် မျက်​နှာ​တော်​ရှေ့​မှ ပြေး​လွင့်၍ သူ​တို့ နေ​စ​ရာ​အ​ရပ်​မ​ရှိ။-

ကောင်း​ကင်​သစ်​နှင့် မြေ​ကြီး​သစ်​ကို​လည်း ငါ​မြင်၏။ အ​ဘယ်​သို့​နည်း ဟူ​မူ​ကား၊ ရှေး​ကောင်း​ကင်​နှင့် ရှေး​မြေ​ကြီး​သည် ရွေ့​သွား​ကြ​ပြီ။ ထို​အ​ခါ​မှ​စ၍ သ​မု​ဒ္ဒ​ရာ​မ​ရှိ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ